• Follow Us on

Home ေဒသခံမ်ား ဘုိးဘြားစဥ္ဆက္ စုိက္ပ်ဳိးလာသည့္ ေျမႏုကၽြန္းကို အရပူရၿမိဳ႕ျပစီမံကိန္းမွ ၿခံခတ္၊ ေဒသခံ ေတာင္ သူမ်ားမွ တစ္ဦးလွ်င္ က်ပ္သိန္း (၃၀၀) ရရန္ ေတာင္းဆုိ

ေဒသခံမ်ား ဘုိးဘြားစဥ္ဆက္ စုိက္ပ်ဳိးလာသည့္ ေျမႏုကၽြန္းကို အရပူရၿမိဳ႕ျပစီမံကိန္းမွ ၿခံခတ္၊ ေဒသခံ ေတာင္ သူမ်ားမွ တစ္ဦးလွ်င္ က်ပ္သိန္း (၃၀၀) ရရန္ ေတာင္းဆုိ

Share this post

မႏၱေလး၊ ဒီဇင္ဘာ – ၂၆

မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ ရွမ္းေလးကြၽန္းေက်း႐ြာရွိ ေဒသခံမ်ား ဘိုးဘြားစဥ္ဆက္ စိုက္ပ်ိဳးလုပ္ ကိုင္ခဲ့သည့္ေျမႏုကြၽန္းကို အရပူရၿမိဳ႕ျပစီမံကိန္းမွ ၿခံခတ္လိုက္ျခင္းေၾကာင့္ ေဒသခံမ်ားက နစ္နာေၾကးေပးရန္ ဒီဇင္ဘာ ၂၆ ရက္ နံနက္ ၁၀ နာရီက ေတာင္းဆိုခဲ့ၾကသည္။

အဆိုပါေျမႏုကြၽန္းတြင္ ေဒသခံေတာင္သူမ်ားက ေျမပဲ ပဲအမ်ိဳးမ်ိဳးႏွင့္ ခ်ဥ္ေပါင္ပင္မ်ား စိုက္ပ်ိဳးလုပ္ကိုင္စား ေသာက္ေနျခင္းျဖစ္သည္။

လက္ရွိတြင္ ထိုေျမႏုကြၽန္းကို ညွိုႏိႈင္းေဆာင္႐ြက္ျခင္းမရွိဘဲ ၿခံစည္း႐ုိးကာရံလိုက္ျခင္းျဖစ္သည္ဟု ေတာင္းဆို ေနသည့္ ေဒသခံေတာင္သူမ်ားကဆိုသည္။

ေဒသခံ ၆၀ ဦးေက်ာ္ စိုက္ပ်ိဳးလုပ္ကိုင္ေနသည့္ ေျမႏုကြၽန္းကို ယခုႏွစ္ ေျမႏုကြၽန္းေပၚခ်ိန္ စက္တင္ဘာလ အတြင္းက အမရပူရၿမိဳ႕ျပစီမံကိန္းမွ ၿခံစည္း႐ုိးကာရံလိုက္ျခင္းေၾကာင့္ စိုက္ပ်ိဳးခြင့္ဆုံးရႈံးကာ စားဝတ္ေနေရး အခက္အခဲမ်ားျဖစ္ေပၚေနျခင္းေၾကာင့္ နစ္နာေၾကးအျဖစ္ တစ္ဦးကို က်ပ္သိန္း ၃၀၀ ရလိုေၾကာင္း ေတာင္း ဆိုေနၾကျခင္းလည္းျဖစ္သည္။

အဆိုပါစီမံကိန္းအတြက္ သုေသတနျပဳလုပ္ျခင္းကို ၂၀၁၄ခုႏွစ္မွ စတင္လုပ္ေဆာင္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ စီမံကိန္းကို စတင္အေကာင္အထည္ေဖာ္ေနျခင္းျဖစ္ၿပီး အသုံးျပဳေနေသာေျမမ်ားသည္ ေတာင္သူမ်ားထံမွ ကာလေပါက္ေစ်းျဖင့္ ညွိုႏွိုင္းဝယ္ယူလုပ္ကိုင္ေနျခင္းျဖစ္ကာ လက္ရွိတြင္ သဲဖို႔ျခင္းတို႔ကို ေဆာင္႐ြက္ေနျခင္း ျဖစ္သည္ဟု ဦးေက်ာ္ဝင္းက ေျပာသည္။

