• Follow Us on

Home ေထာင္ဒဏ္ ၉ လ ခ်မွတ္ခံရသည့္ ပခုကၠဴၿမိဳ႕က တပ္မေတာ္သား မိသားစုဝင္အမ်ိဳးသမီး မသၪၨာသန္းမင္းကို နိုင္ငံေရးအက်ဥ္းသားအျဖစ္ AAPP သတ္မွတ္

ေထာင္ဒဏ္ ၉ လ ခ်မွတ္ခံရသည့္ ပခုကၠဴၿမိဳ႕က တပ္မေတာ္သား မိသားစုဝင္အမ်ိဳးသမီး မသၪၨာသန္းမင္းကို နိုင္ငံေရးအက်ဥ္းသားအျဖစ္ AAPP သတ္မွတ္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
၂၀၂၀ေရြးေကာက္ပြဲ၌ တပ္မေတာ္ေခါင္းေဆာင္အခ်ဳိ႕က ျပည္ခိုင္ၿဖိဳးပါတီ ကို မဲေပးရန္ ဖိအားေပးမႈမ်ားရွိ ေနေၾကာင္း လူမႈကြန္ရက္၌ ေရးသားခဲ့သူကို တပ္မေတာ္က တရားစြဲဆိုခဲ့ၿပီးေနာက္ ေထာင္ဒဏ္ ၉ လ ခ်မွတ္ခံရသည့္ တပ္မေတာ္သား မိသားစုဝင္အမ်ိဳးသမီး မသၪၨာသန္းကို နိုင္ငံေရး အက်ဥ္းသားအျဖစ္ သတ္မွတ္ေၾကာင္း နိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း(AAPP)က တြဲဖက္အေထြ ေထြအတြင္းေရးမွဴး ဦးဘိုၾကည္ကေျပာသည္။
 
“မသၪၨာသန္းမင္းကို ေထာင္ကို တိုက္ရိုက္ အကူညီေပးမွာ ရွိပါတယ္။ သူလြတ္ေျမာက္ေရးအတြက္လဲ ကြၽန္ေတာ္တို႔အေနနဲ႔ ႀကိဳးစားေဆာင္႐ြက္သြားမွာေတြေတာ့ရွိပါတယ္” ဟု ဦးဘိုၾကည္ကေျပာသည္။
 
မသၪၨာသန္းမင္းကို နိုင္ငံေရးအက်ဥ္းသားအျဖစ္သက္မွတ္ျခင္းမွာ တပ္မိသားစုဝင္ျဖစ္ျခင္းေၾကာင့္မဟုတ္ဘဲ ဒီမိုကေရစီစနစ္အရ လြတ္လပ္စြာေျပာဆိုပိုင္ခြင့္ႏွင့္ တိုင္းရင္းသားတန္းတူေရးအရ သတ္မွတ္ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။
 
အလားတူ “ကြၽန္ေတာ္တို႔က တပ္မိသားစု ဝင္ရယ္လို႔ေတာ့မဟုတ္ဘူး အေျခခံလူအခြင့္အေရးေတြကို က်င့္သုံး တာကို မက်င့္သုံးနိုင္ေအာင္ ပိတ္ပင္တားဆီးတာတို႔ ဒီမိုကေရစီအေရး လူအခြင့္အေရးတိုင္းရင္းသားတန္းတူ ေရးကို ႀကိဳးစားလုပ္ေဆာင္ရင္း ဖမ္းဆီးခံရတဲ့သူေတြကို သတ္မွတ္တာပါ အတန္းစားတစ္ခုကို ရည္႐ြယ္ၿပီး သက္မွတ္တာေတြ မလုပ္ပါဘူး” ဦးဘိုၾကည္ကေျပာသည္။
 
ၿပီးခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ ပခုကၠဴတပ္မ (၁၀၁) လက္ေအာက္ခံတပ္ရင္း၌ ျပည္ခိုင္ၿဖိဳးကိုမဲေပးဖို႔ တပ္တြင္း၌ ဖိအားရွိေၾကာင္း လူမူကြန္ယက္စာမ်က္ႏွာတြင္ ေရးတင္ခဲ့သည့္ မသၪၥာသန္းမင္းကို တပ္မေတာ္အၾကည္ညို ပ်က္ေစမႈ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (က) အရ ပခုကၠဴခရိုင္တရား႐ုံးက ဒီဇင္ဘာ ၄ ရက္ နံနက္ပိုင္းက အလုပ္ႏွင့္ ေထာင္ဒဏ္ ၉ လ ခ်မွတ္ခဲ့ျခင္းျဖစ္သည္။
 
