• Follow Us on

Home တောင်ဥက္ကလာပမြို့၊ မြို့မရဲစခန်းကို ၄ဝ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် တရားခံ (၆) ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ၊ ရဲစခန်းပစ်ခတ်ခံရမှု၌ ကလေးငယ်တစ်ဦး ထိမှန်သေဆုံး

တောင်ဥက္ကလာပမြို့၊ မြို့မရဲစခန်းကို ၄ဝ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် တရားခံ (၆) ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ၊ ရဲစခန်းပစ်ခတ်ခံရမှု၌ ကလေးငယ်တစ်ဦး ထိမှန်သေဆုံး

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့၊ မြို့မရဲစခန်းကို ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သည့် တရားခံ (၆) ဦးနှင့်အတူ လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ် ပြန်ချက်အရ သိရသည်။

 

ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့၊ မြို့မရဲ စခန်းအနီးသို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ယာဉ်အမှတ်(စိစစ်ဆဲ) Light Truck အဖြူရောင်ယာဉ်ဖြင့် ရောက်ရှိ လာကာ သစ္စာလမ်းဘက်မှနေ၍ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ၂ ချက် ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် ဗုံးသီးတစ် လုံးမှာ ရဲစခန်းနှင့် ပေ ၄၀ ခန့်အကွာ သစ္စာလမ်းဘက်ရှိ မိသားစုနေအိမ်လိုင်းခန်းအနီးရှိ ကားပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သည်။

 

ပေါက်ကွဲမှုကြောင့် အဆိုပါလိုင်းခန်းဘေးဈေးဆိုင်တွင် မုန့်စားနေကြသည့် အပြစ်မဲ့ အသက် ၇ နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ အသက် ၂ နှစ်အရွယ် မိန်းကလေး ၁ ဦးနှင့် အသက် ၁ နှစ်ခွဲအရွယ် မိန်းကလေး ၁ ဦး၊ အမျိုးသမီးရဲတပ်ဖွဲ့ဝင် ၁ ဦး အပါအဝင် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၅ ဦး တို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ သဖြင့် ဆေးကုသမှုခံယူနိုင်ရေး ပို့ဆောင်စဉ် အသက် ၇ နှစ်အရွယ် ယောက်ျားလေး ၁ ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

 

ထိုကဲ့သို့ ဆောင်ရွက်ခဲ့ရာ ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်များ အသုံးပြုခဲ့သည့် Light Truck ယာဉ်၏ ယာဉ်နံပါတ်အား သိရှိရသဖြင့် ယာဉ်နံပါတ်မှန်ကန်မှု ရှိ/မရှိ အတည်ပြု စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ခဲ့ရာ အခင်းဖြစ်ချိန်က အကြမ်းဖက်သမားများမှာ ယာဉ်နံပါတ်အား ပြောင်းလဲတပ်ဆင် အသုံးပြုခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

အဆိုပါယာဉ်အား ရဲစခန်းပစ်ခတ်တိုက်ခိုက်သည့်နေ့တွင် မောင်းနှင်အသုံးပြုခဲ့သူများဖြစ်သည့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၅) ရပ်ကွက်၊ ကြေးတိုင်လမ်း၊ အမှတ်(၂၈)နေ မျိုးမြင့်မြတ်အောင်နှင့် သင်္ဃန်းကျွန်း မြို့နယ်၊ စံပြရပ်ကွက်၊ စံပြ(၁)လမ်း၊ အမှတ်(၃၇၁)နေ ဝေယံထက်တို့အား ဒီဇင်ဘာလ ၁၆ ရက် နေ့လည်ပိုင်း တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၄၅)ရပ်ကွက်၊ မဟာလမ်းပေါ်၌ ဖြစ်စဉ်ပါယာဉ်နှင့်အတူ စတင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

ဖမ်းဆီးရမိတရားခံ ၂ ဦး၏ ထွက်ဆိုချက်များအရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၀)ရပ်ကွက်၊ ဗိုလ်တေ ဇလမ်း၊ အမှတ်(၉၉)နေ ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Wave ၏ နေအိမ်၌ ၎င်း၏ မိဘများဖြစ်သည့် သူရနှင့် မိုးမိုးခိုင်တို့အား လက်နက်များနှင့် ထပ်မံဖမ်းဆီးရမိခဲ့ပြီး၊ မိုးကျော်သူနှင့် ကျော်မိုး လွင်တို့ကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ကျား ၅ ဦး၊ မ ၁ ဦး၊ ပေါင်း ၆ ဦးတို့အား MK-12 သေနတ် ၂ လက်၊ ၎င်းကျည် ၁၁၀ တောင့်၊ SIG SAUER ပစ္စတို ၁ လက်၊ 9MM LUGER ကျည် ၂၅၅ တောင့်၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ ကျည် အိမ်မျိုးစုံ ၆ ခု၊ ဒူးကာ ၃ စုံ၊ ဖောက်ခွဲရေးတွင် တွဲဖက်အသုံးပြုသည့် Keypad ဖုန်းမျိုးစုံ ၂၀ လုံးနှင့် ဆက်စပ် ပစ္စည်းများ၊ ဆားကစ်(စ်)ပြား ၅၀ ခု၊ 3D GUN Printer ၁ လုံးနှင့် 3D GUN Printer ဆေးကြိုးခွေ ၁၀ ခွေ၊ Lap top ၁ လုံး၊ မှန်ပြောင်း ၁ လက်၊ မော်တာ ၁ လုံး၊ ငွေသိန်း ၁၀၀ ကျပ်၊ ဓာတ်ငွေ့ကာ ၁ ခု၊ မော်တော် ယာဉ် ၁ စီးတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

 

#PeopleMedia #ပြည်ထဲရေး

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 



Share this post