• Follow Us on

Home ေဒါက္တာေအးေမာင္အား ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္မွ ပယ္ဖ်က္၊ လာမည့္ေရြးေကာက္ပြဲမ်ား တြင္ ကိုယ္စားလွယ္ေလာင္းအျဖစ္ ပါ၀င္ယွဥ္ၿပိဳင္ခြင့္မရွိေတာ့ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္

ေဒါက္တာေအးေမာင္အား ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္မွ ပယ္ဖ်က္၊ လာမည့္ေရြးေကာက္ပြဲမ်ား တြင္ ကိုယ္စားလွယ္ေလာင္းအျဖစ္ ပါ၀င္ယွဥ္ၿပိဳင္ခြင့္မရွိေတာ့ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္

Share this post

ရန္ကုန္၊ ေမ ၂၀

 

ေဒါက္တာေအးေမာင္အား ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္မွ ပယ္ဖ်က္လိုက္ေၾကာင္း ေမလ ၁၈ ရက္ ေန႔စြဲျဖင့္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

 

အဆိုပါထုတ္ျပန္ခ်က္တြင္ ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္၊ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ ေအး ေမာင္အား မတ္လ ၁၉ ရက္ေန႔မွစတင္၍ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဆက္လက္ရပ္တည္ပိုင္ခြင့္ မရွိေတာ့ေၾကာင္းႏွင့္ ၎အား ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးေကာက္တင္ေျမႇာက္ခံထားရသူ အျဖစ္မွ ပယ္ဖ်က္လိုက္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

 

ထို႔အျပင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္မွ ပယ္ဖ်က္ျခင္းခံရေသာ ေဒါက္တာေအးေမာင္သည္ ျပည္သူ႔ လႊတ္ေတာ္ေရြးေကာက္ပြဲ ဥပေဒပုဒ္မ ၈၈၊ ပုဒ္မခြဲ(က)အရ ယေန႔မွစ၍ လာမည့္ေရြးေကာက္ပြဲမ်ားတြင္ ျပည္သူ႔ လႊတ္ေတာ္၊ အမ်ဳိးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီး(သို႔မဟုတ္) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အျဖစ္ ပါ၀င္ယွဥ္ၿပိဳင္ခြင့္မရွိေတာ့ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ေၾကညာခ်က္ထုတ္ ျပန္ခဲ့ သည္။

 

အလားတူပင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးေကာက္တင္ေျမႇာက္ခံရၿပီးေနာက္ ျပည္သူ႔လႊတ္ ေတာ္ေရြးေကာက္ပြဲ ဥပေဒပုဒ္မ ၁၁၊ ပုဒ္မခြဲ(ဃ)ႏွင့္ ၿငိစြန္းသျဖင့္ စစ္ေတြခ႐ိုင္တရား႐ံုးမွ စီရင္ခ်မွတ္သည့္ အထက္ပါအတိုင္း ပယ္ဖ်က္လိုက္ေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

 

#PeopleMedia

(Unicode)

ဒေါက်တာအေးမောင်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်၊ လာမည့်ရွေးကောက်ပွဲများ တွင် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိတော့ကြောင်း ကြေညာချက်ထုတ်ပြန် …………………………………………………………………………….

ရန်ကုန်၊ မေ ၂၀

ဒေါက်တာအေးမောင်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း မေလ ၁၈ ရက် နေ့စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေး မောင်အား မတ်လ ၁၉ ရက်နေ့မှစတင်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနှင့် ၎င်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူ အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခြင်းခံရသော ဒေါက်တာအေးမောင်သည် ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈၈၊ ပုဒ်မခွဲ(က)အရ ယနေ့မှစ၍ လာမည့်ရွေးကောက်ပွဲများတွင် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်ထုတ် ပြန်ခဲ့ သည်။

အလားတူပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ပြည်သူ့လွှတ် တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(ဃ)နှင့် ငြိစွန်းသဖြင့် စစ်တွေခရိုင်တရားရုံးမှ စီရင်ချမှတ်သည့် အထက်ပါအတိုင်း ပယ်ဖျက်လိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

#PeopleMedia


Share this post