• Follow Us on

Home ဒေါပုံမြို့နယ် ဆေးစက်ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ တူဖြစ်သူ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

ဒေါပုံမြို့နယ် ဆေးစက်ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ တူဖြစ်သူ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၁ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ တူဖြစ်သူအား အမည်မသိ လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့် လာရောက်လုပ်ကြံသတ်ဖြတ်မှု ယနေ့နံနက် အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် အဆိုပါ အုပ်ချုပ်ရေးမှူး၏ တူ ဖြစ်သူသည် အမျိုးသမီးဖြစ်သူအား ရုံးသွားရန် လမ်းထိပ်သို့ လိုက်ပို့ရာတွင် ယခုကဲ့သို့ သေနတ်ဖြင့် လုပ် ကြံသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

 

“ဒီနေ့ မနက်မှ ဖြစ်တာ အခု သေသွားတဲ့သူက သူ့အမျိုးသမီးကို အမြဲလိုက်ပို့နေကျပဲ သူက သဘောလည်း ကောင်းပါတယ်၊ အခုလို လုပ်ကြံခံရတာ ဘာကြောင်လဲတော့ မသိဘူး” ဟု ရပ်ကွက်အတွင်းနေထိုင်သူများက မှတ်ချက်ပြုပါတယ်။

 

အထက်ပါ အမျိုးသားအား အမည်မသိလက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ပစ်ခေတ်မှုဒဏ်ရာကြောင့် အုပ်ချုပ်ရေးမှူး၏ တူဖြစ်သူသည် နေရာမှာပင် သေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ သေဆုံးသူ အမျိုးသားအား တပ်မတော်သတင်းပေးဟု စွတ်စွဲပြောဆိုမှုများရှိနေပြီး ယင်းအပေါ်တွင် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသော်လည်း လူမှုကွန်ယက်သတင်းစာမျက်နာတချို့တွင် တပ်မတော် သတင်းပေးဟု၍ ဖော်ပြလျက်ရှိသည်။

 

#PeopleMedia #ဒေါပုံ

(unicode)

ဒေါပုံမွို့နယျ ဆေးစကျရပျကှကျ အုပျခြုပျရေးမှူး၏ တူဖွဈသူ သနေတျဖွင့ျ လုပျကွံသတျဖွတျခံရ

…………………………………………………………………….

 


 


 


 


 


 


 



Share this post