• Follow Us on
Latest News

Home ဒေသတွင်း၌ ကုန်ပစ္စည်းများထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး၊ ပြည်ပသွင်းကုန်များလျှော့ချ ရန် နစကဥက္ကဋ္ဌမှာကြား

ဒေသတွင်း၌ ကုန်ပစ္စည်းများထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး၊ ပြည်ပသွင်းကုန်များလျှော့ချ ရန် နစကဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၈

 

ဒေသတွင်း၌ ဆေးဝါးထုတ်ကုန်များ၊ အခြေခံလူသုံးကုန်ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး ပြည်ပသွင်းကုန်များ လျှော့ချရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ယမန်နေ့က ရှင်ပင်စက္ကိန်းတဲ စေတီတော်ပုရိဝုဏ်အတွင်းရှိ ရတနာသုခ ဓမ္မာရုံ အတွင်း၌ မင်းဘူးမြို့နှင့် စကုမြို့တို့မှ ရပ်မိရပ်ဖများအား တွေ့ဆုံစဉ် တိုက်တွန်းမှာကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး အတွက်လိုအပ်သည့် ရေများ လုံလောက်စွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မြစ်ရေတင်လုပ်ငန်း များဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ပွင့်ဖြူတွင် စိုက်ပျိုးရေးသိပ္ပံရှိပြီးဖြစ်ပြီး စကု၌ မွေးမြူရေးသိပ္ပံတစ်ခု ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတမှု၊ ကုန်ထုတ်လုပ်မှု စရိတ်များ ကြီးမြင့်မှုတို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်စေ နိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံ သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် သွင်းအားစုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကို အတတ်နိုင်ဆုံးလျှော့ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောသည်။

 

ဒေသတွင်း၌ ဆေးဝါးထုတ်ကုန်များ၊ အခြေခံလူသုံးကုန်ပစ္စည်းများ စားသောက် ကုန်ပစ္စည်းများ ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရန်လိုအပ်ကြောင်း၊ စက်သုံးဆီများကို လည်း ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံခြားငွေ သုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကာ ပြည်တွင်း၌ ငွေကြေး လည်ပတ်မှု အားကောင်းလာမည်ဖြစ်ကြောင်း၊ အလားတူ စားသုံးဆီများ သုံးစွဲရာတွင်လည်း ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုပုံစံဖြင့် စားသုံးရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြော သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က မကွေးတိုင်းဒေသကြီးရှိ မန်းရွှေစက်တော်ရာဘုရား၊ စကြာပန်းတောင်းစေတီတော်၊ ရှင်ပင် စက္ကိန်းတဲစေတီတော်နှင့် မကွေးမြသလွန်စေတီတော်မြတ်ကြီးတို့သို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 

#PeopleMedia


Share this post