• Follow Us on

Home တောင်တရုတ်ပင်လယ်အရေး တရုတ်တောင်းဆိုမှု ဥပဒေနှင့်မညီကြောင်း ကန်ဒုသမ္မတပြော

တောင်တရုတ်ပင်လယ်အရေး တရုတ်တောင်းဆိုမှု ဥပဒေနှင့်မညီကြောင်း ကန်ဒုသမ္မတပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၄ (People Media)

 

တောင်တရုတ်ပင်လယ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံသည် ဥပဒေနှင့်မညီသောတောင်းဆိုမှုများကိုတောင်းဆိုနေ ကြောင်းစွပ်စွဲပြောဆိုရင်း တရုတ်နိုင်ငံသည် အငြင်းပွားနယ်မြေတွင်း ဆက်လက်ခြိမ်းခြောက် အကျပ်ကိုင်နေ ကြောင်း အမေရိကန်ဒုတိယသမ္မတကမ်မလာဟားရစ်က သြဂုတ်လ ၂၄ ရက်နေ့ကပြောလိုက်သည်။

 

“တရုတ်နိုင်ငံဟာ ဆက်ပြီး အကျပ်ကိုင်၊ အနိုင်ကျင့်နေတယ်၊ တောင်တရုတ်ပင်လယ်ရဲ့ အဓိကနေရာတွေကို သူတို့ပိုင်တယ်ဆိုပြီး ဆက်ပြီးတော့တောင်းဆိုနေတာကို ကျွန်မတို့သိပါတယ်။” ဟု ဒုသမ္မတကမ်မလာဟားရစ် က စင်္ကာပူခရီးစဉ်အတွင်း ပြောသည်။ အမေရိကန်ဒုသမ္မတသည် စင်္ကာပူခရီးစဉ်ပြီးပါက ဗီယက်နမ်နိုင်ငံသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ ဒေသတွင်း အမေရိကန်အစိုးရကဆောင်ရွက်ပေးရန် ကတိကဝတ်ပြုထား သည့်များကို ထပ်လောင်းအတည်ပြုရန်နှင့် တောင်တရုတ်ပင်လယ် အငြင်းပွားနယ်မြေနှင့်ပတ်သက်၍ တရုတ် နိုင်ငံ၏တောင်းဆိုချက်များကြောင့် ဒေသတွင်းစိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဆောင်ရွက်ရန်အတွက် ဗီယက်နမ် သို့သွားရောက်မည်ဖြစ်သည်။

 

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏တောင်းဆိုမှုများကို ၂၀၁၆ ခုနှစ်က အနုညာတခုံရုံး ဖြင့် ပယ်ချခဲ့ပြီးနောက် တရုတ်နိုင်ငံသည် ဥပဒေအကျိုးသက်ရောက်မှုများလျော့ပါးလာစေရန် ဆက်လက် ဆောင်ရွက်လျက်ရှိပြီး အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေကြောင်း ဟားရစ်ကပြော သည်။

 

ဟိသ်မြို့တွင်ပြုလုပ်ခဲ့သည့် နိုင်ငံတကာအနုညာတခုံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံကပယ်ချခဲ့ပြီး နောက် တောင်တရုတ်ပင်လယ်တွင်းမှ ရေပိုင်နက်အများစုကို ၎င်း၏ပိုင်နက်ဖြစ်ကြောင်းပြောဆိုပြီး ပိုင်ဆိုင်မှု တောင်းဆိုခဲ့သည်။ တရုတ်နှင့်အပြိုင် ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်နိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေရာများကို ၎င်းတို့ပိုင်ဆိုင်ကြောင်းတောင်းဆိုနေကြသည်။ ဂက်စ် နှင့် ရေထွက်ပစ္စည်းများပေါကြွယ်ဝသည့်ပင်လယ်ပြင်တွင် တရုတ်နိုင်ငံက ကျွန်းအတုများဆောက်လုပ်ပြီး စစ်စ ခန်းများ တည်ဆောက်ထားခဲ့သည်။

 

အမေရိကန်ရေတပ်သည် တရုတ်နိုင်ငံ၏ရေပိုင်နက်တောင်းဆိုမှုများကို တန်ပြန်အင်အားပြသည့်အနေဖြင့် “ရေ ကြောင်းလွတ်လပ်ခွင့်” စစ်ဆင်ရေးအမည်ဖြင့် အငြင်းပွားရေပြင်ရှိကျွန်းများအနီးမှ ပုံမှန်ခုတ်မောင်းဖြတ်သန်း လေ့ရှိသည်။ အပြန်အလှန်အားဖြင့် အမေရိကန်၏လုပ်ရပ်သည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မည်သို့မျှ အထောက်အကူမပြုဟုပြောဆိုရင်း အမေရိကန်၏လုပ်ရပ်ကို တရုတ်ကဆန့်ကျင်ပယ်ချခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံအား အမျိုးသားလုံခြုံရေးမူဝါဒ၏ ဗဟိုချက်မအဖြစ် နှစ်ပေါင်းများစွာ ကြာအောင် တုံ့ပြန်ရင်ဆိုင်ခဲ့ပြီး တရုတ်နိုင်ငံသည် ဤရာစုနှစ်အတွင်း “အကြီးမားဆုံးသော ပထဝီနိုင်ငံရေးဆိုင် ရာစမ်းသပ်မှု” ဟု ဂျိုးဘိုင်ဒန်အစိုးရက ခေါ်ဆိုခဲ့သည်။ သို့သော် အမေရိကန်အစိုးရသည် ပြည်တွင်းပြဿနာ များကို အာရုံလွှဲရန်နှင့် တရုတ်နိုင်ငံကို ဖိနှိပ်ရန်အတွက် “စိတ်ကူးထဲကရန်သူ” ကို ဖန်တီးပုံဖော်နေကြောင်း တ ရုတ်သံတမန်များက လွန်ခဲ့သည့်လက စွပ်စွဲပြောဆိုခဲ့သည်။

 

ဒုသမ္မတဟားရစ်သည် တနင်္လာနေ့က စင်္ကာပူဝန်ကြီးချုပ် လီစန်လောင်း၊ စင်္ကာပူသမ္မတ ဟာလီမာယာကုတ်တို့ နှင့်တွေ့ဆုံခဲ့သည်။ အမေရိကန်ဒုသမ္မတ၏အရှေ့တောင်အာရှခရီးစဉ်မှာ ဒေသတွင်း စီးပွားရေးနှင့် လုံခြုံရေး ကဏ္ဍများတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုမြင့်မားလာမှုကို တန်ပြန်ရင်ဆိုင်ရေး ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့်ဆက်ဆံရေးမြှင့်တင်ရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။

 

Ref: China’s claim on South China Sea unlawful: US Vice President Kamala Harris

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 

Ref: China’s claim on South China Sea unlawful: US Vice President Kamala Harris

 

#PeopleMedia


Share this post