• Follow Us on

Home ေတာင္သူလယ္သမားမ်ားအေနျဖင့္ သတင္းအခ်က္လက္မ်ားေလ့လာဖို႔ လိုေၾကာင္း ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာေအာင္သူေျပာ

ေတာင္သူလယ္သမားမ်ားအေနျဖင့္ သတင္းအခ်က္လက္မ်ားေလ့လာဖို႔ လိုေၾကာင္း ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာေအာင္သူေျပာ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၂၄

စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာေအာင္သူက ေတာင္သူ လယ္သမားမ်ားအေနျဖင့္ သတင္းအခ်က္လက္မ်ားကို ေလ့လာထားဖို႔လိုအပ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။

ယေန႔ လပြတၱာၿမိဳ႕၊ နိုင္ငံေတာ္အတိုင္ပင္ခံတက္ေရာက္ဖြင့္လွစ္သည့္ လပြတၱာ(ပင္လယ္ေလး)တံတားဖြင့္ပြဲ အခမ္းအနားအၿပီး လူထုေတြ႕ဆံုပြဲတြင္ ျပည္ေထာင္စု၀န္ႀကီးေဒါက္တာေအာင္သူက အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အခမ္းအနားတြင္ လပြတၱာၿမိဳ႕နယ္ေညာင္ပင္ေက်းရြာအုပ္စု ဘုရားႀကီးကုန္းေက်းရြာေနဦးစိုး၀င္းမွ စပါးစိုက္ပ်ိဳး ကုန္က်စရိတ္နွင့္ ေရာင္းခ်ေစ်းနႈန္းတို႔ ကြာျခားကာ အခက္အခဲမ်ားျဖစ္ေပၚေနသည့္အတြက္ မည္သို႔စီစဥ္ထားရွိ ေၾကာင္းေမးျမန္းခ်က္ကို ျပည္ေထာင္စု၀န္ႀကီးက ျပန္လည္ေျဖၾကားျခင္းလည္းျဖစ္သည္။

“နိုင္ငံတကာနဲ႔ယွဥ္ၿပိဳင္တဲ့အခါမွာ ကၽြန္ေတာ္တိုအေနနဲ႔ နိုင္ငံတကာယွဥ္ၿပိဳင္နိုင္စြံမ္းအားရွိတဲ့အခ်ိ္န္မွာ ေတာင္ သူလယ္သမားမ်ားအေနနဲ႔ ဘာကိုသိဖို႔လိုသလဲဆိုရင္ သတင္းအခ်က္အလက္ကို ေလံလာေပးဖို႔လိုပါတယ္။ အဲဒါကို ကၽြန္ေတာ္တို႔ စီးပြားကူးသန္း၀န္ႀကီးဌာနက ထုတ္ျပန္ထားတာရွိသလို သတင္းအခ်က္လက္ေတြကို ရေအာင္ယူပါ။ ဘာေၾကာင့္လဲဆိုရင္ မိမိနုိင္ငံတစ္ခုတည္းနဲ႔ ေျပးေနတာမဟုတ္ပါဘူး။ နိုင္ငံအသီးသီးက ေျပးေန တာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ကလည္း ကၽြန္ေတာ္တို႔ေတာင္သူလယ္သမားအက်ိဳးစီးပြားကို ကာကြယ္တာ ျဖစ္သလို အျခားနိုင္ငံမ်ားကလည္း သူတို႔နုိင္ငံက်ိဳးစီးပြားကို ကာကြယ္တာျဖစ္ပါတယ္။ သူတို႔က ထြက္ကုန္ ေကာင္းၿပီး ရာသီဥတုမပ်က္ဘူးဆိုရင္ ကၽြန္ေတာ္တို႔ဆီက မယူေတာ့ပါဘူး။ ပံုမွန္ယူေနၾကလူက မယူပါဘူး” ဟု ျပည္ေထာင္စု၀န္ႀကီးကေျပာသည္။

