• Follow Us on

Home ေဒၚနယ္ ထရမ့္အပါအ၀င္ အေမရိကန္အစိုးရထိပ္တန္းအရာ႐ွိမ်ားကို ကို႐ိုနာဗိုင္းရပ္ကာကြယ္ေဆးထိုး ေပးရန္စီစဥ္ေန

ေဒၚနယ္ ထရမ့္အပါအ၀င္ အေမရိကန္အစိုးရထိပ္တန္းအရာ႐ွိမ်ားကို ကို႐ိုနာဗိုင္းရပ္ကာကြယ္ေဆးထိုး ေပးရန္စီစဥ္ေန

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
အစိုးရလုပ္ငန္းမ်ားဆက္လက္လည္ပတ္ႏိုင္ေစေရးအတြက္ အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္၊ ဒုတိယသမၼတ မိုက္ ပန္႔စ္ ႏွင့္ အျခားထိပ္တန္းအေမရိကန္အရာ႐ွိမ်ားကို တနလၤာေန႔မွစတင္၍ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးေပးရန္ ႐ွိေနသည္။
အိမ္ျဖဴေတာ္မွမ႐ွိမျဖစ္၀န္ထမ္းမ်ားႏွင့္ အစိုးရအဖြဲ႔၏က႑ ၃ ခုစလံုးမွ အခ်ိဳ႕အရာ႐ွိမ်ားကိုလည္း ၁၀ ရက္အတြင္း ကာကြယ္ေဆးထိုးေပးသြားမည္ဟု သတင္းရင္းျမစ္တေယာက္က ႐ိုက္တာသတင္းေအဂ်င္စီကိုေျပာသည္။
ၿပီးခဲ့သည္လမ်ားအတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရကာ ျပန္သက္သာလာသည့္သမၼတ ထရမ့္ကို ကာကြယ္ေဆးခ်က္ခ်င္းထိုးေပးျခင္း႐ွိ၊ မ႐ွိ မ႐ွင္းလင္းေသးေခ်။
ေ႐ြးေကာက္ခံသမၼတ ဂ်ိဳး ဘိုင္ဒန္၊ ဒုတိယသမၼတ ကမ္မလာ ဟားရစ္ႏွင့္ သူတို႔၏အာဏာလႊဲေျပာင္းယူမည့္အစိုးရအဖြဲ႔ကို ကာကြယ္ေဆးမ်ားေပး၊ မေပးမ႐ွင္းလင္းေသးေခ်။
တနဂၤေႏြေန႔အေစာပိုင္းတြင္ အေမရိကန္ျပည္ေထာင္စုတခြင္သို႔ ပထမဆံုးကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ားကို ကုန္တင္ကားမ်ား၊ ေလယာဥ္မ်ားျဖင့္စတင္ျဖန္႔ခ်ိခဲ့သည္။
မတ္လအကုန္တြင္ အေမရိကန္ႏိုင္ငံသား ၃၀ ရာခိုင္ႏႈန္း(လူ သန္း ၁၀၀ ေက်ာ္)ကို ကာကြယ္ေဆးထိုးႏိုင္မည္ဟု ခန္႔မွန္းထားေၾကာင္း အေမရိကန္အစိုးရ၏ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ထိန္းခ်ဳပ္ေရးအစီအစဥ္အၾကံေပးပုဂၢိဳလ္ ေဒါက္တာ မြန္ဆက္ ဆလာအြီကေျပာသည္။ အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၃ သိန္းနီးပါး႐ွိေနၿပီး ကူးစက္မႈႏွင့္ေသဆံုးမႈအမ်ားဆံုးႏိုင္ငံျဖစ္သည္။
Ref : Trump, Pence, other top officials to be offered COVID-19 vaccine Report
#PeopleMedia
(unicode)
ဒေါ်နယ် ထရမ့်အပါအဝင် အမေရိကန်အစိုးရထိပ်တန်းအရာရှိများကို ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးထိုး ပေးရန်စီစဉ်နေ
…………………………………….
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
အစိုးရလုပ်ငန်းများဆက်လက်လည်ပတ်နိုင်စေရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၊ ဒုတိယသမ္မတ မိုက် ပန့်စ် နှင့် အခြားထိပ်တန်းအမေရိကန်အရာရှိများကို တနင်္လာနေ့မှစတင်၍ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပေးရန် ရှိနေသည်။
အိမ်ဖြူတော်မှမရှိမဖြစ်ဝန်ထမ်းများနှင့် အစိုးရအဖွဲ့၏ကဏ္ဍ ၃ ခုစလုံးမှ အချို့အရာရှိများကိုလည်း ၁၀ ရက်အတွင်း ကာကွယ်ဆေးထိုးပေးသွားမည်ဟု သတင်းရင်းမြစ်တယောက်က ရိုက်တာသတင်းအေဂျင်စီကိုပြောသည်။
ပြီးခဲ့သည်လများအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကာ ပြန်သက်သာလာသည့်သမ္မတ ထရမ့်ကို ကာကွယ်ဆေးချက်ချင်းထိုးပေးခြင်းရှိ၊ မရှိ မရှင်းလင်းသေးချေ။
ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန်၊ ဒုတိယသမ္မတ ကမ်မလာ ဟားရစ်နှင့် သူတို့၏အာဏာလွှဲပြောင်းယူမည့်အစိုးရအဖွဲ့ကို ကာကွယ်ဆေးများပေး၊ မပေးမရှင်းလင်းသေးချေ။
တနင်္ဂနွေနေ့အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စုတခွင်သို့ ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို ကုန်တင်ကားများ၊ လေယာဉ်များဖြင့်စတင်ဖြန့်ချိခဲ့သည်။
မတ်လအကုန်တွင် အမေရိကန်နိုင်ငံသား ၃၀ ရာခိုင်နှုန်း(လူ သန်း ၁၀၀ ကျော်)ကို ကာကွယ်ဆေးထိုးနိုင်မည်ဟု ခန့်မှန်းထားကြောင်း အမေရိကန်အစိုးရ၏ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မွန်ဆက် ဆလာအွီကပြောသည်။ အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃ သိန်းနီးပါးရှိနေပြီး ကူးစက်မှုနှင့်သေဆုံးမှုအများဆုံးနိုင်ငံဖြစ်သည်။
Ref : Trump, Pence, other top officials to be offered COVID-19 vaccine Report
#PeopleMedia


Share this post