• Follow Us on

Home ေတာ္၀င္မိသားစုကိုေ၀ဖန္မႈပိတ္ပင္သည့္ဥပေဒျဖင့္ ထိုင္းႏိုင္ငံတြင္ တက္ႂကြလႈပ္႐ွားသူမ်ားကို အမႈဖြင့္အေရးယူ မႈမ်ားျပန္စေန

ေတာ္၀င္မိသားစုကိုေ၀ဖန္မႈပိတ္ပင္သည့္ဥပေဒျဖင့္ ထိုင္းႏိုင္ငံတြင္ တက္ႂကြလႈပ္႐ွားသူမ်ားကို အမႈဖြင့္အေရးယူ မႈမ်ားျပန္စေန

Share this post

ဘန္ေကာက္၊ ႏို၀င္ဘာ ၂၅

လေပါင္းမ်ားစြာၾကာေနသည့္အစိုးရဆန္႔က်င္ဆႏၵျပပြဲမ်ားကိုဟန္႔တားႏိုင္ရန္ရည္႐ြယ္ၿပီး ေတာ္၀င္မိသားစုအေပၚ ေ၀ဖန္မႈပိတ္ပင္ထားသည့္အျငင္းပြားဖြယ္ဥပေဒကို ထိုင္းအစိုးရက ျပန္လည္အသက္သြင္းလိုက္သည္။

တက္ႂကြလႈပ္႐ွားသူအမ်ားအျပားကို ေ၀ဖန္မႈတမႈလွ်င္ေထာင္ဒဏ္ ၁၅ ႏွစ္ခ်မွတ္ႏိုင္သည့္ထိုဥပေဒျဖင့္ တရားစြဲထားသည္။ ၿပီးခဲ့သည့္ ၂ ႏွစ္ေက်ာ္အတြင္း အဆိုပါျပစ္မႈျဖင့္တရားစြဲဆိုမႈမ်ားစတင္လိုက္ျခင္းျဖစ္သည္။

အဂၤါေန႔တြင္ ထင္႐ွားေသာ အသက္ ၂၂ ႏွစ္အ႐ြယ္ေက်ာင္းသားတက္ႂကြလႈပ္႐ွားသူ ပါရစ္ ခ်ီဝါရက္ က သူ႔ကို အဆိုပါဥပေဒျဖင့္တရားစြဲထားေၾကာင္း ဆင့္ေခၚမႈမ်ား႐ွိေနသည္ဟုေျပာသည္။

ထင္႐ွားေသာလူ႔အခြင့္အေရးေ႐ွ႕ေနမ်ားအပါအ၀င္ အဓိကဆႏၵျပေခါင္းေဆာင္မ်ားကိုလည္း အလားတူ စြဲခ်က္မ်ားျဖင့္ အမႈဖြင့္ရန္႐ွိေနသည္။

ထိုင္းႏိုင္ငံတြင္ ၿပီးခဲ့သည့္လမ်ားအတြင္း ေက်ာင္းသားမ်ား ဦးေဆာင္သည့္ဆႏၵျပပြဲမ်ား႐ွိခဲ့ၿပီး ထိုင္းေတာ္၀င္မိ သားစုျပဳျပင္ေျပာင္းလဲမႈမ်ားျပဳလုပ္ရန္ ေတာင္းဆိုခဲ့ၾကသည္။

ဖြဲ႔စည္းပံုအေျခခံဥပေဒျပဳျပင္ေျပာင္းလဲေရးႏွင့္ ၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ေရးတို႕ကိုလည္း ေတာင္းဆိုခဲ့သည္။

Ref : Thailand revives law banning criticism of king in bid to curb protests

#PeopleMedia

(unicode)
တော်ဝင်မိသားစုကိုဝေဖန်မှုပိတ်ပင်သည့်ဥပဒေဖြင့် ထိုင်းနိုင်ငံတွင် တက်ကြွလှုပ်ရှားသူများကို အမှုဖွင့်အရေးယူ မှုများပြန်စနေ
……………………………………………………….

ဘန်ကောက်၊ နိုဝင်ဘာ ၂၅

လပေါင်းများစွာကြာနေသည့်အစိုးရဆန့်ကျင်ဆန္ဒပြပွဲများကိုဟန့်တားနိုင်ရန်ရည်ရွယ်ပြီး တော်ဝင်မိသားစုအပေါ် ဝေဖန်မှုပိတ်ပင်ထားသည့်အငြင်းပွားဖွယ်ဥပဒေကို ထိုင်းအစိုးရက ပြန်လည်အသက်သွင်းလိုက်သည်။

တက်ကြွလှုပ်ရှားသူအများအပြားကို ဝေဖန်မှုတမှုလျှင်ထောင်ဒဏ် ၁၅ နှစ်ချမှတ်နိုင်သည့်ထိုဥပဒေဖြင့် တရားစွဲထားသည်။ ပြီးခဲ့သည့် ၂ နှစ်ကျော်အတွင်း အဆိုပါပြစ်မှုဖြင့်တရားစွဲဆိုမှုများစတင်လိုက်ခြင်းဖြစ်သည်။

အင်္ဂါနေ့တွင် ထင်ရှားသော အသက် ၂၂ နှစ်အရွယ်ကျောင်းသားတက်ကြွလှုပ်ရှားသူ ပါရစ် ချီဝါရက် က သူ့ကို အဆိုပါဥပဒေဖြင့်တရားစွဲထားကြောင်း ဆင့်ခေါ်မှုများရှိနေသည်ဟုပြောသည်။

ထင်ရှားသောလူ့အခွင့်အရေးရှေ့နေများအပါအဝင် အဓိကဆန္ဒပြခေါင်းဆောင်များကိုလည်း အလားတူ စွဲချက်များဖြင့် အမှုဖွင့်ရန်ရှိနေသည်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်လများအတွင်း ကျောင်းသားများ ဦးဆောင်သည့်ဆန္ဒပြပွဲများရှိခဲ့ပြီး ထိုင်းတော်ဝင်မိ သားစုပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနှင့် ဝန်ကြီးချုပ်နုတ်ထွက်ရေးတို့ကိုလည်း တောင်းဆိုခဲ့သည်။

Ref : Thailand revives law banning criticism of king in bid to curb protests

#PeopleMedia


Share this post