• Follow Us on

Home ေဒၚလာသန္း ၃၅၀ တန္ဖိုး႐ွိ တိုက္ခိ္ုက္ေရးေလ့က်င့္ဂ်က္ေလယာဥ္ေတြ ႐ု႐ွားဆီက ဗီယက္နမ္မွာယူ

ေဒၚလာသန္း ၃၅၀ တန္ဖိုး႐ွိ တိုက္ခိ္ုက္ေရးေလ့က်င့္ဂ်က္ေလယာဥ္ေတြ ႐ု႐ွားဆီက ဗီယက္နမ္မွာယူ

Share this post

ေမာ္စကို၊ ေဖေဖာ္ဝါရီ – ၁

တိုက္ခိုက္ေရးေလ့က်င့္ဂ်က္ေလယာဥ္အစင္း တစ္ဒါဇင္၀ယ္ဖို႔ ၂၀၁၉ ခုႏွစ္မွာ ဗီယက္နမ္ႏိုင္ငံ လက္မွတ္ေရးထိုး ခဲ့တယ္လို႔ Vedomosti business daily သတင္းစာက ဗုဒၶဟူးေန႔မွာေဖာ္ျပပါတယ္။ ႐ု႐ွားဟာ ဗီယက္နမ္နဲ႔ အေ႐ွ႕ေတာင္အာ႐ွအတြက္ အႀကီးဆံုးလက္နက္ေထာက္ပံ့ေပးတဲ့ႏိုင္ငံပါ။ ဗီယက္နမ္တပ္စုေတြမွာ ႐ု႐ွားထုတ္ ဂ်က္တိုက္ေလယာဥ္ေတြ၊ သေဘၤာေတြနဲ႔ ေရငုပ္သေဘၤာေတြျဖန္႔က်က္ေနရာခ်ထားတယ္လို႔ ႐ု႐ွားအစိုးရပိုင္ TASS သတင္းေအဂ်င္စီက ေဖာ္ျပပါတယ္။

Yak-130 တိုက္ခိုက္ေရးေလ့က်င့္ဂ်က္ေလယာဥ္ အနည္းဆံုး ၁၂ စင္း၀ယ္ယူဖို႔ ၂၀၁၉ ခုႏွစ္သေဘာတူညီခ်က္ မွာပါ၀င္တယ္လို႔ အမည္မေဖာ္လိုသူ ႐ု႐ွားကာကြယ္ေရးလုပ္ငန္းအမႈေဆာင္အရာ႐ွိႏွစ္ေယာက္ကို ကိုးကားၿပီး Vedomosti က ေဖာ္ျပတာပါ။ ဘယ္အခ်ိန္မွာ ဗီယက္နမ္ႏိ္ုင္ငံလက္ အပ္ႏွံသြားမယ္ဆိုတာေတာ့ မပါ၀င္ပါဘူး။ အဆင့္ျမင့္တိုက္ေလယာဥ္ေတြအတြက္ ေလယာဥ္မွဴးေတြ ေလ့က်င့္ေပးဖို႔ရည္႐ြယ္ထားတဲ့ Yak-130 ေတြကို ပဲ့ထိန္းဒံုးက်ည္ေတြနဲ႔ ဗံုးေတြလို ေ၀ဟင္မွ ေျမျပင္ပစ္လက္နက္ေတြ တပ္ဆင္ႏိုင္ပါတယ္။ ဗီယက္နမ္ဟာ Yak-130 ေတြ၀ယ္ယူတဲ့ ဆဌမေျမာက္ႏိုင္ငံလို႔လည္း သတင္းအရသိရပါတယ္။ အယ္ဂ်ီးရီးယား၊ ဘဂၤလားေဒ့႐ွ္၊ ျမန္မာ၊ လာအိုနဲ႔ ဘီလာ႐ုစ္တို႔ကို အဲဒီဂ်က္ေလယာဥ္ေတြေရာင္းခ်ခဲ့ၿပီးပါၿပီ။

႐ု႐ွားအစိုးရပိုင္လက္နက္တင္ပို႔ေရာင္းခ်တဲ့ကုမၸဏီ Rosoboronexport ကေရာ ႐ု႐ွားျပည္ေထာင္စုတပ္မေတာ္ ပူးေပါင္းေဆာင္႐ြက္ေရးဌာနကေရာ ဒီသတင္းကို မွတ္ခ်က္မေပးေသးပါဘူး။ ဒီစာခ်ဳပ္ေၾကာင့္ ႐ု႐ွားႏိုင္ငံကေန ပိုအဆင့္ျမင့္တဲ့ဂ်က္ေလယာဥ္ေတြ၀ယ္ဖို႔ လမ္းေပါက္သြားတယ္လို႔ Arms Exports မဂၢဇင္းအယ္ဒီတာခ်ဳပ္နဲ႔ စစ္ေရးကၽြမ္းက်င္သူ အန္ဒေရးဖ႐ိုေလာ့ဗ္က မွတ္ခ်က္ေပးပါတယ္။ ဗီယက္နမ္ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ကမာၻ႔အတက္ႂကြဆံုးလက္နက္တင္သြင္းတဲ့ႏိုင္ငံျဖစ္လာတယ္လို႔ ႐ိုက္တာသတင္းေအဂ်င္စီကေဖာ္ျပပါတယ္။ ေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္ႏိုင္ငံနဲ႔နယ္ေျမအျငင္းပြားမႈေတြျမင့္တက္ေနခ်ိန္မွာ အခုလိုလက္နက္တင္ သြင္းတာ အ႐ွိန္ျမင့္ေနတာျဖစ္ပါတယ္။