Photo – Credit
 
#PeopleMedia #လူ႔အခြင့္အေရး #AAPP #ႏုိင္က်ဥ္း #ပခုကၠဴ #မသၪၥာသန္းမင္း
 
(unicode)
ထောင်ဒဏ် ၉ လ ချမှတ်ခံရသည့် ပခုက္ကူမြို့က တပ်မတော်သား မိသားစုဝင်အမျိုးသမီး မသ ဉ္ဇာသန်းမင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ် AAPP သတ်မှတ်
……………………………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
၂၀၂ဝရွေးကောက်ပွဲ၌ တပ်မတော်ခေါင်းဆောင်အချို့က ပြည်ခိုင်ဖြိုးပါတီ ကို မဲပေးရန် ဖိအားပေးမှုများရှိ နေကြောင်း လူမှုကွန်ရက်၌ ရေးသားခဲ့သူကို တပ်မတော်က တရားစွဲဆိုခဲ့ပြီးနောက် ထောင်ဒဏ် ၉ လ ချမှတ်ခံရသည့် တပ်မတော်သား မိသားစုဝင်အမျိုးသမီး မသ ဉ္ဇာသန်းကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က တွဲဖက်အထွေ ထွေအတွင်းရေးမှူး ဦးဘိုကြည်ကပြောသည်။
 
“မသ ဉ္ဇာသန်းမင်းကို ထောင်ကို တိုက်ရိုက် အကူညီပေးမှာ ရှိပါတယ်။ သူလွတ်မြောက်ရေးအတွက်လဲ ကျွန်တော်တို့အနေနဲ့ ကြိုးစားဆောင်ရွက်သွားမှာတွေတော့ရှိပါတယ်” ဟု ဦးဘိုကြည်ကပြောသည်။
 
မသ ဉ္ဇာသန်းမင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ်သက်မှတ်ခြင်းမှာ တပ်မိသားစုဝင်ဖြစ်ခြင်းကြောင့်မဟုတ်ဘဲ ဒီမိုကရေစီစနစ်အရ လွတ်လပ်စွာပြောဆိုပိုင်ခွင့်နှင့် တိုင်းရင်းသားတန်းတူရေးအရ သတ်မှတ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
 
အလားတူ “ကျွန်တော်တို့က တပ်မိသားစု ဝင်ရယ်လို့တော့မဟုတ်ဘူး အခြေခံလူအခွင့်အရေးတွေကို ကျင့်သုံး တာကို မကျင့်သုံးနိုင်အောင် ပိတ်ပင်တားဆီးတာတို့ ဒီမိုကရေစီအရေး လူအခွင့်အရေးတိုင်းရင်းသားတန်းတူ ရေးကို ကြိုးစားလုပ်ဆောင်ရင်း ဖမ်းဆီးခံရတဲ့သူတွေကို သတ်မှတ်တာပါ အတန်းစားတစ်ခုကို ရည်ရွယ်ပြီး သက်မှတ်တာတွေ မလုပ်ပါဘူး” ဦးဘိုကြည်ကပြောသည်။
 
ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပခုက္ကူတပ်မ (၁၀၁) လက်အောက်ခံတပ်ရင်း၌ ပြည်ခိုင်ဖြိုးကိုမဲပေးဖို့ တပ်တွင်း၌ ဖိအားရှိကြောင်း လူမူကွန်ယက်စာမျက်နှာတွင် ရေးတင်ခဲ့သည့် မသ ဉ္စာသန်းမင်းကို တပ်မတော်အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အရ ပခုက္ကူခရိုင်တရားရုံးက ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက အလုပ်နှင့် ထောင်ဒဏ် ၉ လ ချမှတ်ခဲ့ခြင်းဖြစ်သည်။
 
Photo – Credit
 
#PeopleMedia #လူ့အခွင့်အရေး #AAPP #နိုင်ကျဉ်း #ပခုက္ကူ #မသ ဉ္စာသန်းမင်း

Share this post