• Follow Us on

Home ဒေါက်တာဆာဆာထံမှ R2P တောင်းဆိုထားသော စာတစ်စောင် ကုလသမဂ္ဂ လက်ခံရရှိ

ဒေါက်တာဆာဆာထံမှ R2P တောင်းဆိုထားသော စာတစ်စောင် ကုလသမဂ္ဂ လက်ခံရရှိ

Share this post

နိုင်ငံတကာ၊ မတ် ၉ (People Media)
 
လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်ဖြိုခွင်းမှုကို ရပ်တန့်ရာတွင် ပြည်ပ၏ ဝင်ရောက်စွက်ဖက်မှု တောင်း ဆိုထားသည့် စာတစ်စောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လက်ခံရရှိခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ယနေ့ အတည်ပြုလိုက်သည်။
 
ကုလသမဂ္ဂဆိုင်ရာ မြန်မာလွှတ်တော် သံတမန် ဒေါက်တာဆာဆာက မြန်မာ့အရေးတွင် R2P ဖြင့် အရေး ယူမှုဆောင်ရွက်ရန် တိုက်တွန်းထားသည့် စာတစ်စောင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာ ရက်စ်ထံ ပြီးခဲ့သည့်အပတ်အတွင်း ပေးပို့ခဲ့ကြောင်း သိရသည်။
 
R2P ဆိုသည်မှာ လူသားမဆန်သော ပြစ်မှုများ ကျူးလွန်မှုတားဆီးရာတွင် နောက်ဆုံးဖြေရှင်းသည့် အစီ အမံတစ်ခုအဖြစ် ပြည်ပတပ်ဖွဲ့များက စစ်ရေးအရ တိုက်ခိုက်ခြင်းဖြစ်သည်။
 
“ကျွန်တော်တို့ စာတစ်စောင် လက်ခံရရှိခဲ့ပါတယ်။ အရေးပါတဲ့ ပါဝင်ပတ်သက်သူတွေနဲ့ ထိတွေ့မှုအဖြစ် အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ အထူးသံတမန်အပါအဝင် ကုလသမဂ္ဂ တာဝန်ရှိသူတွေက ရွေး ကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ထိတွေ့ဆက်ဆံနေပါတယ်” ဟု ၎င်းက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။
 
မြန်မာနိုင်ငံ၌ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းယူကာ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အစိုးရထိပ်တန်း တာဝန်ရှိသူများ၊ NLD ပါတီဝင် များကို ထိန်းသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း လူထုဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိသည်။
 
Ref; UN receives letter from Myanmar envoy calling for intervention –Spokesman
 
(unicode)
…………………………………….
 
 
 
 
 
 
 
Ref; UN receives letter from Myanmar envoy calling for intervention –Spokesman

Share this post