• Follow Us on

Home ဒေါ်နယ်ထရမ့်က ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအတွက် စိတ်မချရတဲ့လူမှုကွန်ရက်ကို အသုံးပြုရန် ကြိုးပမ်းနေ 

ဒေါ်နယ်ထရမ့်က ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအတွက် စိတ်မချရတဲ့လူမှုကွန်ရက်ကို အသုံးပြုရန် ကြိုးပမ်းနေ 

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၄ (People Media)

 

လတ်တလောကာလတွေမှာ ဒေါ်နယ်ထရမ့်လောက် အငြင်းပွားစရာကောင်းတဲ့အလုပ်တွေ လုပ်နေတဲ့သူ မရှိသ လောက်ပဲလို့ ဆိုနိုင်ပါတယ်။ ထရမ့်ကို တွစ်တာ၊ ဖေ့စ်ဘွတ်ခ်၊ ယူကျု စတဲ့လူမှုကွန်ရက်တွေ သုံးစွဲခွင့်ပိတ်ပင် လိုက်ပြီး တစ်နှစ်အကြာမှာတော့ ထရမ့်စီစဉ်လိုက်တဲ့ Truth Social ဆိုတဲ့လူမှုကွန်ရက်အသစ်တစ်ခုဟာ Apple Application Store မှာ ပွဲဦးထွက် ပေါ်ထွက်လာပြီဖြစ်ပါတယ်။

 

Truth Social ဆိုတဲ့လူမှုကွန်ရက်ပလက်ဖောင်းကို application မှာရော website မှာပါ ရယူနိုင်ပြီး ဖေဖော်ဝါရီ လ ၂၁ ရက်နေ့ကစပြီး US Apple App Store ကနေ download လုပ် ရယူနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ Truth Social ပလက်ဖောင်းဟာအလွန်ခေတ်စားလာနေပါတယ်။ မကြာခင်မှာ Google Play Store နဲ့ တခြား တိုင်းပြည်တွေမှာ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

 

သမ္မတများနေ့မှာ Truth Social ပလက်ဖောင်း ထွက်ပေါ်လာတာဟာ မတော်တဆတိုက်ဆိုင်မှုတော့ မဟုတ် ဘူးလို့ဆိုပါတယ်။ Truth Social ဝက်ဘ်ဆိုက်ဟာ ဟက်ကာတွေရဲ့ပစ်မှတ်ထားခံနေရတဲ့ဝက်ဘ်ဆိုက်လို့လည်း သိထားကြပါ တယ်။ လောလောဆယ်အချိန်မှာ ဆိုင်ဘာလုံခြုံရေးအဆင့်မြှင့်တင်ဖို့အတွက် ဒီဝက်ဘ်ဆိုက်ကို ပိတ်ထား တယ်လို့လည်းသိရပါတယ်။

 

Truth Social ပလက်ဖောင်းဟာ အသုံးပြုသူတွေရဲ့ ဘရောက်ဇာအသုံးပြုမှုသမိုင်းကြောင်း၊ ဖုန်းနံပတ်တွေအ ပါအဝင် ဆက်သွယ်ရေးသတင်းအချက်အလက်တွေနဲ့ အသုံးပြုသူတွေတင်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ စတဲ့ သ တင်းအချက်အလက်တွေကို သိမ်းဆည်းထားမယ်လို့ ထရမ့်မီဒီယာနဲ့ နည်းပညာအုပ်စု Trump Media and Technology Group က ပြောပါတယ်။ ဒီပလက်ဖောင်းဟာ အသုံးပြုသူတွေရဲ့ အတွေ့အကြုံတွေကိုလည်း စု ဆောင်းထားမှာဖြစ်တယ်လို့ဆိုပါတယ်။

 

ဒါပေမဲ့လည်း ဒီစုဆောင်းထားတဲ့သတင်းအချက်အလက်တွေကို ဖော်ပြရာမှာ သုံးစွဲသူရဲ့ သရုပ်လက္ခဏာကို မ ဖော်ပြဘူးဆိုပေမဲ့ သုံးစွဲသူရဲ့ အီးမေးလိပ်စာနဲ့ ID တွေပါဝင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သုံးစွဲသူ၍ ကိုယ်ရေး အ ချက်အလက်တွေကို အတည်ပြုမှတ်တမ်းတင်ထားတာလို့ ဆိုနိုင်ပါတယ်။

