• Follow Us on

Home ေတာင္တ႐ုတ္ပင္လယ္အတြင္း ဒုံးက်ည္ႏွစ္စင္းပစ္လႊတ္ၿပီး အေမရိကန္ကို တ႐ုတ္ သတိေပး

ေတာင္တ႐ုတ္ပင္လယ္အတြင္း ဒုံးက်ည္ႏွစ္စင္းပစ္လႊတ္ၿပီး အေမရိကန္ကို တ႐ုတ္ သတိေပး

Share this post

ႏိုင္ငံတကာ၊ ၾသဂုတ္ ၂၇

တ႐ုတ္ႏိုင္ငံက ေတာင္တ႐ုတ္ပင္လယ္အတြင္းသို႔ ဒုံးက်ည္ႏွစ္စင္း ပစ္လႊတ္ခဲ့ၿပီး အဆိုပါအျငင္းပြားနယ္ ေျမ၌ တင္းမာမႈမ်ား ျမင့္တက္ေနစဉ္ အေမရိကန္ႏိုင္ငံအား သတိေပးလိုက္ျခင္းျဖစ္သည္။

အေမရိကန္ႏိုင္ငံ၏ မပ်ံသန္းရဇုန္အတြင္း ေဝဟင္လႈပ္ရွားမႈမ်ား လုပ္ေဆာင္ျခင္းကို ဆန္႔က်င္ေသာအား ျဖင့္ တ႐ုတ္ႏိုင္ငံက က်င္ဟိုင္းျပည္နယ္မွ တာလတ္ဒုံးက်ည္တစ္စင္း၊ က်ဲက်န္းျပည္နယ္မွ တာလတ္ဒုံးက်ည္တစ္စင္း ယေန႔ ပစ္လႊတ္ခဲ့သည္။

တ႐ုတ္ႏိုင္ငံက အျပည္ျပည္ဆိုင္ရာဥပေဒကို အႀကိမ္ႀကိမ္ ခ်ိဳးေဖာက္ခဲ့ေၾကာင္း အေမရိကန္ ကာကြယ္ ေရးဝန္ႀကီး မတ္ခ္အက္စပါက ေျပာၾကားလိုက္သည္။

ဒုံးက်ည္ႏွစ္စင္းကို ဟိုင္နယ္ျပည္နယ္ႏွင့္ အျငင္းပြား ပါရာဆယ္ကြၽန္းစုၾကား ဧရိယာတစ္ခုသို႔ ဦးတည္ပစ္ ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း အမည္မေဖာ္လိုသည့္ သတင္းရင္းျမစ္တစ္ခုကို ကိုးကား၍ ေဟာင္ေကာင္အေျခစိုက္ The South China Morning Post သတင္းစာက ေဖာ္ျပခဲ့သည္။

ဘိုဟိုင္းပင္လယ္ျပင္အတြင္း တ႐ုတ္တပ္မေတာ္က က်ည္အစစ္ျဖင့္ စစ္ေရးေလ့က်င့္မႈတစ္ရပ္ လုပ္ ေဆာင္ေနခ်ိန္ ခြင့္ျပဳခ်က္မရွိဘဲ မပ်ံသန္းရဇုန္အတြင္း အေမရိကန္သူလွ်ိဳေလယာဉ္တစ္စင္း ဝင္ေရာက္ခဲ့သည္ဟု အဆိုပါသတင္းစာက ဆိုသည္။

အေမရိကန္တို႔၏လုပ္ေဆာင္ခ်က္က တ႐ုတ္ႏိုင္ငံ၏ စစ္ေရးေလ့က်င့္မႈမ်ား၊ ေလ့က်င့္ေရးလႈပ္ရွားမႈမ်ား ကို အေႏွာက္အယွက္ျဖစ္ေစခဲ့ဟု ၿဗိတိန္ဆိုင္ရာ တ႐ုတ္ႏိုင္ငံ သံအမတ္ႀကီး လ်ဴေရွာင္မင္က ေျပာၾကားခဲ့သည္။

သူလွ်ိဳေလယာဉ္ ခြင့္ျပဳခ်က္မရွိဘဲ ပ်ံသန္းလာမႈက ရန္စေသာအျပဳအမူမ်ားျဖစ္ေၾကာင္း တ႐ုတ္ ႏိုင္ငံျခား ေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ ေက်ာင္လီက်န္းက ေျပာၾကားခဲ့ၿပီး ထိုသို႔မျပဳလုပ္ရန္ သတိေပးလိုက္သည္။

