• Follow Us on

Home ေဒၚခင္ၾကည္ေဖာင္ေဒးရွင္မွ စစ္ေဘးေရွာင္ျပည္သူမ်ားေနထိုင္ရန္ ေနအိမ္အလုံး ၅၀ ေဆာက္ လုပ္လွဴဒါန္း

ေဒၚခင္ၾကည္ေဖာင္ေဒးရွင္မွ စစ္ေဘးေရွာင္ျပည္သူမ်ားေနထိုင္ရန္ ေနအိမ္အလုံး ၅၀ ေဆာက္ လုပ္လွဴဒါန္း

Share this post

ကေလး၊ ဇန္နဝါရီ – ၁၆

ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕နယ္ သီကီးရ္ေက်းရြာတြင္ ပလက္ဝၿမိဳ႕နယ္ စစ္ေဘးေရွာင္ျပည္သူမ်ားေနထိုင္ရန္အတြက္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းမွ ေနအိမ္အလုံး ၅၀ ေဆာက္လုပ္လွဴဒါန္းေနေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီးဦးေပါင္လြန္မင္းထန္ကေျပာသည္။

အိမ္အလုံး ၅၀ ကို ဒီဇင္ဘာဒုတိယအပတ္မွစတင္တည္ေဆာက္ခဲ့ရာ ယခုလက္ရွိ ၆၀ ရာခိုင္ႏႈန္းေက်ာ္ၿပီးစီးေနၿပီျဖစ္ကာ
ေဖေဖာ္ဝါရီလတြင္ အၿပီးတည္ေဆာက္ၿပီး ေနရာခ်ေပးသြားမည္ျဖစ္သည္။

“ပလက္ဝၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲေတြျဖစ္ေတာ့ ေဒသခံစစ္ေဘးေရွာင္ေတြနဲ႔ထန္တလန္ၿမိဳ႕နယ္ဘက္က လူမ်ိဳးေတြက စကားခ်င္းလဲနီးစပ္တာေပါ႔။နီးစပ္ေတာ့ ဒီကိုလာခ်င္တယ္ေပါ႔ ကမ္းလွမ္းလာေတာ့ ဟိုတေလာကလဲ တစ္ဖြဲ႕ေရာက္လာတယ္။တျခားလူေတြ နယ္ေျမလုံၿခဳံတဲ့ဆီမွာ ေနခ်င္တယ္ေပါ႔။အဲဒါဆိုေတာ့ ဒီကိုေျပာင္းလာရင္ေတာ့ ေနထိုင္လို႔ရေအာင္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက ေနအိမ္အလုံး ၅၀ ေဆာက္လုပ္လွဴဒါန္းေပးတာပါ။ေရတို႔lမီးတို႔လဲရေအာင္လုပ္ေပးမွာပါ”ဟု ဦးေပါင္လြန္မင္းထန္ကေျပာသည္။

အဆိုပါေနအိမ္အလုံး ၅၀ အတြက္
တစ္အိမ္လ်င္ (၆၅) သိန္းႏႈန္းျဖင့္ စုစုေပါင္းက်ပ္ေငြသိန္း (၃၀၀၀) ေက်ာ္ လ်ာထားၾကၿပီး (၂၄ ေပ x ၂၄ ေပ x ၁၀ ေပ) အတိုင္းအတာရွိ ေနအိမ္ (၅၀) လုံးကို တည္ေဆာက္ေပးေနျခင္းလည္းျဖစ္သည္။

၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ ၁၅ ရက္ေန႔က လက္ဝၿမိဳ႕နယ္ မီးဇာေက်းရြာမွ စစ္ေဘးေရွာင္ျပည္သူ အိမ္ေထာင္စု ၂၀ႏွင့္လူဦးေရ ၁၀၀ ဦး တို႔သည္ ခ်င္းျပည္နယ္အစိုးရအစီအစဉ္ျဖင့္ ထန္တလန္ၿမိဳ႕နယ္ သီကီးရ္ေက်းရြာတြင္ ေရႊ႕ေျပာင္းခဲ့ၿပီး အဆိုပါေက်းရြာတြင္ အစိုးရကေဆာက္လုပ္ခဲ့သည့္ တန္ဖိုးနည္း အိမ္ ၂၄ လုံးအတင့္ရွိေနသည့္အတြက္ ေနရာခ်ထားေပးခဲ့ျခင္းျဖစ္သည္။

“အဲတုန္းက ေရႊေျပာင္းလာသူေတြ ေနဖို႔ထိုင္ဖို႔၊ ေရတို႔၊ မီးတို႔၊ သူတို႔စားဖို႔ေသာက္ဖို႔အတြက္ ခ်င္းျပည္နယ္အစိုးရက လုပ္ေပးတယ္။ ျပည္ေထာင္စုအစိုးရကေတာ့ စစ္ေဘးေရွာင္ေတြ ေထာက္ပံ့တဲ့ႏႈန္းသားအတိုင္း ေထာက္ပံေပးတယ္”ဟုဦးစိုးထက္ကေျပာသည္။

