• Follow Us on

Home တောင်သူများထံမှရရှိမည့် ဆည်ရေသောက်ခွန်ကြွေးကျန် ၉ ဘီလီယံ အနက် ၂၀ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိပြီဖြစ်

တောင်သူများထံမှရရှိမည့် ဆည်ရေသောက်ခွန်ကြွေးကျန် ၉ ဘီလီယံ အနက် ၂၀ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိပြီဖြစ်

Share this post

စက်တင်ဘာ – ၂၄

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံမှ ကောက်ခံရရှိမည့် ဆည်ရေသောက်ခွန်ကြွေးကျန် ကျပ် ၉ ဘီလီယံ အနက် ၂၀ ရာခိုင်နှုန်း ခန့် ပြန်လည်ရရှိပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။ တောင်သူများထံမှ ရရှိမည့် ရေခွန်ကြွေးကျန် ၉ဘီလီယံမှာ ၂၀၀၆ ခုနှစ် မှ ၂၀၁၆ ခုနှစ်အတွင်း ရရှိရမည့် ကြွေးကျန်များဖြစ်ပြီး ယခင်က စနစ်တကျ ကောက်ခံခြင်းမရှိပဲ ကျန်နေသည့် ငွေကြေးများ ဖြစ်ကြောငး သိရသည်။

“ခုလက်ရှိ ကောက်နေတာတော့ ၂၀ ရာခိုင်နှုန်းလောက်ပြန်ရပြီ။ ခုလည်း ဆက်တောင်းနေတုန်း ပဲ။ ကြွေးကောက်တယ်ဆိုတော့ အခက်အခဲ တော့ရှိတာပေါ့။ ကြွေးကျန်ကို ဆင်းကောက်တာတွေ လုပ်နေတယ်။ အရင်က ဒီလို ဆင်းကောက်တာတွေမလုပ်ခဲ့လို့ ကျန်နေတာဖြစ်တယ်” ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူaရးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။

၂၀၀၆ ခုနှစ်မတိုင်မှီအချိန်က ရေခွန်များကို အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန က ကောက်ခံခြင်းဖြစ်ပြီး၂၀၀၆ ခုနှစ်က စတင်၍ လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ရေခွန်များကို ကောက် ခံရန်တာဝန်ယူခဲ့သည့် နောက်ပိုင်းတွင် ရေခွန်ကြွေးကျန်များ ဖြစ်ပေါ်လာ ခဲ့ကြောင်း သိရသည်။ ၂၀၁၆ ခုနှစ် က စတင်ပြီး ရေခွန်ကြွေးကျန်များကို စတင်ကောက်ခံရန်စီစဉ်ခဲ့သော်လည်း ရေခွန်နှင့် တာတမံခွန်ဥပေ ဒပြဌာန်းခြင်းမရှိသည့်အတွက် ကောက်ခံရန်စောင့်နေခဲ့ရကာ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ရေခွန်နှင့်တာတမံခွန်ဥပဒေကို ပြည် ထောင်စုလွှတ်တော် က အတည်ပြုလိုက်သည့်အတွက် ရေခွန်ကြွေးကျန် များကို ကောက်ခံရန် တိုင်းဒေသကြီး ၊ခရိုင်၊မြို့နယ်၊ရပ်/ကျေး ရေခွန် ကောက်ခံရေး အဖွဲ့များကို ၂၀၁၇ စက်တင်ဘာ၂၂ ရက်နေ့တွင် ဖွဲ့စည်း ခဲ့ကြောင်းသိရသည်။

(ဓာတ်ပုံ အောင်အောင်)


Share this post