• Follow Us on

Home ဒေါပုံမြို့နယ်၌ လမ်းဘေးအထည်ရောင်းချနေသည့် NLD ပါတီ ထောက်ခံသူတစ်ဦး ဒလန်ဟု စွပ်စွဲချက်ဖြင့် သေနတ်ဖြင့် လုပ်ကြံခြင်းခံရ

ဒေါပုံမြို့နယ်၌ လမ်းဘေးအထည်ရောင်းချနေသည့် NLD ပါတီ ထောက်ခံသူတစ်ဦး ဒလန်ဟု စွပ်စွဲချက်ဖြင့် သေနတ်ဖြင့် လုပ်ကြံခြင်းခံရ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၆ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ကျည်စုရပ်ကွက်၌ ယနေ့ နံနက်ပိုင်းက လမ်းဘေးအထည်ရောင်းချနေ သည့် NLD ပါတီထောက်ခံသူ ဒေါ်ခင်စန်းလွင်သည် ဒလန်ဟု စွပ်စွဲခံရပြီးနောက် သေနတ်ဖြင့် လုပ်ကြံခြင်းခံရ၍ သေဆုံးခဲ့သည်။

 

ဒေါ်ခင်စန်းလွင်ဆိုသူသည် ယနေ့နံနက်ပိုင်း၌ ကျည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းနှင့် ကန်သာယာ (၂) လမ်း ထောင့်တွင် အထည်ရောင်းချရန် ဆိုင်ခင်းနေစဉ် အမည်မသိ သေနတ်သမားနှစ်ဦးက ရောက်ရှိလာပြီး သေ နတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့ခြင်း ဖြစ်သည်။

 

“အခုလုပ်ကြံခံရတဲ့သူက NLD ပါတီအမာခံတစ်ဦးပါ။ လိုင်းပေါ်မှာ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ရှိရင် အကောင့် အတုတွေနဲ့ ဒလန်လို့ရတယ်။ လုပ်ကြံတဲ့သူတွေက ဒလန်ဆိုတာကို ဘယ်လို အဖြေထုတ်ပြီး လုပ်ကြံနေလည်း နားမလည်ဘူး။ အခုက အွန်လိုင်းပေါ်မှာ အကောင့်တုတွေနဲ့ ရေးနေတာတွေကို သေနတ်သမားတွေက လိုက် ပြီး လုပ်ကြံနေတာ။ ရွေးကောက်ပွဲမှာ NLD ဘက်ကနေ တက်တက်ကြွကြွပါဝင်ခဲ့သူပါ။ ပြီးတော့ ဆန္ဒပြပွဲတွေမှာ လည်း ပါဝင်ခဲ့သူပါ” လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့်လပိုင်းက သာကေတမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်များတွင် NLD ပါတီဝင်များသည် ဒလန်ဟု စွပ်စွဲ ခံရပြီး လုပ်ကြံခြင်းခံရလျက်ရှိသည်။ လက်ရှိအချိန်၌ သေနတ်သမားများသည် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ဒလန်ဟု စွပ်စွဲခံရသူများကို လုပ်ကြံသတ်ဖြတ်လျက်ရှိသည်။

 

#PeopleMedia #ဒေါပုံ #NLD

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post