• Follow Us on

Home တော်ပီဒိုစနစ်ထည့်သွင်းထားသော ဆူပါဆောနစ်ဒုံးကျည်ကို အိန္ဒိယနိုင်ငံက အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

တော်ပီဒိုစနစ်ထည့်သွင်းထားသော ဆူပါဆောနစ်ဒုံးကျည်ကို အိန္ဒိယနိုင်ငံက အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄ (People Media)

 

အိန္ဒိယနိုင်ငံသည် အိုဒီရှာကမ်းရိုးတန်းကမ်းလွန်ပင်လယ်ပြင်ရှိ အဗ္ဗဒူကလမ်ကျွန်းမှ တော်ပီဒိုစနစ်ထည့်သွင်း ထားသောဆူပါဆောနစ်ဒုံးကျည် Supersonic Missile Assisted Torpedo System (SMAT) ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ DRDO (Defence Research and Development Organisation) က ကြေညာလိုက်သည်။

 

တော်ပီဒိုတစ်စင်းရောက်ရှိနိုင်သော သမရိုးကျအကွာအဝေးထက်ကျော်လွန်၍ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစွမ်း ရည်ကိုမြှင့်တင်ရန်အတွက် အဆိုပါဒုံးကျည်ကို ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။

 

ယင်းဒုံးကျည်လမ်းကြောင်းကို ရေပြင်ညီကိရိယာများနှင့် ရေပြင်ညီသင်္ဘောများအပါအဝင် အကွာအဝေးအမျိုး မျိုးမှ ရေဒါအမျိုးမျိုး၊ electro optic telemetry system တို့ဖြင့် စောင့်ကြည့်ထောက်လှမ်းပေးသည်။ အဆိုပါ ဒုံး ကျည်သည် တော်ပီဒိုတစ်စင်း၊ လေထီးဖြင့်သယ်ဆောင်သည့်စနစ်နှင့် ထုတ်လွှင့်ပေးသည့်စက်အစိတ်အပိုင်း များ ပါရှိကြောင်း ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ DRDO ကပြောသည်။ ဒုံးကျည်ကို မြေပြင် ရှိ ရွေ့လျားဒုံးပစ်စင်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

တော်ပီဒိုစနစ်ထည့်သွင်း ထားသောဆူပါဆောနစ်ဒုံးကျည် (SMAT) ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ သည့်အတွက် ပစ်ခတ်မှုတွင်ပါဝင်ခဲ့သောအဖွဲ့များကို အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နသ်ဆင်းက ချီးကျူး ဂုဏ်ပြုစကားပြောဆိုလိုက်သည်။

 

ယင်းဒုံးကျည်လက်နက်စနစ်ကိုထုတ်လုပ်ခြင်းမှာ တိုင်းပြည်တွင် အစဉ်အလာမှခွဲထွက်လာသော စစ်လက်နက် ပစ္စည်းများတည်ဆောက်ရေးအတွက် ပြည့်စုံသောနမူနာတစ်ခုဖြစ်ကြောင်း ရာ့ဂျ်နသ်ဆင်းကပြောသည်။

 

ယင်းဒုံးကျည်စနစ်ထုတ်လုပ်နိုင်ရန်အတွက် အိန္ဒိိယကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ DRDO ၏ ဓာတ်ခွဲခန်းအများအပြားသည် နည်းပညာပေါင်းများစွာကို စမ်းသပ်ထုတ်လုပ်ခဲ့ရသည်။

 

ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး Defence R&D ဦးစီးဌာန၏ အတွင်းရေးမှူးဖြစ်ပြီး ကာကွယ်  ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ DRDO ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ဂျီဆက်သ်သီးရက်ဒီကလည်း ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွင်ပါဝင်သူအားလုံးကို ချီးကျူးဂုဏ်ပြုစကားပြောဆိုလိုက်သည်။

 

အဆိုပါဒုံးကျည်စနစ်သည် အိန္ဒိိယရေတပ်၏ စွမ်းအားကို ထပ်မံအဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ပြီး ကျွမ်းကျင်မှု နှင့် စွမ်းရည်များကို အကျိုးရှိစွာအသုံးချရင်း ကာကွယ်ရေးကဏ္ဍတွင် မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးသွားမြည်ဖစ်ကြောင်း ဒေါက်တာ ဂျီဆက်သ်သီးရက်ဒီက ပြောသည်။

 

Ref: India successfully launches Supersonic Missile Assisted Torpedo System

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: India successfully launches Supersonic Missile Assisted Torpedo System

 

#PeopleMedia


Share this post