• Follow Us on
Latest News

Home ဒေါ်နယ်ထရမ့်၏ လူမှုကွန်ရက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ တဖြည်းဖြည်း ထုတ်လွှင့်သွားမည်

ဒေါ်နယ်ထရမ့်၏ လူမှုကွန်ရက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ တဖြည်းဖြည်း ထုတ်လွှင့်သွားမည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၁ (People Media)

 

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို လူမှုကွန်ရက်က ပိတ်ပင်ခဲ့ပြီး တစ်နှစ်ကျော်အကြာမှာ အခု သီ တင်းပတ်အတွင်းမှာ “Truth Social” လို့ အမည်ပေးထားတဲ့ လူမှုကွန်ရက်ပလက်ဖောင်းအသစ်တစ်ခုကို တ ဖြည်းဖြည်းစတင်မိတ်ဆက်ဖို့ စီစဉ်နေပြီး မတ်လနှောင်းပိုင်းလောက်မှာ အပြည့်အစုံလည်ပတ်လှုပ်ရှားနိုင်မယ် လို့ သိရပါတယ်။

 

“ဒီသီတင်းပတ်ထဲမှာ ကျွန်တော်တို့ Apple App store ကနေ စတင်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။” လို့ ထရမ့် မီဒီယာနဲ့ နည်းပညာအုပ်စု Trump Media & Technology Group (TMTG) ရဲ့ အမှုဆောင်အရာရှိ ဒီဗင်နန်းစ် က ပြောပါတယ်။

 

ရီပတ်ဘလီကန်ပါတီလွှတ်တော်အမတ်ဟောင်း ဒီဗင်နန်းစ်က ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကွန်ဆာဗေးတစ် တွေရဲ့ Fox News မီဒီယာကနေ ပြောကြားလိုက်တာဖြစ်ပါတယ်။

 

“ကျွန်တော်ထင်ပါတယ် မတ်လကုန်လောက်ဆိုရင် ကျွန်တော်တို့ လူမှုကွန်ရက်ကို အပြည့်အဝ လည်ပတ်နိုင် တော့မယ်လို့ထင်ပါတယ်။ အနည်းဆုံး အမေရိကန်ပြည်ထောင်စုထဲမှာပေါ့။” လို့ ထရမ့်ရဲ့ TMTG ကို ဦးဆောင် ဖို့အတွက် အောက်လွှတ်တော်အမတ်ကနေ နုတ်ထွက်လာတဲ့ ဒီဗင်နန်းစ်က ပြောပါတယ်။

 

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ ထရမ့်ကိုထောက်ခံတဲ့သူတွေက အမေရိကန်ကွန်ဂရက်လွှတ်တော်ကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း ဖေ့စ်ဘွတ်၊ တွစ်တာနဲ့ ယူကျုတို့က ထရမ့်ကို သုံးစွဲခွင့်ပိတ်ပင်လိုက်တာမို့ အခု “Truth Social” လို့ အမည်ပေးထားတဲ့ လူမှုကွန်ရက်တစ်ခုကို ဖွဲ့စည်းတည်ထောင်လိုက်ခြင်းဖြစ်ကြောင်း ဒေါ် နယ်ထရမ့်ကပြောပါတယ်။

 

၂၀၂၀ ပြည့်နှစ်က ရွေးကောက်ပွဲရလဒ်တွေ ပျက်ပြယ်သွားအောင်ကြိုးပမ်းတဲ့အနေနဲ့ ထရမ့်ထောက်ခံသူတွေကို အင်အားသုံးအကြမ်းဖက်အောင် သမ္မတဟောင်းထရမ့်က သွေးထိုးလှုံ့ဆော်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။

 

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ စတင်ဖွင့်လှစ်မယ့် “Truth Social” လူမှုကွန်ရက်ကို ဝင်ရောက်ကြည့်ရှုဖို့အတွက် သုံးစွဲသူတွေကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖိတ်ခေါ်ခဲ့ပါတယ်။

 

“လူမှုကွန်ရက်ပေါ်မှာ သူတို့အသံတွေတွေကို ဖော်ပြခွင့်မပြုဘဲ ပိတ်ပင်ခံလိုက်ရတဲ့သူတွေအတွက် နောက်ထပ် လူမှုကွန်ရက်အသစ်ကို သုံးစွဲနိုင်တော့မှာဖြစ်ပါတယ်။ The Truth ရောက်လာတော့မှာပါ။ လူမှုကွန်ရက်ပေါ်မှာ ဘယ်သူကတော့ သုံးစွဲနိုင်တယ်၊ ဘယ်သူကတော့ မသုံးစွဲနိုင်ဘူးဆိုပြီး ဆုံးဖြတ်ချက်တွေပေးနေတဲ့ ဆီလီကွန် တောင်ကြားက နည်းပညာအဖွဲ့ဝင်တွေနဲ့ မတူတဲ့ ဒီပလက်ဖောင်းမှာ ဘာတွေတွေပါစေချင်သလဲဆိုတာ ပြောပြ ညစေချင်ပါတယ်။” လို့ ဒီဗင်နန်းစ်က ပြောပါတယ်။

 

Ref: Trump’s new social media app plans slow rollout starting Monday

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Trump’s new social media app plans slow rollout starting Monday

 

#PeopleMedia


Share this post