Source – The Moscow Times

Photo – Adrian / Wikicommons (CC BY 2.0)

#Vietnam #Russia #Yak-130 #MilitaryEquipment

(Unicode)
ဒေါ်လာသန်း ၃၅၀ တန်ဖိုးရှိ တိုက်ခိ်ုက်ရေးလေ့ကျင့်ဂျက်လေယာဉ်တွေ ရုရှားဆီက ဗီယက်နမ်မှာယူ
…………………………………………………………

မော်စကို၊ ဖေဖော်ဝါရီ – ၁

တိုက်ခိုက်ရေးလေ့ကျင့်ဂျက်လေယာဉ်အစင်း တစ်ဒါဇင်ဝယ်ဖို့ ၂၀၁၉ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံ လက်မှတ်ရေးထိုး ခဲ့တယ်လို့ Vedomosti business daily သတင်းစာက ဗုဒ္ဓဟူးနေ့မှာဖော်ပြပါတယ်။ ရုရှားဟာ ဗီယက်နမ်နဲ့ အရှေ့တောင်အာရှအတွက် အကြီးဆုံးလက်နက်ထောက်ပံ့ပေးတဲ့နိုင်ငံပါ။ ဗီယက်နမ်တပ်စုတွေမှာ ရုရှားထုတ် ဂျက်တိုက်လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေဖြန့်ကျက်နေရာချထားတယ်လို့ ရုရှားအစိုးရပိုင် TASS သတင်းအေဂျင်စီက ဖော်ပြပါတယ်။

Yak-130 တိုက်ခိုက်ရေးလေ့ကျင့်ဂျက်လေယာဉ် အနည်းဆုံး ၁၂ စင်းဝယ်ယူဖို့ ၂၀၁၉ ခုနှစ်သဘောတူညီချက် မှာပါဝင်တယ်လို့ အမည်မဖော်လိုသူ ရုရှားကာကွယ်ရေးလုပ်ငန်းအမှုဆောင်အရာရှိနှစ်ယောက်ကို ကိုးကားပြီး Vedomosti က ဖော်ပြတာပါ။ ဘယ်အချိန်မှာ ဗီယက်နမ်နိ်ုင်ငံလက် အပ်နှံသွားမယ်ဆိုတာတော့ မပါဝင်ပါဘူး။ အဆင့်မြင့်တိုက်လေယာဉ်တွေအတွက် လေယာဉ်မှူးတွေ လေ့ကျင့်ပေးဖို့ရည်ရွယ်ထားတဲ့ Yak-130 တွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဗုံးတွေလို ဝေဟင်မှ မြေပြင်ပစ်လက်နက်တွေ တပ်ဆင်နိုင်ပါတယ်။ ဗီယက်နမ်ဟာ Yak-130 တွေဝယ်ယူတဲ့ ဆဌမမြောက်နိုင်ငံလို့လည်း သတင်းအရသိရပါတယ်။ အယ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ လာအိုနဲ့ ဘီလာရုစ်တို့ကို အဲဒီဂျက်လေယာဉ်တွေရောင်းချခဲ့ပြီးပါပြီ။

ရုရှားအစိုးရပိုင်လက်နက်တင်ပို့ရောင်းချတဲ့ကုမ္ပဏီ Rosoboronexport ကရော ရုရှားပြည်ထောင်စုတပ်မတော် ပူးပေါင်းဆောင်ရွက်ရေးဌာနကရော ဒီသတင်းကို မှတ်ချက်မပေးသေးပါဘူး။ ဒီစာချုပ်ကြောင့် ရုရှားနိုင်ငံကနေ ပိုအဆင့်မြင့်တဲ့ဂျက်လေယာဉ်တွေဝယ်ဖို့ လမ်းပေါက်သွားတယ်လို့ Arms Exports မဂ္ဂဇင်းအယ်ဒီတာချုပ်နဲ့ စစ်ရေးကျွမ်းကျင်သူ အန်ဒရေးဖရိုလော့ဗ်က မှတ်ချက်ပေးပါတယ်။ ဗီယက်နမ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကမ္ဘာ့အတက်ကြွဆုံးလက်နက်တင်သွင်းတဲ့နိုင်ငံဖြစ်လာတယ်လို့ ရိုက်တာသတင်းအေဂျင်စီကဖော်ပြပါတယ်။ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံနဲ့နယ်မြေအငြင်းပွားမှုတွေမြင့်တက်နေချိန်မှာ အခုလိုလက်နက်တင် သွင်းတာ အရှိန်မြင့်နေတာဖြစ်ပါတယ်။

Source – The Moscow Times

Photo – Adrian / Wikicommons (CC BY 2.0)

#Vietnam #Russia #Yak-130 #MilitaryEquipment


Share this post