• Follow Us on

Home တောင်ဥက္ကလာပမြို့နယ်၌ လက်လုပ်ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးပြီး ၁ နှစ်အရွယ်ကလေးတစ်ဦး ဒဏ်ရာရ

တောင်ဥက္ကလာပမြို့နယ်၌ လက်လုပ်ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးပြီး ၁ နှစ်အရွယ်ကလေးတစ်ဦး ဒဏ်ရာရ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ ဒီဇင်ဘာ ၉ ရက်နေ့ ညနေက လက်လုပ်ဗုံးပေါက်ကွဲမှု ကြောင့် ၆ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးကာ ၁ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ များထံမှ သိရပါတယ်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က တောင်ဥက္ကလာပမြို့နယ်ရှိ တောင်ဥက္ကလာပ မြို့ နယ်၊ မြို့မရဲစခန်းကို လူတစ်စုမှ မော်တော်ယာဉ်တစ်စီးဖြင့်လာရောက်ပြီး လက်လုပ်ဗုံးပစ်ခတ်ခဲ့ရာ အဆိုပါ ပစ်ခတ်သည့် လက်လုပ်ဗုံးသည် လမ်းသွားလမ်းလာသူများသို့ ကျရောက်ကာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရ ပါတယ်။

 

“ကလေးတစ်ယောက်သေတယ်ဆိုတာကတော့ ဟုတ်ပါတယ်။ သူအမေလည့်း ထိုနည်းတူပဲ ဆေးရုံမှာတင်ထား ရပါတယ်။ နောက်ကလေးတစ်ဦးကတော့ ဆေးရုံတင်ထားရတယ်။ စိုးရိမ်စရာမရှိပါဘူး” ဟု ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ဥက္ကလာမြို့မရဲစခန်းအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားမှုမရှိခဲ့ပါ။

 

Photo – Credit

 

#PeopleMedia #တောင်ဥက္ကလာပမြို့နယ်

 

(unicode)

တောငျဥက်ကလာပမွို့နယျ၌ လကျလုပျဗုံး ကရြောကျပေါကျကှဲမှုကွောင့ျ အသကျ ၆ နှဈအရှယျကလေးတဈဦး သဆေုံးပွီး ၁ နှဈအရှယျကလေးတဈဦး ဒဏျရာရ

……………………………………………………………

 


 


 


 


 


 

Photo – Credit

 

#PeopleMedia #တောငျဥက်ကလာပမွို့နယျ


Share this post