• Follow Us on

Home တောင်အာရှနိုင်ငံ မော်လဒိုက်အစိုးရက အိန္ဒိယသမုဒ္ဒရာမှာ မြို့တစ်မြို့ တည်ဆောက်နေ

တောင်အာရှနိုင်ငံ မော်လဒိုက်အစိုးရက အိန္ဒိယသမုဒ္ဒရာမှာ မြို့တစ်မြို့ တည်ဆောက်နေ

Share this post

နိုင်ငံတကာ၊ ဇွန် ၂၅

 

တောင်အာရှနိုင်ငံ မော်လဒိုက်အစိုးရက အိန္ဒိယသမုဒ္ဒရာအတွင်းမှာ လူပေါင်း ၂၀၀၀၀ နေထိုင်နိုင်တဲ့ ရေပေါ်မြို့ တစ်မြို့ တည်ဆောက်နေတယ်လို့ CNN သတင်းဌာနက ဖော်ပြထားပါတယ်။

 

အဲဒီမြို့ တည်ဆောက်ရတဲ့ အဓိကရည်ရွယ်ချက်ဟာ နောင်လာနောက်သားတွေအတွက် ပင်လယ်ရေမျက်နှာ ပြင် မြင့်တက်မှုပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့ ကုန်းမြေပေါ်မှာ စိုက်ပျိုးရေးကဲ့သို့ လုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့  နေရာလွတ်တွေ ထွက်ပေါ်လာဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

 

ရေပေါ်မြို့တော်အတွင်းကို လူတွေနဲ့ ကုန်ပစ္စည်းတွေ ပို့ဆောင်ဖို့အတွက် မော်တော်ဘုတ်တွေကို အသုံးပြု သွားမှာဖြစ်ပြီး မြို့အတွင်းမှာ နေထိုင်တဲ့သူတွေအနေနဲ့တော့ ကားတွေကိုအသုံးပြုနိုင်မှာမဟုတ်ဘဲ လှေ၊ ခြေလျင်၊ စက်ဘီး၊ လျှပ်စစ်၊ စကူတာတွေကို အသုံးပြုပြီး သွားလာနိုင်မယ်လို့ ဆိုပါတယ်။

 

မြို့တော်တွင်မှာ တည်ဆောက်ထားတဲ့ အိမ်တွေမှာ သမုဒ္ဒရာ မြင်ကွင်းတွေကို ကြည့်ရှုနိုင်ဖို့အတွက် ကျယ်ပြန့် တဲ့ လသာဆောင်တွေ ပါဝင်မယ်လို့ ဆိုပါတယ်။

 

မြို့တွင်းလျှပ်စစ်ဓာတ်အားကို ဆိုလာပြားတွေကနေ ထုတ်လုပ်မှာဖြစ်ပြီး လေအေးပေးစက်ကို အသုံးပြုနိုင်ဖို့ ပင်လယ်ရဲ့ ရေနက်ပိုင်းထဲက ရေကို အသုံးပြုနိုင်တဲ့ နည်းပညာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

 

မြို့တွင်းမှာ နေထိုင်လိုတဲ့သူတွေအနေနဲ့ အိမ်ရာစရိတ်ဟာ အပိုကုန်ကျမှာမဟုတ်တဲ့အတွက် ၂၀၂၇ ခုနှစ်မှာ နေထိုင်သူ နှစ်သောင်း ဝန်းကျင်အထိရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

 

CNN ရဲ့ အဆိုအရ ယခုလတွင်မှာ မြို့တော်ရဲ့ ပထမဆုံးတိုက်ခန်းတွေကို လည်ပတ်ကြည့်ရှုနိုင်မှာဖြစ်ပြီး တိုက်ခန်းတစ်ခန်းအတွက် ဒေါ်လာ ၁၅၀,ဝဝဝ နဲ့  လုံးချင်းအိမ်အတွက် ဒေါ်လာ ၂၅၀,ဝဝဝ ကျသင့်မှာ ဖြစ်ပါတယ်။

 

Source – CNN

 

#PeopleMedia

 

(unicode)


……………………………………….

 


 


 


 


 


 


 


 


 

Source – CNN

 

#PeopleMedia


Share this post