• Follow Us on

Home ေတာင္တ႐ုတ္ပင္လယ္အေရး တ႐ုတ္ႏိုင္ငံ၏ေျပာဆိုခ်က္မ်ား ဥပေဒႏွင့္ မညီဟု အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးသတ္မွတ္

ေတာင္တ႐ုတ္ပင္လယ္အေရး တ႐ုတ္ႏိုင္ငံ၏ေျပာဆိုခ်က္မ်ား ဥပေဒႏွင့္ မညီဟု အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးသတ္မွတ္

Share this post

ဝါ႐ွင္တန္ဒီစီ၊ ဇူလိုင္ ၁၄

ပိုင္နက္အျငင္းပြားေနသည့္ေတာင္တ႐ုတ္ပင္လယ္တြင္ တ႐ုတ္ႏိုင္ငံ၏ သဘာ၀ရင္းျမစ္မ်ားေနာက္လိုက္သည့္လုပ္ရပ္ကို တရားမ၀င္ဟု အေမရိကန္က သတ္မွတ္မည္ဟု အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးမိုက္ပြန္ပီယိုက ဇူလိုင္ ၁၃ ရက္တြင္ေျပာၿပီး ပိုင္နက္အျငင္းပြားမႈတြင္ပါ၀င္ေနသည့္ အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံမ်ားဘက္မွရပ္တည္သည္။

ႏို၀င္ဘာေ႐ြးေကာက္ပြဲမတိုင္ခင္ ရန္သူဟု တ႐ုတ္ႏိုင္ငံကိုေျပာေနသည့္ အေမရိကန္သမၼတေဒၚနယ္ ထရမ့္အစိုးရ၏ တ႐ုတ္ ႏိုင္ငံအေပၚေနာက္ဆံုးစိန္ေခၚမႈျဖစ္သည္။

ေရနံႏွင့္သဘာ၀ဓာတ္ေငြ႕သိုက္႐ွိရာလည္းျဖစ္၊ ကမာၻ႔စီးပြားေရးအတြက္ အေရးႀကီး သည့္ေရေၾကာင္းလမ္းလည္းျဖစ္သည့္ ေတာင္တ႐ုတ္ပင္လယ္အေရး တ႐ုတ္၏ေျပာဆိုမႈမ်ားကို အေမရိကန္က အခ်ိန္ၾကာျမင့္စြာဆန္႔က်င္ေနသည္။

တစ္ဦးတစ္ေယာက္ခ်င္းစီ၏အေျပာမ်ားအတြက္ တစ္ဖက္ဖက္မွရပ္တည္မည္မဟုတ္ဟု အေမရိကန္က ႏွစ္ေပါင္းမ်ားစြာေျပာ ထားၿပီးေနာက္ ပြန္ပီယို၏ယခုမွတ္ခ်က္သည္ ဖိလစ္ပိုင္ႏွင့္ဗီယက္နမ္အပါအ၀င္ အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံမ်ားႏွင့္ ရပ္တည္ေန ေၾကာင္း ျပတ္ျပတ္သားသားေဖာ္ျပေနျခင္းျဖစ္သည္။

ေတာင္တ႐ုတ္ပင္လယ္တြင္ စစ္ေရးေလ့က်င့္မႈလုပ္ေနျခင္းသည္ တ႐ုတ္ႏိုင္ငံ၏ပိုင္နက္အခ်ဳပ္အျခာအာဏာတည္ရာအတြင္း လုပ္ေဆာင္ေနျခင္းဟု ယခုလအေစာပိုင္းက အေမရိကန္၏ေ၀ဖန္မႈကို တ႐ုတ္ႏိုင္ငံက ခုခံေျပာဆိုခဲ့သည္။

ပြန္ပီယို၏ ေျပာဆို ခ်က္ကို တ႐ုတ္ႏိုင္ငံက ျပင္းျပင္းထန္ထန္ဆန္႔က်င္ေၾကာင္း အဂၤါေန႔တြင္ ထုတ္ေျပာခဲ့ၿပီး အိမ္နီးခ်င္း ႏိုင္ငံမ်ားကို အႏိုင္က်င့္ေနသည္ဟု အေမရိကန္က စြပ္စြဲေျပာဆိုျခင္းသည္ တရားနည္းလမ္းမက်ဟု အေမရိကန္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ံုးက ထုတ္ျပန္ပါတယ္။

Ref : US brands China’s claims in South China Sea as ‘completely unlawful’

#PeopleMedia

(unicode)
တောင်တရုတ်ပင်လယ်အရေး တရုတ်နိုင်ငံ၏ပြောဆိုချက်များ ဥပဒေနှင့် မညီဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသတ်မှတ်
………………………………………………………

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၁၄

ပိုင်နက်အငြင်းပွားနေသည့်တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ သဘာဝရင်းမြစ်များနောက်လိုက်သည့်လုပ်ရပ်ကို တရားမဝင်ဟု အမေရိကန်က သတ်မှတ်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယိုက ဇူလိုင် ၁၃ ရက်တွင်ပြောပြီး ပိုင်နက်အငြင်းပွားမှုတွင်ပါဝင်နေသည့် အရှေ့တောင်အာရှနိုင်ငံများဘက်မှရပ်တည်သည်။

နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် ရန်သူဟု တရုတ်နိုင်ငံကိုပြောနေသည့် အမေရိကန်သမ္မတဒေါ်နယ် ထရမ့်အစိုးရ၏ တရုတ် နိုင်ငံအပေါ်နောက်ဆုံးစိန်ခေါ်မှုဖြစ်သည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်ရှိရာလည်းဖြစ်၊ ကမ္ဘာ့စီးပွားရေးအတွက် အရေးကြီး သည့်ရေကြောင်းလမ်းလည်းဖြစ်သည့် တောင်တရုတ်ပင်လယ်အရေး တရုတ်၏ပြောဆိုမှုများကို အမေရိကန်က အချိန်ကြာမြင့်စွာဆန့်ကျင်နေသည်။

တစ်ဦးတစ်ယောက်ချင်းစီ၏အပြောများအတွက် တစ်ဖက်ဖက်မှရပ်တည်မည်မဟုတ်ဟု အမေရိကန်က နှစ်ပေါင်းများစွာပြော ထားပြီးနောက် ပွန်ပီယို၏ယခုမှတ်ချက်သည် ဖိလစ်ပိုင်နှင့်ဗီယက်နမ်အပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် ရပ်တည်နေ ကြောင်း ပြတ်ပြတ်သားသားဖော်ပြနေခြင်းဖြစ်သည်။

တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုလုပ်နေခြင်းသည် တရုတ်နိုင်ငံ၏ပိုင်နက်အချုပ်အခြာအာဏာတည်ရာအတွင်း လုပ်ဆောင်နေခြင်းဟု ယခုလအစောပိုင်းက အမေရိကန်၏ဝေဖန်မှုကို တရုတ်နိုင်ငံက ခုခံပြောဆိုခဲ့သည်။

ပွန်ပီယို၏ ပြောဆို ချက်ကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြောခဲ့ပြီး အိမ်နီးချင်း နိုင်ငံများကို အနိုင်ကျင့်နေသည်ဟု အမေရိကန်က စွပ်စွဲပြောဆိုခြင်းသည် တရားနည်းလမ်းမကျဟု အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

Ref : US brands China’s claims in South China Sea as ‘completely unlawful’

#PeopleMedia


Share this post