• Follow Us on
Latest News

Home ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အာဃာတတရားများ၊ အငြိုးအတေးများမရှိစေရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အာဃာတတရားများ၊ အငြိုးအတေးများမရှိစေရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ (People Media)

 

မိမိတို့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အာဃာတတရားများ၊ အငြိုးအ တေးများ မရှိစေရေးအတွက် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် စိုက်ပျိုးရေးတောင်သူများအား ယမန်နေ့မွန်းလွဲပိုင်းတွင် မကွေးမြို့၊ မြို့တော် ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

 

“မိမိတို့အနေနဲ့ ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အာဃာတတရားတွေ၊ အငြိုး အတေးတွေ မရှိစေရေးအတွက် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ ပညာသင်ကြား ရေးအတွက်လည်း အားပေးဆောင်ရွက်ပေးလျက်ရှိသလို ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း တွေကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးသိပ္ပံကျောင်းများလည်း ထပ်မံဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါများရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းနည်းပါးသည်ကို တွေ့ရှိရကြောင်း၊ တန်းစဉ်ကူးပြောင်းမှုများ အား နည်းပြီး အတန်းပညာတတ်မြောက်မှုများ အားနည်းနေသေးသည်ကိုတွေ့ရှိရကြောင်း၊ တန်းစဉ်ကူးပြောင်းမှု တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေမှုများမရှိသည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း ဒေသအလိုက်ကွာခြားမှုများ များပြားကြောင်း၊ ထို့ကြောင့် ဒေသအလိုက်ကွာ ခြားမှုများမရှိစေရေး ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တာဝန်ရှိသူများအားလုံးက ဝိုင်း ဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စီးပွားရေးများဖွံ့ဖြိုးတိုးတက်စေရန်နှင့် သွားလာရေးများအဆင် ပြေစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါ များရေးအတွက် မူဝါဒချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့ အစည်းများအားလုံးအနေဖြင့် ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ မိမိတို့ဒေသတိုးတက်ရေးအတွက် အားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia #နစက #မကွေးတိုင်းဒေသကြီး

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 



Share this post