• Follow Us on

Home ေဒသအက်ိဳးေဆာင္ရြက္နိုင္မည့္ ကိုယ္စားလွယ္ကို မဲေပးရန္ ေရစႀကိဳၿမိဳ႕ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဆို

ေဒသအက်ိဳးေဆာင္ရြက္နိုင္မည့္ ကိုယ္စားလွယ္ကို မဲေပးရန္ ေရစႀကိဳၿမိဳ႕ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဆို

Share this post

ရန္ကုန္၊စက္တင္ဘာ-၂၆
လာမည့္ေရြးေကာက္ပြဲ၌ မဲဆႏၵရွင္ ျပည္သူမ်ားအေနျဖင့္ ေဒသအက်ိဳးကို ေဆာင္ရြက္နိုင္မည့္ ကိုယ္စားလွယ္ကို မဲေပးေရြးခ်ယ္ရန္ ေရစႀကိဳၿမိဳ႕ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠဌ ဦးသိန္းလြင္က ေျပာဆိုလိုက္ပါတယ္။
ေရစႀကိဳၿမိဳ႕၌ မဲေပးခန္႔ရွိသူ (၁၇၀၀၀၀)ခန္႔ရွိၿပီး ရပ္ကြက္(၈)ရပ္ကြက္၊ရြာေပါင္း (၂၄၅)ရြာရွိပါတယ္။ ေရစႀကိဳၿမိဳ႕ မဲဆႏၵနယ္သည္ တစ္ေနရာထဲ၌ မေကြးတိုင္းေဒသႀကီး၏ အမ်ိဳးသားလႊတ္ေတာ္ တစ္ေနရာ ရရွိခဲ့သည့္ ၿမိဳ႕နယ္ တစ္ခုျဖစ္ပါတယ္။
“ေဒသအက်ိဳးကို ေဆာင္ရြက္ေပးနိုင္တဲ့ ကိုယ္စားလွယ္ကို မဲေပးဖို႔ မဲဆႏၵရွင္ေတြကို ေမတၱာရပ္ခံလိုပါတယ္။ပါတီၾကည့္တဲ့အခါ ပါတီမူဝါဒႏွင့္အစိုးရဖြဲ႕နိုင္မည့္ပါတီကို ေလ့လာသုံးသပ္ေရြးခ်ယ္ေပးဖို႔”ေရစႀကိဳၿမိဳ႕ ျပည္ခိုင္ၿဖိဳးပါတီဥကၠဌ ဦးသိန္းလြင္က ေျပာဆိုပါတယ္။
အဆိုပါမဲဆႏၵနယ္၌ျပည္ခိုင္ၿဖိဳးပါတီမွဦးခ်မ္းမင္း(ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း)၊ဦးသိန္းလြင္(အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း)၊တိုင္းအမွတ္(၁)ဦးျမင့္နိုင္၊တိုင္းအမွတ္(၂)ေဒၚစန္းစန္းရီ တို႔ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။
“ေရစႀကိဳၿမိဳ႕အတြက္ ကိုယ္စားလွယ္ေလာင္းေတြက ဦးခ်မ္းမင္းဆိုရင္ လူငယ္ က်ဴရွင္ဆရာ အထက္တန္းအတြက္ ပညာဒါန သင္ေပးတဲ့သူေတြ။ဦးသိန္းလြင္ဆိုရင္လည္း လူငယ္ေတြပါ။လူကိုၾကည့္ေပးရင္ ျပည္ခိုင္ၿဖိဳးကို မဲေပးမွာပါ။ဒီေရြးေကာက္ပြဲမွာ လူကိုၾကည့္ၿပီး မဲေပးမွာပါ”လို႔ အမွတ္(၈)ရပ္ကြက္ေန ျပည္သူတစ္ဦးက ေျပာပါတယ္။
