• Follow Us on

Home ထောင်ဒဏ် (၂) နှစ်ကျော်ချမှတ်ခံရသည့် ရခိုင်တက္ကသိုလ်မှ ကျောင်းသား (၄) ဦး အမြန်ဆုံးပြန်လွှတ်ပေးရန် ANP Youth Wing တောင်းဆို

ထောင်ဒဏ် (၂) နှစ်ကျော်ချမှတ်ခံရသည့် ရခိုင်တက္ကသိုလ်မှ ကျောင်းသား (၄) ဦး အမြန်ဆုံးပြန်လွှတ်ပေးရန် ANP Youth Wing တောင်းဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၇ (People Media)

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ တရားရုံးက ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်လိုက်သည့် ရခိုင်တက္ကသိုလ် ကျောင်းသား ၄ ဦးကို ပြစ်ဒဏ်ပေးထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်းကို ANP Youth Wing မှ ထုတ်ပြန်လိုက်သည်။

 

၂၀၂၀ ခုနှစ်တွင် အစိုးရနှင့် တပ်မတော်ကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ရခိုင်ပြည်ကျောင်းသားများဖြစ်ကြသည့် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ ၄ ဦးကို စစ်တွေမြို့နယ် တရားရုံးက ယမန်နေ့က ထောင်ဒဏ်ချမှတ်ခဲ့အပေါ် တောင်းဆိုထားခြင်းဖြစ်သည်။

 

ပြည်သူဘက်မှ ရပ်တည်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ကျောင်းသားများအား မတရားဖမ်းဆီးခြင်း၊ မတရား ပြစ်ဒဏ်ချမှတ်ခြင်းသည် အာဏာရှင်တို့၏ ဥပဒေမဲ့လုပ်ရပ်ဖြစ်သည်ဟု ရှုမြင်ကြောင်း၊ ဆန္ဒပြတောင်းဆိုခဲ့ ကြသည့် ကျောင်းသား ၄ ဦးအား ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ရခိုင်အမျိုးသားပါတီလူငယ်အဖွဲ့ (ANP Youth Wing) က ထုတ်ပြန်ထားသည်။

 

အဆိုပါတက္ကသိုလ်ကျောင်းသား ၄ ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်အတွင်းက ရခိုင်စစ်ပွဲအတွင်း အရပ်သား များ ထိခိုက်သေဆုံးမှု ထိခိုက်ဒဏ်ရာရရှိမှုနှင့် အိုးအိမ်စွန့်ခွာရမှုတို့အတွက် အစိုးရနှင့် စစ်တပ်အား ဆန့် ကျင်ဆန္ဒပြုမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၉) တို့ဖြင့် တရားစွဲဆိုခံရပြီး (၁၀) လအကြာတွင် ထောင်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia #Political #စစ်တွေတက္ကသိုလ်

 

(unicode)


……………………………………………………………………..

 


 


 


 


 


 

#PeopleMedia #Political #စဈတှတေက်ကသိုလျ


Share this post