 

ဒီလိုသတင်းအချက်အလက်တွေက ထရမ့်အောင်ပွဲရခဲ့တဲ့ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ လည်း ထရမ့်ကိုအထောက်အကူပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ကွန်ပျူတာနဲ့ သတင်းအချက်အလက်တွေခွဲခြမ်း စိတ်ဖြာမှုတွေလုပ်ဆောင်မှုဟာ နိုင်ငံရေးလောကမှာ ကစားပွဲပြောင်းလဲသူဖြစ်လာပါတယ်။

 

Truth Social အသုံးပြုသူရဲ့ကြားခံဆက်သွယ်ရေးစနစ်ဟာ တွစ်တာရဲ့ကြားခံဆက်သွယ်ရေးစနစ်နဲ့ မနီးယိုးစွဲ တူလွန်းနေတာကလည်း မတော်တဆတိုက်ဆိုင်မှုမဟုတ်ဘူးလို့ဆိုပါတယ်။ ထရမ့်ကို လူမှုကွန်ရက်ပလက် ဖောင်း ပိုင်နိုင်ကျွမ်းကျင်သူအဖြစ် တွစ်တာပူးတွဲတည်ထောင်သူ အီဗန်ဝီလျံစ်က ၂၀၁၉ ခုနှစ်က အင်တာဗျူး တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

 

ထရမ့်ကို လူမှုကွန်ရက်တွေက မပိတ်ပင်ခင် သူ့ကိုထိခိုက်စေမယ့် ပြဿနာတွေဆီကနေ လမ်းကြောင်းပြောင်း ဖို့အတွက် ထရမ့်က တွစ်တာကို အသုံးပြုခဲ့ပါတယ်။ တချို့ပြဿနာတွေနဲ့ပတ်သက်ပြီးရေးသားထားတဲ့သတင်း တွေကို ကာကွယ်တားဆီးနိုင်ဖို့အတွက် လမ်းကြောင်းမတူတဲ့တွစ်တာပို့စ်တွေကို အသုံးပြုနိုင်တယ်လို့ သုတေ သနရလဒ်တွေကို အကြံပြုထားပါတယ်။

 

ဥပမာအနေနဲ့ ရောဘတ်မြူလာရဲ့ စုံစမ်းစစ်ဆေးမှုအကြောင်းတွေကို မီဒီယာတွေကဖော်ပြထားတဲ့သတင်းတွေ ကို အဆက်အစပ်မရှိတဲ့ပြဿာနာတွေအကြောင်းကို ထရမ့်ရဲ့တွစ်တာကနေဖော်ပြခြင်းအားဖြင့် တုံ့ပြန်တိုက် ဖျက်ခဲ့ပါတယ်။ အဲဒီလိုလုပ်ခဲ့တဲ့အတွက် မြူလာရဲ့စုံစမ်းစစ်ဆေးမှုအကြောင်း ရေးသားခဲ့တဲ့သတင်းတွေကို လျှော့ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။

 

ဒီအချက်တွေအားလုံးဟာ ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲအတွက် ဒေါ်နယ်ထရမ့်တစ်ယောက် ရွေးကောက်ပွဲမဲဆွယ် မှုတွေ စတင်လုပ်ဆောင်နေပြီဆိုတာကို ထင်ထင်ရှားရှားဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ သမ္မတဟောင်း ဒေါ်နယ် ထရမ့်ဟာ ၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲရှုံးနိမ့်ပြီးတဲ့နောက် သက်သောင့်သက်သာ အနားယူမယ့်အစား ရွေးကောက်ပွဲကို စောင့်မျှော်နေ တဲ့သမ္မတလောင်းတစ်ယောက်လို ပြုမူဆောင်ရွက်နေပြီး လူထုအာရုံစိုက်မှုကို  ရအောင် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

 

Ref: Commentary: Is Trump using a dubious social media platform to gear up for a 2024 presidential run?

 

#PeopleMedia

 

(unicode)


……………………………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 

Ref: Commentary: Is Trump using a dubious social media platform to gear up for a 2024 presidential run?

 

#PeopleMedia


Share this post