ဦးခ်မ္းမင္းသည္ ေရစႀကိဳၿမိဳ႕ရွိ ျမတ္ေစတနာ ေဘာ္ဒါ၌ အထက္တန္းေက်ာင္းသားမ်ားကို ပညာဒါန သင္ၾကားေပးေနသည့္ ဆရာ တစ္ဦးျဖစ္ပါတယ္။အဆိုပါ ျမတ္ေစတနာ ေဘာ္ဒါေက်ာင္းကို ၂၀၁၃ ခုႏွစ္မွ စတင္ဖြင့္လွစ္ခဲ့ၿပီး ၂၀၁၉ ထိ အထက္တန္း ေက်ာင္းသားမ်ားကို ပညာေရး အခမဲ့ သင္ၾကားေပးခဲ့ပါတယ္။လက္ရွိအခ်ိန္၌ အဆိုပါ ေဘာ္ဒါေဆာင္သည့္ COVID-19 ေၾကာင့္ ယာယီပိတ္ထားပါတယ္။
လာမည့္ေရြးေကာက္ပြဲ၌ ကိုယ္နိုင္ငံ၊ကိုယ္ေဒသအတြက္ ေဆာင္ရြက္ေပးနိုင္မည့္ ကိုယ္စားလွယ္မ်ားကို မဲေပးရန္ ဦးခ်မ္းမင္း (ေရစႀကိဳၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း)က ေျပာပါတယ္။
အဆိုပါ မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ေနရာ၌ ေရစႀကိဳၿမိဳ႕၊ဆင္ေခ်ာင္းေက်းရြာ ဇာတိဖြား တပ္မေတာ္ စစ္ဥပေဒခ်ဳပ္(ၿငိမ္း) ဦးစိုးေမာင္လည္း ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။
ဦးစိုးေမာင္သည္ ၂၀၁၀ ေရြးေကာက္ပြဲ၌ ေရစႀကိဳၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ေနရာ၌ ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားျပဳ႕အျဖစ္ဝင္ေရာက္ယွဥ္ၿပိဳင္အနိုင္ရရွိခဲ့သူတစ္ဦးျဖစ္ပါတယ္။ထိုေနာက္နိုင္ငံေတာ္သမၼတ(ၿငိမ္း)ဦးသိန္းစိန္အစိုးရလက္ထက္၌နိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးအျဖစ္တာဝန္ထမ္းေဆာင္သူတစ္ဦးျဖစ္ပါတယ္။
ထို႔အတူ ဦးစိုးေမာင္သည္ ၂၀၁၅ ေရြးေကာက္ပြဲ၌ ေရစႀကိဳၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားျပဳ႕အေနျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ရာ NLD ပါတီ ကိုယ္စားလွယ္ကို ရႈံးနိမ့္ခဲ့ပါတယ္။
လက္ရွိအခ်ိန္၌ ဦးစိုးေမာင္သည္ အမ်ိဳးသားနိုင္ငံေရးဒီမိုကရက္တစ္ပါတီကို တည္ေထာင္ခဲ့ၿပီး အဆိုပါ ပါတီ၌ ဥကၠဌ အျဖစ္ တာဝန္ယူလ်က္ရွိပါတယ္။
#PeopleMedia #ေရစႀကိဳၿမိဳ႕ #2020election

