• Follow Us on

Home တောင်ဥက္ကလာပမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲနှစ်ခုကို လုယက်ခဲ့သည့် တရားခံများ ဖမ်းမိ

တောင်ဥက္ကလာပမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲနှစ်ခုကို လုယက်ခဲ့သည့် တရားခံများ ဖမ်းမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၂ (People Media)

 

တောင်ဥက္ကလာပမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲနှစ်ခုအား လုယက်မှုကျူးလွန်ခဲ့သည့် တရားခံများကို ဖမ်းဆီးရမိကြောင်း န.စ.က မှ စက်တင်ဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ဇူလိုင်လ ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ (၅/၇)ဗြဟ္မ စိုရ်လမ်းရှိ ကမ္ဘာ့ရတနာဘဏ်ခွဲအား အမျိုးသား ၄ ဦးမှ သေနတ် ၃ ချက်ပစ်ဖောက်၍ ငွေကျပ် ၁၈၅ သိန်းအား လည်းကောင်း၊ သြဂုတ်လ ၃၀ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သမိုင်းမြို့ဟောင်း ၈ လမ်းရှိ ဘုရင့်နောင်ကမ္ဘာ့ရတနာဘဏ်ခွဲ(၂) မှ ငွေကျပ် ၁၁၁၇၉ သိန်းခန့် လုယက်ခံရမှုဖြစ်ပွားခဲ့သည်။

 

အဆိုပါလုယက်မှုကျူးလွန်ခဲ့သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးအဖွဲ့များမှ စုံစမ်းဖော် ထုတ်ဆောင်ရွက်ရာတွင် ဘုရင့်နောင်ကမ္ဘာ့ရတနာဘဏ်ခွဲ(၂)အား လုယက်မှုကျူးလွန်စဉ်အသုံးပြုခဲ့သည့် YGN 1J/9428 နံပါတ်တပ်ဆင်ထားသည့် Crown အမျိုးအစားအဖြူရောင်ယာဉ်ပိုင်ရှင်ဖြစ်သူ ဦးသောင်းထိုက်အား ထိန်းသိမ်းစစ်ဆေးခဲ့ရာ ၎င်း၏ထွက် ဆိုချက်အရ စက်တင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် စိုးသူ အောင်(ခ)စိုးကြီးကိုရှာဖွေထိန်းသိမ်းစစ်ဆေးခဲ့ကြောင်း န.စ.က၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

၎င်း၏ထွက်ဆိုချက်အရ သူရအောင်(ခ)သူရ(ခ)မိုးအောင်နေထိုင်သည့် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းရှိ နေအိမ်အားသွားရောက်ရှာဖွေရာ ၎င်း၏မိဘများဖြစ်သည့် ဦးနိုင်ဝင်းနှင့် ဒေါ်ကလျာစု လှိုင်သန့်တို့အား အပ်နှံထားသည့် ငွေကျပ် ၆၂ သိန်း၊ လုယက်မှုတွင်အသုံးပြုခဲ့သည့် YGN 9/1163 Crown ယာဉ်နှင့်အတူ သူရအောင်(ခ)သူရ(ခ)မိုးအောင် ၂၄ နှစ်အား သြဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန် တွင် အင်းစိန်ဆေးရုံဝင်ပေါက်ရှေ့၊ မင်းကြီးလမ်းပေါ်တွင် လုယက်မှုမှငွေများဖြင့် ဝယ်ယူထားသည့် အပြာရောင် ဆလွန်းယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

 

ထို့အပြင် သူရအောင်(ခ)သူရ(ခ)မိုးအောင်၏ ထွက်ဆိုချက်အရ ကမ္ဘာ့ရတနာဘဏ်များကို လုယက်မှုကျူးလွန် ရာတွင် ၎င်းနှင့်မင်းညို(ခ)ကျော်ဇင်လင်း(ခ)အောင်ဆက်နိုင်တို့မှ ဦးဆောင်ခဲ့ပြီး ပက်ထရစ်(ခ)ဝင်းထိုက်ကိုကို၊ ဟိန်းဇေ(ခ)မင်းဟိန်းသူ(ခ)ရာမန်း၊ မြတ်မင်း(ခ)ဖြိုးဟိန်းကျော်(ခ)ဟန်မီဒွတ်လာ၊ မဝင်းထက်မာ(ခ)ရှီးမား(ခ) သင်းယုမေနှင့် ဇော်မင်းနိုင်တို့ ပါဝင်ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိရှိရကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

 

ယင်းသို့ ပါဝင်ပတ်သက်ခဲ့သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း အချိန်တွင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ရန်ကြီးအောင်လမ်းရှိ မင်းညို(ခ)ကျော်ဇင်လင်း(ခ)အောင် ဆက်နိုင် (၂၅)၊ အခန်းပိုင်ရှင်ဖြစ်သူ အောင်အောင် (၄၃)နှစ်နှင့် အတူနေထထိုင်သူ ပြည့်ဖြိုးကျော်(၂၅)နှစ်တို့ အား ပစ္စတိုသေနတ် ၂ လက်၊ USA 380 ကျည် ၅၀ တောင့်၊ 9MM Luger ၅၀ တောင့်၊ ပစ္စတိုကျည်အိမ်အပို ၁ ခု၊ ဖြစ်စဉ်တွင်အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်အတု ၁ လက်၊ အကြမ်းဖက်တိုက်ခိုက်ရာတွင်အသုံးပြုသည့် ပစ္စည်းများ၊ YGN 9D/6787 နံပါတ်တပ်ဆင်ထားသည့် TOYOTA CROWN ယာဉ်တစ်စီး၊ ငွေကျပ် ၅၀၅၅၀၀၀၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

 

အလားတူ ပြစ်မှုကျူးလွန်ခဲ့သူများနှင့် လုယက်မှုကျူးလွန်ရာမှရရှိသည့်ငွေများအား လက်ခံသိမ်းဆည်းပေးသူ များဖြစ်သည့် နိုင်ဝင်းနှင့် ကလျာစုလှိုင်သန့်တို့နှစ်ဦးအားလည်းကောင်း၊ လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ နှင့်အတူ တိုက်ခန်းအတွင်းလက်ခံထားရှိသူ အောင်အောင်နှင့် ပြည့်ဖြိုးကျော်တို့နှစ်ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် လုယက်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဇော်မင်းနိုင်အား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

#PeopleMedia #ဘဏ်ဓားပြတိုက်မှု #ထုတ်ပြန်ချက်

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 



Share this post