စီမံကိန္းဧရိယာကို ေ႐ႊလွံဘိုဘုန္းႀကီးေက်ာင္းအနီးမွ ေ႐ႊၾကက္ယက္အထိ ဧက ၂၅၀၀ ေက်ာ္ သတ္မွတ္ထား သည္။

#PeopleMedia

(Unicode)
ဒေသခံများ ဘိုးဘွားစဉ်ဆက် စိုက်ပျိုးလာသည့် မြေနုကျွန်းကို အရပူရမြို့ပြစီမံကိန်းမှ ခြံခတ်၊ ဒေသခံ တောင် သူများမှ တစ်ဦးလျှင် ကျပ်သိန်း(၃၀၀)ရရန် တောင်းဆို
……………………………………………………………

မန္တလေး၊ ဒီဇင်ဘာ – ၂၆

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းကျေးရွာရှိ ဒေသခံများ ဘိုးဘွားစဉ်ဆက် စိုက်ပျိုးလုပ် ကိုင်ခဲ့သည့်မြေနုကျွန်းကို အရပူရမြို့ပြစီမံကိန်းမှ ခြံခတ်လိုက်ခြင်းကြောင့် ဒေသခံများက နစ်နာကြေးပေးရန် ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီက တောင်းဆိုခဲ့ကြသည်။

အဆိုပါမြေနုကျွန်းတွင် ဒေသခံတောင်သူများက မြေပဲ ပဲအမျိုးမျိုးနှင့် ချဉ်ပေါင်ပင်များ စိုက်ပျိုးလုပ်ကိုင်စား သောက်နေခြင်းဖြစ်သည်။

လက်ရှိတွင် ထိုမြေနုကျွန်းကို ညှိုနှိုင်းဆောင်ရွက်ခြင်းမရှိဘဲ ခြံစည်းရိုးကာရံလိုက်ခြင်းဖြစ်သည်ဟု တောင်းဆို နေသည့် ဒေသခံတောင်သူများကဆိုသည်။

ဒေသခံ ၆၀ ဦးကျော် စိုက်ပျိုးလုပ်ကိုင်နေသည့် မြေနုကျွန်းကို ယခုနှစ် မြေနုကျွန်းပေါ်ချိန် စက်တင်ဘာလ အတွင်းက အမရပူရမြို့ပြစီမံကိန်းမှ ခြံစည်းရိုးကာရံလိုက်ခြင်းကြောင့် စိုက်ပျိုးခွင့်ဆုံးရှုံးကာ စားဝတ်နေရေး အခက်အခဲများဖြစ်ပေါ်နေခြင်းကြောင့် နစ်နာကြေးအဖြစ် တစ်ဦးကို ကျပ်သိန်း ၃၀၀ ရလိုကြောင်း တောင်း ဆိုနေကြခြင်းလည်းဖြစ်သည်။

အဆိုပါစီမံကိန်းအတွက် သုသေတနပြုလုပ်ခြင်းကို ၂၀၁၄ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် စီမံကိန်းကို စတင်အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး အသုံးပြုနေသောမြေများသည် တောင်သူများထံမှ ကာလပေါက်ဈေးဖြင့် ညှိုနှိုင်းဝယ်ယူလုပ်ကိုင်နေခြင်းဖြစ်ကာ လက်ရှိတွင် သဲဖို့ခြင်းတို့ကို ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဦးကျော်ဝင်းက ပြောသည်။

စီမံကိန်းဧရိယာကို ရွှေလှံဘိုဘုန်းကြီးကျောင်းအနီးမှ ရွှေကြက်ယက်အထိ ဧက ၂၅၀၀ ကျော် သတ်မှတ်ထား သည်။

#PeopleMedia


Share this post