(unicode)

ဒေသအကျိုးဆောင်ရွက်နိုင်မည့် ကိုယ်စားလှယ်ကို မဲပေးရန် ရေစကြိုမြို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဆို
ရန်ကုန်၊စက်တင်ဘာ-၂၆
လာမည့်ရွေးကောက်ပွဲ၌ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ဒေသအကျိုးကို ဆောင်ရွက်နိုင်မည့် ကိုယ်စားလှယ်ကို မဲပေးရွေးချယ်ရန် ရေစကြိုမြို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသိန်းလွင်က ပြောဆိုလိုက်ပါတယ်။
ရေစကြိုမြို့၌ မဲပေးခန့်ရှိသူ (၁၇၀၀၀၀)ခန့်ရှိပြီး ရပ်ကွက်(၈)ရပ်ကွက်၊ရွာပေါင်း (၂၄၅)ရွာရှိပါတယ်။ ရေစကြိုမြို့ မဲဆန္ဒနယ်သည် တစ်နေရာထဲ၌ မကွေးတိုင်းဒေသကြီး၏ အမျိုးသားလွှတ်တော် တစ်နေရာ ရရှိခဲ့သည့် မြို့နယ် တစ်ခုဖြစ်ပါတယ်။
“ဒေသအကျိုးကို ဆောင်ရွက်ပေးနိုင်တဲ့ ကိုယ်စားလှယ်ကို မဲပေးဖို့ မဲဆန္ဒရှင်တွေကို မေတ္တာရပ်ခံလိုပါတယ်။ပါတီကြည့်တဲ့အခါ ပါတီမူဝါဒနှင့်အစိုးရဖွဲ့နိုင်မည့်ပါတီကို လေ့လာသုံးသပ်ရွေးချယ်ပေးဖို့”ရေစကြိုမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသိန်းလွင်က ပြောဆိုပါတယ်။
အဆိုပါမဲဆန္ဒနယ်၌ပြည်ခိုင်ဖြိုးပါတီမှဦးချမ်းမင်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)၊ဦးသိန်းလွင်(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း)၊တိုင်းအမှတ်(၁)ဦးမြင့်နိုင်၊တိုင်းအမှတ်(၂)ဒေါ်စန်းစန်းရီ တို့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
“ရေစကြိုမြို့အတွက် ကိုယ်စားလှယ်လောင်းတွေက ဦးချမ်းမင်းဆိုရင် လူငယ် ကျူရှင်ဆရာ အထက်တန်းအတွက် ပညာဒါန သင်ပေးတဲ့သူတွေ။ဦးသိန်းလွင်ဆိုရင်လည်း လူငယ်တွေပါ။လူကိုကြည့်ပေးရင် ပြည်ခိုင်ဖြိုးကို မဲပေးမှာပါ။ဒီရွေးကောက်ပွဲမှာ လူကိုကြည့်ပြီး မဲပေးမှာပါ”လို့ အမှတ်(၈)ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ဦးချမ်းမင်းသည် ရေစကြိုမြို့ရှိ မြတ်စေတနာ ဘော်ဒါ၌ အထက်တန်းကျောင်းသားများကို ပညာဒါန သင်ကြားပေးနေသည့် ဆရာ တစ်ဦးဖြစ်ပါတယ်။အဆိုပါ မြတ်စေတနာ ဘော်ဒါကျောင်းကို ၂၀၁၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ထိ အထက်တန်း ကျောင်းသားများကို ပညာရေး အခမဲ့ သင်ကြားပေးခဲ့ပါတယ်။လက်ရှိအချိန်၌ အဆိုပါ ဘော်ဒါဆောင်သည့် COVID-19 ကြောင့် ယာယီပိတ်ထားပါတယ်။
လာမည့်ရွေးကောက်ပွဲ၌ ကိုယ်နိုင်ငံ၊ကိုယ်ဒေသအတွက် ဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်များကို မဲပေးရန် ဦးချမ်းမင်း (ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)က ပြောပါတယ်။
အဆိုပါ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာ၌ ရေစကြိုမြို့၊ဆင်ချောင်းကျေးရွာ ဇာတိဖွား တပ်မတော် စစ်ဥပဒေချုပ်(ငြိမ်း) ဦးစိုးမောင်လည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ဦးစိုးမောင်သည် ၂၀၁၀ ရွေးကောက်ပွဲ၌ ရေစကြိုမြို့ ပြည်သူ့လွှတ်တော်နေရာ၌ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု့အဖြစ်ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ထိုနောက်နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်အစိုးရလက်ထက်၌နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်သူတစ်ဦးဖြစ်ပါတယ်။
ထို့အတူ ဦးစိုးမောင်သည် ၂၀၁၅ ရွေးကောက်ပွဲ၌ ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု့အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ NLD ပါတီ ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ပါတယ်။
လက်ရှိအချိန်၌ ဦးစိုးမောင်သည် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့ပြီး အဆိုပါ ပါတီ၌ ဥက္ကဌ အဖြစ် တာဝန်ယူလျက်ရှိပါတယ်။
#PeopleMedia #ရေစကြိုမြို့ #2020election


Share this post