• Follow Us on
Latest News

Home ေတာင္ၿပိဳ-ေမာင္ေတာသြားကားလမ္းေပၚရွိ ငွက္ေပ်ာေခ်ာင္းတံတားအား AA အဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲ

ေတာင္ၿပိဳ-ေမာင္ေတာသြားကားလမ္းေပၚရွိ ငွက္ေပ်ာေခ်ာင္းတံတားအား AA အဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲ

Share this post

ရန္ကုန္၊ ဇူလုိင္ – ၁၀

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ တရိန္းေက်း႐ြာ၏ အေနာက္ဘက္မီတာ ၁၂၀၀ အကြာ ေတာင္ၿပိဳ-ေမာင္ ေတာသြားကားလမ္းေပၚရွိ ငွက္ေပ်ာေခ်ာင္းတံတားအား AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက မိုင္းေထာင္ ေဖာက္ခြဲမႈ ျပဳလုပ္ခဲ့သည္။

ျဖစ္စဥ္မွာ ေတာင္ၿပိဳ-ေမာင္ေတာသြားကားလမ္းေပၚရွိ ငွက္ေပ်ာေခ်ာင္းတံတားအား AA အၾကမ္းဖက္ေသာင္း က်န္းသူမ်ားက မိုင္းေထာင္ေဖာက္ခြဲခဲ့ေၾကာင္း တာဝန္သိျပည္သူတစ္ဦးက သတင္းေပးပို႔ခဲ့သျဖင့္ ယေန႔နံနက္ ၉ နာရီ ၄၀ မိနစ္ခန႔္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးစဥ္ တံတားေအာက္ခံ ယက္မ ၃ ေခ်ာင္းအက္ကြဲျခင္း၊ ကမ္းကပ္ခုံအနည္းငယ္ပ်က္စီးျခင္း၊ တံတားၾကမ္းခင္းအက်ယ္ ၃ ေပပတ္လည္ခန႔္ ကတၱ ရာမ်ားပဲ့ထြက္ပ်က္စီးျခင္းမ်ားေတြ႕ရွိရၿပီး ျဖစ္စဥ္ေနရာတစ္ဝိုက္မွ ေပါက္ကြဲၿပီးျဖစ္သည့္ လက္လုပ္မိုင္းသံစမ်ား စစ္ေဆးေတြ႕ရွိခဲ့သည္။

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ ေက်း႐ြာမ်ားအနီးႏွင့္ အမ်ားျပည္သူမ်ားအသုံးျပဳလ်က္ရွိသည့္ ကားလမ္းမ်ားတြင္ မိုင္းေထာင္၊ မိုင္းဆြဲတိုက္ခိုက္ျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိျခင္းေၾကာင့္ ၂၀၁၇ ခုႏွစ္၊ ႏုိဝင္ ဘာ ၃၀ ရက္မွ ယေန႔အထိ အျပစ္မဲ့ျပည္သူ ၁၆ ဦးေသဆုံးခဲ့ကာ ၅၅ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည္။

#PeopleMedia #တပ္မေတာ္ #AA

(unicode)
တောင်ပြို-မောင်တောသွားကားလမ်းပေါ်ရှိ ငှက်ပျောချောင်း တံ တားအား AA အဖွဲ့က မိုင်းထောင်ဖောက်ခွဲ
………………………………………………………

ရန်ကုန်၊ ဇူလိုင် – ၁၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တရိန်းကျေးရွာ၏ အနောက်ဘက်မီတာ ၁၂၀၀ အကွာ တောင်ပြို-မောင် တောသွားကားလမ်းပေါ်ရှိ ငှက်ပျောချောင်းတံတားအား AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင် ဖောက်ခွဲမှု ပြုလုပ်ခဲ့သည်။

ဖြစ်စဉ်မှာ တောင်ပြို-မောင်တောသွားကားလမ်းပေါ်ရှိ ငှက်ပျောချောင်းတံတားအား AA အကြမ်းဖက်သောင်း ကျန်းသူများက မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း တာဝန်သိပြည်သူတစ်ဦးက သတင်းပေးပို့ခဲ့သဖြင့် ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးစဉ် တံတားအောက်ခံ ယက်မ ၃ ချောင်းအက်ကွဲခြင်း၊ ကမ်းကပ်ခုံအနည်းငယ်ပျက်စီးခြင်း၊ တံတားကြမ်းခင်းအကျယ် ၃ ပေပတ်လည်ခန့် ကတ္တ ရာများပဲ့ထွက်ပျက်စီးခြင်းများတွေ့ရှိရပြီး ဖြစ်စဉ်နေရာတစ်ဝိုက်မှ ပေါက်ကွဲပြီးဖြစ်သည့် လက်လုပ်မိုင်းသံစများ စစ်ဆေးတွေ့ရှိခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာများအနီးနှင့် အများပြည်သူများအသုံးပြုလျက်ရှိသည့် ကားလမ်းများတွင် မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့် ၂၀၁၇ ခုနှစ်၊ နိုဝင် ဘာ ၃၀ ရက်မှ ယနေ့အထိ အပြစ်မဲ့ပြည်သူ ၁၆ ဦးသေဆုံးခဲ့ကာ ၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PeopleMedia #တပ်မတော် #AA


Share this post