• Follow Us on

Home “တောင်ပံဘာတယ်ဗျ ဆံဖိုးမရှိလို့ခိုးသွားတာပါဗျာခွင့်လွှတ်ပေးပါဗျာ” ဟူသောစာတန်းနှင့် “စံပယ်ဆောင်ခွင့်လွှ တ်ပါဗျာ” မိုးညှင်းဒီဂရီကောလိပ်ရှိ အသုံးအဆောင်ပစ္စည်းများ ခိုးယူခံရ


Share this post

မိုးညှင်း၊ သြဂုတ် ၂၃

ကချင်ပြည်နယ် မိုးညှင်းမြို့ ရွာသစ်ကုန်းကျေးရွာအုပ်စု ထန်းတစ်ပင်ကျေးရွာရှိ မိုးညှင်းဒီဂရီကောလိပ်ကျောင်း စံပယ်ဆောင်အတွင်းထားရှိသော အသုံးအဆောင်ပစ္စည်း(၇)မျိုးခိုးယူခံရသဖြင့် မိုးညှင်းမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ထားကြောင်း သိရှိရသည်။

သြဂုတ်လ၂၁ ရက်နေ့ ညနေ(၅)နာရီအချိန် ခန့်တွင်မိုးညှင်းဒီဂရီကောလိပ် စံပယ်ဆောင်မှ အသုံးအဆောင်ပ စ္စည်းများပျောက်ဆုံးနေကြောင်း သိရသဖြင့် တာဝန်ရှိသူများက စစ်ဆေးရာ အဆောင်တွင်းရှိ ၄၀ လက်မ အရွယ်ရှိ SONY FLAT တီဗွီ(၁)လုံး(တန်ဘိုး ၃၅၀၀၀၀ ကျပ်)၊ Pro Audio တံဆိပ်ပါဆောင်းဘောက်နှင့် မိုက်တွဲလျက် (တန်ဘိုး၁၀၀၀၀၀ကျပ်)၊ VIDA အမျိုးအစား မြက်ရိတ်စက်(၁)လုံး (တန်ဘိုး ၁၂၀၀၀၀ ကျပ်)၊ ထိုင်းနိုင်ငံထုတ် ဒယ်နီ (၁)လုံး (တန်ဘိုး၃၀၀၀၀ကျပ်)၊ Hair Dryer (၂)ခု (တန်ဘိုး၃၀၀၀၀ကျပ်)၊ လျှပ်စစ် ရေနွေးအိုး(၂)လုံး (တန်ဘိုး ၆၀၀၀၀)၊ လျှပ်စစ်ကြက်ဥပြုပ်အိုး(၂)လုံး (တန်ဘိုး၁၀၀၀၀)၊ စုစုပေါင်း အသုံး အဆောင်ပစ္စည်း(၇)မျိုးဖြစ်ပြီး တန်ဘိုးငွေ စုစုဆပါင်း ၆၄၆၀၀၀ ရှိ ပစ္စည်းများ ပျောက်ဆုံးခဲ့ခြ င်းဖြစ်ကြောင်း သိရသည်။



မင်္ဂလာဦး


(unicode)
“တောင်ပံဘာတယ်ဗျ ဆံဖိုးမရှိလို့ခိုးသွားတာပါဗျာခွင့်လွှတ်ပေးပါဗျာ” ဟူသောစာတန်းနှင့် “စံပယ်ဆောင်ခွင့်လွှ တ်ပါဗျာ”

မိုးညှင်းဒီဂရီကောလိပ်ရှိ အသုံးအဆောင်ပစ္စည်းများ ခိုးယူခံရ
…………………………………………

မိုးညှင်း၊ သြဂုတ် ၂၃

ကချင်ပြည်နယ် မိုးညှင်းမြို့ ရွာသစ်ကုန်းကျေးရွာအုပ်စု ထန်းတစ်ပင်ကျေးရွာရှိ မိုးညှင်းဒီဂရီကောလိပ်ကျောင်း စံပယ်ဆောင်အတွင်းထားရှိသော အသုံးအဆောင်ပစ္စည်း(ရ)မျိုးခိုးယူခံရသဖြင့် မိုးညှင်းမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ထားကြောင်း သိရှိရသည်။

သြဂုတ်လ၂၁ ရက်နေ့ ညနေ(၅)နာရီအချိန် ခန့်တွင်မိုးညှင်းဒီဂရီကောလိပ် စံပယ်ဆောင်မှ အသုံးအဆောင်ပ စ္စည်းများပျောက်ဆုံးနေကြောင်း သိရသဖြင့် တာဝန်ရှိသူများက စစ်ဆေးရာ အဆောင်တွင်းရှိ ၄၀ လက်မ အရွယ်ရှိ SONY FLAT တီဗွီ(၁)လုံး(တန်ဘိုး ၃၅၀၀၀၀ ကျပ်)၊ Pro Audio တံဆိပ်ပါဆောင်းဘောက်နှင့် မိုက်တွဲလျက် (တန်ဘိုး၁၀၀၀၀၀ကျပ်)၊ VIDA အမျိုးအစား မြက်ရိတ်စက်(၁)လုံး (တန်ဘိုး ၁၂၀၀၀၀ ကျပ်)၊ ထိုင်းနိုင်ငံထုတ် ဒယ်နီ (၁)လုံး (တန်ဘိုး၃၀၀၀၀ကျပ်)၊ Hair Dryer (၂)ခု (တန်ဘိုး၃၀၀၀၀ကျပ်)၊ လျှပ်စစ် ရေနွေးအိုး(၂)လုံး (တန်ဘိုး ၆၀၀၀၀)၊ လျှပ်စစ်ကြက်ဥပြုပ်အိုး(၂)လုံး (တန်ဘိုး၁၀၀၀၀)၊ စုစုပေါင်း အသုံး အဆောင်ပစ္စည်း(ရ)မျိုးဖြစ်ပြီး တန်ဘိုးငွေ စုစုဆပါင်း ၆၄၆၀၀၀ ရှိ ပစ္စည်းများ ပျောက်ဆုံးခဲ့ခြ င်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယင်းအဆောင်ခန်းရှိ White Board ပေါ်တွင် “တောင်ပံဘာတယ်ဗျ ဆံဖိုးမရှိလို့ခိုးသွားတာပါဗျာ ခွင့်လွှတ်ပေးပါဗျာ”ဟူသောစာတန်းနှင့် “စံပယ်ဆောင်ခွင့်လွှတ်ပါဗျာ” ဟူသောစာသားများတွေ့ရှိရကြောင်း သိရသည်။

ထို့ကြောင့် မိုးညှင်းဒီဂရီကောလိပ် နယ်မြေအင်္ဂျင်နီယာဋ္ဌာနမှ ဒုတိယကြီးကြပ်ရေးမှုး ဦးစံကျော်ဟိန်းက တရားလိုပြုလုပ်၍ သြဂုတ်လ ၂၂ ရက်နေ့ညနေက အမှုဖွင့်လှစ်ခဲ့ရာ မိုးညှင်းမြို့မရဲစခန်းမှ (ပ)၁၁၂/၂၀၂၀ ပုဒ်မ ၃၈၀ ဖြင့်အမှုရေးဖွင့်ကာ ခိုးယူသွားသူကို အမြန်ဆုံးးဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေလျက်ရှိကြော င်းသိရှိရသည်။

မင်္ဂလာဦး

#PeopleMedia #မိုးညှင်း


Share this post