• Follow Us on

Home ထောင်ဖောက်ပြေးသော အကျဉ်းသား ၂၅၀ ကျော်ကို အင်ဒိုနီးရှား အစိုးရအာဏာပိုင်များ လိုက်လံရှာဖွေ

ထောင်ဖောက်ပြေးသော အကျဉ်းသား ၂၅၀ ကျော်ကို အင်ဒိုနီးရှား အစိုးရအာဏာပိုင်များ လိုက်လံရှာဖွေ

Share this post

အင်ဒိုနီးရှားအာဏာပိုင်တွေဟာ အနောက်ပါပူးဝါးပြည်နယ် အကျဉ်း ထောင်တစ်ခုက လွတ်မြောက်သွားတဲ အကျဉ်းသား ၂၅၀ ကျော်ကို လိုက်လံရှာဖွေလျက်ရှိနေပါတယ်။

အကျဉ်းထောင်ဖောက်မှုဟာ သြဂုတ်လ ၁၉ ရက်နေ့က ဆန္ဒပြသူေ တွဟာ မြို့အတော်များများမှာ လမ်းတွေကို ပိတ်ဆို့ဆန္ဒပြခဲ့ကြပြီး အကျဉ်းထောင်အပါအ၀င် အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးရာက ဖြစ်ပွားခဲ့တာပါ။

ဆန္ဒပြမှုဟာ အင်ဒိုနီးရှားအလံကို ပါပူးဝါးကျောင်းသားတွေက မလေး မစားပြုလုပ်ခဲ့တဲ့ ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆူရာဘာယာမှာ ကျောင်း သားတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာက စတင်ခဲ့တာဖြစ်ပါတယ်။

စုစုပေါင်း အကျဉ်းသား ၂၅၈ ဦးထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ထောင်သားငါးဦးသာ အကျဉ်းထောင်ကို ပြန်လည်ရောက်ရှိ လာခဲ့ ပါတယ်။

ထောက်ဖောက်ပြေးမှုမှာ ထောင်သားတွေကို တားဆီးခဲ့တဲ့ အကျဉ်းထောင်အရာရှိတွေနဲ့ ၀န်ထမ်းတွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Ref; Reuters


Share this post