• Follow Us on

Home ေတာင္တ႐ုတ္ပင္လယ္အတြင္း ေဟာင္ေကာင္ၿမိဳ႕ေစာင့္တပ္ဖြဲ႕ ေရတပ္ေ လ့က်င့္မႈ ျပဳလုပ္

ေတာင္တ႐ုတ္ပင္လယ္အတြင္း ေဟာင္ေကာင္ၿမိဳ႕ေစာင့္တပ္ဖြဲ႕ ေရတပ္ေ လ့က်င့္မႈ ျပဳလုပ္

Share this post

ႏိုင္ငံတကာ၊ ၾသဂုတ္ ၁၈

တ႐ုတ္ျပည္သူ့လြတ္ေျမာက္ေရးတပ္မေတာ္ ေဟာင္ေကာင္ၿမိဳ႕ေစာင့္တပ္ဖြဲ႕က ေတာင္တ႐ုတ္ပင္လယ္အ တြင္း ေရတပ္ဆိုင္ရာစစ္ေရးေလ့က်င့္မႈကို Type 056 ေဟြ႕က်ိဳး ေကာ္ဗက္ယာဉ္ျဖင့္ ျပဳလုပ္ပုံကိုျပသသည့္ ႐ုပ္သံ ဖိုင္တစ္ခု ယမန္ေန႔က လူမႈကြန္ရက္၌ တင္ခဲ့သည္။

ေလ့က်င့္မႈတြင္ ဗုံးမ်ား အမွန္တစ္ကယ္ပစ္ခတ္ျခင္း၊ အေျမာက္ပစ္ခတ္ျခင္း၊ အေပါ႔စားလက္နက္မ်ား ပစ္ ခတ္ျခင္း၊ ရဟတ္ယာဉ္ဆင္းသက္မႈေလ့က်င့္ျခင္းႏွင့္ အေရးေပၚအသက္ကယ္ဆယ္မႈေလ့က်င့္ခန္းတို႔ ပါဝင္ ေၾကာင္း ေဟာင္ေကာင္ၿမိဳ႕ေစာင့္တပ္ဖြဲ႕က ေဝဘိုအေကာင့္၌ ရွင္းျပခဲ့သည္။

ေရေအာက္ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ စစ္ေရးေလ့က်င့္မႈျပဳလုပ္ရျခင္းျဖစ္ၿပီး ေရငုပ္သေဘၤာေလ့က်င့္မႈက ပင္လယ္ျပင္အတြင္း ရန္သူ့ေရငုပ္သေဘၤာတစ္စင္းအား ရွာေဖြ ဖ်က္ဆီးျခင္းျဖစ္သည္။

ေလ့က်င့္မႈက အဖြဲ႕အစည္းႏွင့္ ကြပ္ကဲမႈဌာနအသီးသီးရွိ တပ္မွဴးမ်ား၏စြမ္းရည္၊ နည္းပရိယာယ္အသုံးခ် မႈ၊ ညႇိႏႈိင္းေဆာင္ရြက္မႈကို စမ္းသပ္ယုံသာမက အရာရွိမ်ား၊ တပ္ဖြဲ႕မ်ား၏ စစ္ဆင္ေရးစြမ္းရည္ တိုးတက္ေစခဲ့ဟု ေဟာင္ေကာင္ၿမိဳ႕ေစာင့္တပ္ဖြဲ႕က ဆိုသည္။

Type 056 ေဟြ႕က်ိဳး ေကာ္ဗက္ယာဉ္မွာ တ႐ုတ္ႏိုင္ငံကထုတ္လုပ္သည့္ မ်ိဳးဆက္သစ္ အေပါ႔စား ဒုံးက်ည္ တပ္ ဖရီးဂိတ္ေရယာဉ္ျဖစ္သည္။ အဆိုပါေရယာဉ္မွာ အလ်ား မီတာ ၉၀၊ အနံ ၁၁ မီတာရွိၿပီး ေဟာင္ေကာင္ရွိ ဝိတိုရိယဆိပ္ကမ္း၌ ဆိုက္ကပ္ထားသည္။

ေဟာင္ေကာင္အား တ႐ုတ္ျပည္မႀကီးသို႔ ျပန္လည္ေပးအပ္သည့္ ၁၆ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ ၂၀၁၃ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္တြင္ Type 056 ေဟြ႕က်ိဳး ေကာ္ဗက္ယာဉ္အား ေရခ်ခဲ့သည္။