ထန္တလန္ၿမိဳ႕နယ္ သီကီးရ္ေက်းရြာသို႔ ေရႊေျပာင္းေနထိုင္သူမ်ားႏွင့္ေနာက္ထပ္ေရႊေျပာင္းေနထိုင္သူမ်ားအတြက္ ခ်င္းျပည္နယ္အစိုးကအဖြဲ႕မွ အသက္ေမြးဝမ္းေက်ာင္းအတြက္ ေတာင္ယာလုပ္ငန္းလုပ္ကိုင္ႏိုင္ေရးအတြက္ စိစဉ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

#peoplemedia #ThuriyaHtet

ဓာတ္ပုံ – ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်မှ စစ်ဘေးရှောင်ပြည်သူများနေထိုင်ရန် နေအိမ်အလုံး ၅၀ ဆောက် လုပ်လှူဒါန်း
………………………………………………………………………………………………..

ကလေး၊ ဇန်နဝါရီ – ၁၆

ချင်းပြည်နယ် ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာတွင် ပလက်ဝမြို့နယ် စစ်ဘေးရှောင်ပြည်သူများနေထိုင်ရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ နေအိမ်အလုံး ၅၀ ဆောက်လုပ်လှူဒါန်းနေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောသည်။

အိမ်အလုံး ၅၀ ကို ဒီဇင်ဘာဒုတိယအပတ်မှစတင်တည်ဆောက်ခဲ့ရာ ယခုလက်ရှိ ၆၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကာ
ဖေဖော်ဝါရီလတွင် အပြီးတည်ဆောက်ပြီး နေရာချပေးသွားမည်ဖြစ်သည်။

“ပလက်ဝမြို့နယ်ဘက်မှာ တိုက်ပွဲတွေဖြစ်တော့ ဒေသခံစစ်ဘေးရှောင်တွေနဲ့ထန်တလန်မြို့နယ်ဘက်က လူမျိုးတွေက စကားချင်းလဲနီးစပ်တာပေါ့။နီးစပ်တော့ ဒီကိုလာချင်တယ်ပေါ့ ကမ်းလှမ်းလာတော့ ဟိုတလောကလဲ တစ်ဖွဲ့ရောက်လာတယ်။တခြားလူတွေ နယ်မြေလုံခြုံတဲ့ဆီမှာ နေချင်တယ်ပေါ့။အဲဒါဆိုတော့ ဒီကိုပြောင်းလာရင်တော့ နေထိုင်လို့ရအောင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက နေအိမ်အလုံး ၅၀ ဆောက်လုပ်လှူဒါန်းပေးတာပါ။ရေတို့lမီးတို့လဲရအောင်လုပ်ပေးမှာပါ”ဟု ဦးပေါင်လွန်မင်းထန်ကပြောသည်။

အဆိုပါနေအိမ်အလုံး ၅၀ အတွက်
တစ်အိမ်လျင် (၆၅) သိန်းနှုန်းဖြင့် စုစုပေါင်းကျပ်ငွေသိန်း (၃၀၀၀) ကျော် လျာထားကြပြီး (၂၄ ပေ x ၂၄ ပေ x ၁၀ ပေ) အတိုင်းအတာရှိ နေအိမ် (၅၀) လုံးကို တည်ဆောက်ပေးနေခြင်းလည်းဖြစ်သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က လက်ဝမြို့နယ် မီးဇာကျေးရွာမှ စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု ၂၀နှင့်လူဦးရေ ၁၀၀ ဦး တို့သည် ချင်းပြည်နယ်အစိုးရအစီအစဉ်ဖြင့် ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာတွင် ရွှေ့ပြောင်းခဲ့ပြီး အဆိုပါကျေးရွာတွင် အစိုးရကဆောက်လုပ်ခဲ့သည့် တန်ဖိုးနည်း အိမ် ၂၄ လုံးအတင့်ရှိနေသည့်အတွက် နေရာချထားပေးခဲ့ခြင်းဖြစ်သည်။

“အဲတုန်းက ရွှေပြောင်းလာသူတွေ နေဖို့ထိုင်ဖို့၊ ရေတို့၊ မီးတို့၊ သူတို့စားဖို့သောက်ဖို့အတွက် ချင်းပြည်နယ်အစိုးရက လုပ်ပေးတယ်။ ပြည်ထောင်စုအစိုးရကတော့ စစ်ဘေးရှောင်တွေ ထောက်ပံ့တဲ့နှုန်းသားအတိုင်း ထောက်ပံပေးတယ်”ဟုဦးစိုးထက်ကပြောသည်။

ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာသို့ ရွှေပြောင်းနေထိုင်သူများနှင့်နောက်ထပ်ရွှေပြောင်းနေထိုင်သူများအတွက် ချင်းပြည်နယ်အစိုးကအဖွဲ့မှ အသက်မွေးဝမ်းကျောင်းအတွက် တောင်ယာလုပ်ငန်းလုပ်ကိုင်နိုင်ရေးအတွက် စိစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

#peoplemedia #ThuriyaHtet

ဓာတ်ပုံ – ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း


Share this post