• Follow Us on

Home ထောက်ပံံ့ငွေမရရှိသည့်သူများအတွက် ၅၆ ဘီလီယံကျော် ထပ်မံထောက်ပံ့ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးမင်းသူပြော

ထောက်ပံံ့ငွေမရရှိသည့်သူများအတွက် ၅၆ ဘီလီယံကျော် ထပ်မံထောက်ပံ့ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးမင်းသူပြော

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

စတုတ္တအကြိမ်ထောက်ပံံ့ငွေပေးအပ်ချိန်တွင် ထောက်ပံ့ငွေမရရှိသည့် သူများအတွက် ၅၆.၀၇၆၆ ဘီလီယံ ထပ်မံထောက်ပံ့ ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ၎င်း၏ လူမူကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္တအကြိမ်ထောက်ပံံ့ငွေ ပေးအပ်ချိန်တွင် စာရင်းတွင်မ ပါဝင်သူများမှာ ထပ်တိုးအိမ်ထောင်စု (၂၀၁၁၀၉၅) စုရှိပြီး ၎င်းတို့အတွက်ငွေကျပ် (၅၆.၀၇၆၆) ဘီလီယံ ထပ်မံထောက်ပံ့ရန် အမျိုးသားအဆင့်ဗဟိုကော်မတီက ခွင့်ပြုလိုက်ကြောင်း ဦးမင်းသူက ၎င်း၏လူမူကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

“ထပ်တိုးအိမ်ထောင်စု (၂၀၁၁၀၉၅) စုအတွက် ငွေကျပ် ( ၅၆.၀၇၆၆) ဘီလီယံ ထပ်မံထောက်ပံ့ပေးဖို့ အမျိုးသားအဆင့်ဗဟို ကော်မတီက ခွင့်ပြုပေးလိုက်ပါပြီ။ မကြာခင်မှာ ထောက်ပံ့ငွေတွေ လက်ရောက်ပေးအပ်နိုင်တော့မှာဖြစ်ကြောင်း သတင်းစကား ပါးလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကရေးသားထားသည်။

COVID-19 ဖြစ်ပွားမှုကာလရှည်ကြာလာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးသွားခြင်း၊ စားရေးသောက်ရေးအခက်အခဲ ကြုံတွေ့လာခြင်းစသည့်အခက်အခဲများကြောင့် ထောက်ပံ့ကြေးရယူလိုတဲ့ အိမ်ထောင်စုတွေက တင်ပြတိုင်ကြားတာတွေအပေါ် မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ ဦးဆောင်မှုနဲ့ အဖွဲ့ငယ်များဖွဲ့ပြီး စိစစ်ခဲ့ကြတာကို တွေ့ရသည်ဟုဖော်ပြထား သည်။

ထို့အပြင် COVID-19 ကာလအတွင်းမှာ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) အရ ပုံမှန်ဝင်ငွေမရှိတဲ့အခြေခံ လူတန်းစားများအတွက် ထောက်ပံ့မှု (၄) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာငွေမှ ကျပ် ၅၆၈.၆၄ ဘီလီယံကို သုံးစွဲခဲ့ ကြောင်းသိရသည်။

ထောက်ပံံ့ငွေပေးရာတွင် အငြင်းပွားဖွယ်ရာကိစ္စတွေ မဖြစ်ပွားစေဖို့၊ ပွင့်လင်းမြင်သာတဲ့ထောက်ပံ့မှုမျိုးဖြစ်စေဖို့၊ သက်ဆိုင်ရာ အိမ်ထောင်စုများ လက်ဝယ်သို့ ထောက်ပံ့ငွေ မှန်မှန်ကန်ကန်ရောက်ရှိစေဖို့နဲ့ ကြီးကြပ်ကွပ်ကဲမှုအားနည်းတဲ့အတွက်ကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ပေါ်စေဖို့တို့အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတွေအနေနဲ့ ထိရောက်စွာ ကြီးကြပ်ကွပ်ကဲပြီး အဖွဲ့စနစ်ဖြင့် စနစ်တကျ လက်ရောက်ပေးအပ်သွားဖို့အတွက်လည်း ဗဟိုကော်မတီကတစ်ဆင့် ညွှန်ကြားထားပြီးဖြစ်ကြောင်းပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသူကရေးသားထားသည်။

#PeopleMedia #ထောက်ပံ့ကြေး

(unicode)
…………………………………………………………….










Share this post