ေဟာင္ေကာင္ၿမိဳ႕ေစာင့္တပ္ဖြဲ႕၌ စစ္ဘက္စခန္း ၁၄ ခုရွိၿပီး ေရတပ္အေျခစိုက္စခန္းက စတုန္းကပ္တာ ကြၽန္း၌ တည္ရွိသည္။

ကိုးကား – ဂလိုဘယ္တိုင္းမ္

Ref; PLA HK Garrison conducts multi-subject maritime military training in S.China Sea

#PeopleMedia

(unicode)
တောင်တရုတ်ပင်လယ်အတွင်း ဟောင်ကောင်မြို့စောင့်တပ်ဖွဲ့ ရေတပ် ေလ့ကျင့်မှု ပြုလုပ်
…………………………………………………

နိုင်ငံတကာ၊ ဩဂုတ် ၁၈

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဟောင်ကောင်မြို့စောင့်တပ်ဖွဲ့က တောင်တရုတ်ပင်လယ်အ တွင်း ရေတပ်ဆိုင်ရာစစ်ရေးလေ့ကျင့်မှုကို Type 056 ဟွေ့ကျိုး ကော်ဗက်ယာဉ်ဖြင့် ပြုလုပ်ပုံကိုပြသသည့် ရုပ်သံ ဖိုင်တစ်ခု ယမန်နေ့က လူမှုကွန်ရက်၌ တင်ခဲ့သည်။

လေ့ကျင့်မှုတွင် ဗုံးများ အမှန်တစ်ကယ်ပစ်ခတ်ခြင်း၊ အမြောက်ပစ်ခတ်ခြင်း၊ အပေါ့စားလက်နက်များ ပစ် ခတ်ခြင်း၊ ရဟတ်ယာဉ်ဆင်းသက်မှုလေ့ကျင့်ခြင်းနှင့် အရေးပေါ်အသက်ကယ်ဆယ်မှုလေ့ကျင့်ခန်းတို့ ပါဝင် ကြောင်း ဟောင်ကောင်မြို့စောင့်တပ်ဖွဲ့က ဝေဘိုအကောင့်၌ ရှင်းပြခဲ့သည်။

ရေအောက်ခြိမ်းခြောက်မှုများကြောင့် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရခြင်းဖြစ်ပြီး ရေငုပ်သင်္ဘောလေ့ကျင့်မှုက ပင်လယ်ပြင်အတွင်း ရန်သူ့ရေငုပ်သင်္ဘောတစ်စင်းအား ရှာဖွေ ဖျက်ဆီးခြင်းဖြစ်သည်။

လေ့ကျင့်မှုက အဖွဲ့အစည်းနှင့် ကွပ်ကဲမှုဌာနအသီးသီးရှိ တပ်မှူးများ၏စွမ်းရည်၊ နည်းပရိယာယ်အသုံးချ မှု၊ ညှိနှိုင်းဆောင်ရွက်မှုကို စမ်းသပ်ယုံသာမက အရာရှိများ၊ တပ်ဖွဲ့များ၏ စစ်ဆင်ရေးစွမ်းရည် တိုးတက်စေခဲ့ဟု ဟောင်ကောင်မြို့စောင့်တပ်ဖွဲ့က ဆိုသည်။

Type 056 ဟွေ့ကျိုး ကော်ဗက်ယာဉ်မှာ တရုတ်နိုင်ငံကထုတ်လုပ်သည့် မျိုးဆက်သစ် အပေါ့စား ဒုံးကျည် တပ် ဖရီးဂိတ်ရေယာဉ်ဖြစ်သည်။ အဆိုပါရေယာဉ်မှာ အလျား မီတာ ၉၀၊ အနံ ၁၁ မီတာရှိပြီး ဟောင်ကောင်ရှိ ဝိတိုရိယဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည်။

ဟောင်ကောင်အား တရုတ်ပြည်မကြီးသို့ ပြန်လည်ပေးအပ်သည့် ၁၆ နှစ်မြောက် နှစ်ပတ်လည်နေ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်တွင် Type 056 ဟွေ့ကျိုး ကော်ဗက်ယာဉ်အား ရေချခဲ့သည်။

ဟောင်ကောင်မြို့စောင့်တပ်ဖွဲ့၌ စစ်ဘက်စခန်း ၁၄ ခုရှိပြီး ရေတပ်အခြေစိုက်စခန်းက စတုန်းကပ်တာ ကျွန်း၌ တည်ရှိသည်။

ကိုးကား – ဂလိုဘယ်တိုင်းမ်

Ref; PLA HK Garrison conducts multi-subject maritime military training in S.China Sea

#PeopleMedia


Share this post