တ႐ုတ္ႏိုင္ငံ ပစ္လႊတ္ခဲ့ေသာ ဒုံးက်ည္မ်ားက သမား႐ိုးက်ထိပ္ဖူး သို႔မဟုတ္ ႏ်ဴကလီးယားထိပ္ဖူး သယ္ ေဆာင္ႏိုင္ၿပီး ေျမျပင္ ေရျပင္ပစ္မွတ္မ်ားကို တိက်စြာ ပစ္ခတ္ႏိုင္စြမ္းရွိေၾကာင္း တ႐ုတ္ ကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးႀကီး ဝူက်င္းက ေျပာၾကားခဲ့သည္။

ကိုးကား – အယ္လ္ဂ်ာဇီးယား

Ref; China fires ‘aircraft-carrier killer’ missile in warning to US

#PeopleMedia

(unicode)
တောင်တရုတ်ပင်လယ်အတွင်း ဒုံးကျည်နှစ်စင်းပစ်လွှတ်ပြီး အမေရိကန်ကို တရုတ် သတိပေး
……………………………………………………

နိုင်ငံတကာ၊ ဩဂုတ် ၂၇

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းသို့ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ပြီး အဆိုပါအငြင်းပွားနယ် မြေ၌ တင်းမာမှုများ မြင့်တက်နေစဉ် အမေရိကန်နိုင်ငံအား သတိပေးလိုက်ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ၏ မပျံသန်းရဇုန်အတွင်း ဝေဟင်လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းကို ဆန့်ကျင်သောအား ဖြင့် တရုတ်နိုင်ငံက ကျင်ဟိုင်းပြည်နယ်မှ တာလတ်ဒုံးကျည်တစ်စင်း၊ ကျဲကျန်းပြည်နယ်မှ တာလတ်ဒုံးကျည်တစ်စင်း ယနေ့ ပစ်လွှတ်ခဲ့သည်။

တရုတ်နိုင်ငံက အပြည်ပြည်ဆိုင်ရာဥပဒေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း အမေရိကန် ကာကွယ် ရေးဝန်ကြီး မတ်ခ်အက်စပါက ပြောကြားလိုက်သည်။

ဒုံးကျည်နှစ်စင်းကို ဟိုင်နယ်ပြည်နယ်နှင့် အငြင်းပွား ပါရာဆယ်ကျွန်းစုကြား ဧရိယာတစ်ခုသို့ ဦးတည်ပစ် ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ဟောင်ကောင်အခြေစိုက် The South China Morning Post သတင်းစာက ဖော်ပြခဲ့သည်။

ဘိုဟိုင်းပင်လယ်ပြင်အတွင်း တရုတ်တပ်မတော်က ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုတစ်ရပ် လုပ် ဆောင်နေချိန် ခွင့်ပြုချက်မရှိဘဲ မပျံသန်းရဇုန်အတွင်း အမေရိကန်သူလျှိုလေယာဉ်တစ်စင်း ဝင်ရောက်ခဲ့သည်ဟု အဆိုပါသတင်းစာက ဆိုသည်။

အမေရိကန်တို့၏လုပ်ဆောင်ချက်က တရုတ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုများ၊ လေ့ကျင့်ရေးလှုပ်ရှားမှုများ ကို အနှောက်အယှက်ဖြစ်စေခဲ့ဟု ဗြိတိန်ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး လျူရှောင်မင်က ပြောကြားခဲ့သည်။

သူလျှိုလေယာဉ် ခွင့်ပြုချက်မရှိဘဲ ပျံသန်းလာမှုက ရန်စသောအပြုအမူများဖြစ်ကြောင်း တရုတ် နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက ပြောကြားခဲ့ပြီး ထိုသို့မပြုလုပ်ရန် သတိပေးလိုက်သည်။

တရုတ်နိုင်ငံ ပစ်လွှတ်ခဲ့သော ဒုံးကျည်များက သမားရိုးကျထိပ်ဖူး သို့မဟုတ် နျူကလီးယားထိပ်ဖူး သယ် ဆောင်နိုင်ပြီး မြေပြင် ရေပြင်ပစ်မှတ်များကို တိကျစွာ ပစ်ခတ်နိုင်စွမ်းရှိကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝူကျင်းက ပြောကြားခဲ့သည်။

ကိုးကား – အယ်လ်ဂျာဇီးယား

Ref; China fires ‘aircraft-carrier killer’ missile in warning to US

#PeopleMedia


Share this post