ထို႔အျပင္ က်ေနသည့္စပါးေစ်းအတြက္ စပါး၀ယ္ယူရန္ တင္ဒါမ်ား ေခၚယူထားၿပီးျဖစ္ေၾကာင္းနွင့္ က်ပ္ ၈.၇ မီလီယံအသံုးျပဳကာ တင္းေပါင္း ၁.၇၄ သန္းေပါင္း ၀ယ္ယူသြားမွာျဖစ္တယ္လို႔လည္း ျပည္ေထာင္စု၀န္ႀကီးက ေျပာၾကားသြားခဲ့သည္။

#PeopleMedia

(Unicode)
တောင်သူလယ်သမားများအနေဖြင့် သတင်းအချက်လက်များလေ့လာဖို့ လိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူပြော
……………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက တောင်သူ လယ်သမားများအနေဖြင့် သတင်းအချက်လက်များကို လေ့လာထားဖို့လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။

ယနေ့ လပွတ္တာမြို့၊ နိုင်ငံတော်အတိုင်ပင်ခံတက်ရောက်ဖွင့်လှစ်သည့် လပွတ္တာ(ပင်လယ်လေး)တံတားဖွင့်ပွဲ အခမ်းအနားအပြီး လူထုတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် လပွတ္တာမြို့နယ်ညောင်ပင်ကျေးရွာအုပ်စု ဘုရားကြီးကုန်းကျေးရွာနေဦးစိုးဝင်းမှ စပါးစိုက်ပျိုး ကုန်ကျစရိတ်နှင့် ရောင်းချဈေးနှုန်းတို့ ကွာခြားကာ အခက်အခဲများဖြစ်ပေါ်နေသည့်အတွက် မည်သို့စီစဉ်ထားရှိ ကြောင်းမေးမြန်းချက်ကို ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခြင်းလည်းဖြစ်သည်။

“နိုင်ငံတကာနဲ့ယှဉ်ပြိုင်တဲ့အခါမှာ ကျွန်တော်တိုအနေနဲ့ နိုင်ငံတကာယှဉ်ပြိုင်နိုင်စွံမ်းအားရှိတဲ့အချိ်န်မှာ တောင် သူလယ်သမားများအနေနဲ့ ဘာကိုသိဖို့လိုသလဲဆိုရင် သတင်းအချက်အလက်ကို လေံလာပေးဖို့လိုပါတယ်။ အဲဒါကို ကျွန်တော်တို့ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ထားတာရှိသလို သတင်းအချက်လက်တွေကို ရအောင်ယူပါ။ ဘာကြောင့်လဲဆိုရင် မိမိနိုင်ငံတစ်ခုတည်းနဲ့ ပြေးနေတာမဟုတ်ပါဘူး။ နိုင်ငံအသီးသီးက ပြေးနေ တာဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့တောင်သူလယ်သမားအကျိုးစီးပွားကို ကာကွယ်တာ ဖြစ်သလို အခြားနိုင်ငံများကလည်း သူတို့နိုင်ငံကျိုးစီးပွားကို ကာကွယ်တာဖြစ်ပါတယ်။ သူတို့က ထွက်ကုန် ကောင်းပြီး ရာသီဥတုမပျက်ဘူးဆိုရင် ကျွန်တော်တို့ဆီက မယူတော့ပါဘူး။ ပုံမှန်ယူနေကြလူက မယူပါဘူး” ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့အပြင် ကျနေသည့်စပါးဈေးအတွက် စပါးဝယ်ယူရန် တင်ဒါများ ခေါ်ယူထားပြီးဖြစ်ကြောင်းနှင့် ကျပ် ၈.၇ မီလီယံအသုံးပြုကာ တင်းပေါင်း ၁.၇၄ သန်းပေါင်း ဝယ်ယူသွားမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသွားခဲ့သည်။

#PeopleMedia


Share this post