• Follow Us on

Home ေဒၚလာသန္း ၈၀၀ တန္ေၾကးရွိ ဒုံးက်ည္မ်ား ကူဝိတ္သို႔ ပင္တဂြန္ ေရာင္းခ်မည္

ေဒၚလာသန္း ၈၀၀ တန္ေၾကးရွိ ဒုံးက်ည္မ်ား ကူဝိတ္သို႔ ပင္တဂြန္ ေရာင္းခ်မည္

Share this post

၂၀၂၀၊ ေမ ၂၉

ကူဝိတ္ႏိုင္ငံသို႔ ခန္းမွန္းေခ် ေဒၚလာ သန္း ၈၀၀ တန္ေၾကးရွိ ပက္ထရီးေယာဒုံးက်ည္မ်ား ေရာင္းခ်ရန္ အေမရိ ကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အတည္ျပဳလိုက္ေၾကာင္း ကာကြယ္ေရးဆိုင္ရာ လုံၿခဳံေရးပူးေပါင္းေဆာင္ရြက္ မႈေအဂ်င္စီက ေျပာၾကားသည္။

ပက္ထရီးေယာ့ PAC- ဒုံးက်ည္မ်ား ေရာင္းခ်မည့္ကန္ထ႐ိုက္တာမွာ ေလာ့ဟိမာတင္ေကာ္ပိုေရးရွင္းျဖစ္ ေၾကာင္း ပင္တဂြန္ေအဂ်င္စီက ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားခဲ့သည္။

ကူဝိတ္အစိုးရက ပက္ထရီးေယာ့ဒုံးက်ည္ႏွင့္ ဆက္စပ္ပစၥည္းမ်ားဝယ္ယူရန္ ေမတၱာရပ္ခံခဲ့ျခင္းျဖစ္သည္။

ပက္ထရီးေယာ့ဒုံးက်ည္မ်ားေၾကာင့္ ကူဝိတ္ႏိုင္ငံ၏ လက္ရွိႏွင့္အနာဂတ္ ၿခိမ္းေျခာက္မႈမ်ားကို ေျဖရွင္းႏိုင္စြမ္းရွိ လာမည္ျဖစ္သလို အေရးပါေသာ ေရနံႏွင့္ဓာတ္ေငြ႕ဆိုင္ရာ အေျခခံအေဆာက္အအုံမ်ား၏ လုံၿခဳံေရးေဆာင္ရြက္ ေပးႏိုင္မည္ျဖစ္သည္။

ကူဝိတ္ႏိုင္ငံက လက္ရွိႏွင့္ အနာဂတ္ ၿခိမ္းေျခာက္မႈမ်ား ပိုမိုေကာင္းမြန္စြာ ေျဖရွင္းႏိုင္ရန္ ယင္း၏ ေလေၾကာင္း ရန္ကာကြယ္ေရးတပ္ဖြဲ႕ကို အင္အားျဖည့္တင္းလိုသည္။

လက္နက္ကိုင္တပ္ဖြဲ႕၌ ပက္ထရီးေယာ့ဒုံးက်ည္မ်ား အသုံးျပဳရာတြင္ ကူဝိတ္ႏိုင္ငံအေနျဖင့္ အခက္အခဲရွိမည္ မဟုတ္ေပ။

PAC-3 ေျမျပင္-ေဝဟင္ခြင္းဒုံးက်ည္ကာကြယ္ေရးစနစ္က ပတ္ဝန္းက်င္အားလုံးတြင္ အသုံးျပဳႏိုင္သည့္ စြမ္း ေဆာင္ရည္ျမင့္မားေသာ ဒုံးခြင္းစနစ္တစ္မ်ိဳးျဖစ္သည္။
PAC-3 ဒုံးက်ည္ကာကြယ္ေရးစနစ္က ေျမျပင္တပ္ဖြဲ႕မ်ားႏွင့္ အေရးပါေသာ အေဆာက္အအုံမ်ားကို ေခတ္မီေလ ယာဥ္မ်ားမွ ခ႐ုဇ္ဒုံးက်ည္မ်ား၊ နည္းပရိယာယ္ဒုံးက်ည္မ်ား၏ တိုက္ခိုက္မႈမွ ကာကြယ္ေပးသည္။

ကိုးကား ။ ။ ဒီဖန္႔ဘေလာ့

Ref; Pentagon approves Patriot missile sale to Kuwait worth $800 million

#PeopleMedia

(unicode)
ဒေါ်လာသန်း ၈၀၀ တန်ကြေးရှိ ဒုံးကျည်များ ကူဝိတ်သို့ ပင်တဂွန် ရောင်းချမည်
…………………………………………………

၂၀၂၀၊ မေ ၂၉

ကူဝိတ်နိုင်ငံသို့ ခန်းမှန်းချေ ဒေါ်လာ သန်း ၈၀၀ တန်ကြေးရှိ ပက်ထရီးယောဒုံးကျည်များ ရောင်းချရန် အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုလိုက်ကြောင်း ကာကွယ်ရေးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက် မှုအေဂျင်စီက ပြောကြားသည်။

ပက်ထရီးယော့ PAC- ဒုံးကျည်များ ရောင်းချမည့်ကန်ထရိုက်တာမှာ လော့ဟိမာတင်ကော်ပိုရေးရှင်းဖြစ် ကြောင်း ပင်တဂွန်အေဂျင်စီက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

ကူဝိတ်အစိုးရက ပက်ထရီးယော့ဒုံးကျည်နှင့် ဆက်စပ်ပစ္စည်းများဝယ်ယူရန် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

ပက်ထရီးယော့ဒုံးကျည်များကြောင့် ကူဝိတ်နိုင်ငံ၏ လက်ရှိနှင့်အနာဂတ် ခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်စွမ်းရှိ လာမည်ဖြစ်သလို အရေးပါသော ရေနံနှင့်ဓာတ်ငွေ့ဆိုင်ရာ အခြေခံအဆောက်အအုံများ၏ လုံခြုံရေးဆောင်ရွက် ပေးနိုင်မည်ဖြစ်သည်။

ကူဝိတ်နိုင်ငံက လက်ရှိနှင့် အနာဂတ် ခြိမ်းခြောက်မှုများ ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်ရန် ယင်း၏ လေကြောင်း ရန်ကာကွယ်ရေးတပ်ဖွဲ့ကို အင်အားဖြည့်တင်းလိုသည်။

လက်နက်ကိုင်တပ်ဖွဲ့၌ ပက်ထရီးယော့ဒုံးကျည်များ အသုံးပြုရာတွင် ကူဝိတ်နိုင်ငံအနေဖြင့် အခက်အခဲရှိမည် မဟုတ်ပေ။

PAC-3 မြေပြင်-ဝေဟင်ခွင်းဒုံးကျည်ကာကွယ်ရေးစနစ်က ပတ်ဝန်းကျင်အားလုံးတွင် အသုံးပြုနိုင်သည့် စွမ်း ဆောင်ရည်မြင့်မားသော ဒုံးခွင်းစနစ်တစ်မျိုးဖြစ်သည်။
PAC-3 ဒုံးကျည်ကာကွယ်ရေးစနစ်က မြေပြင်တပ်ဖွဲ့များနှင့် အရေးပါသော အဆောက်အအုံများကို ခေတ်မီလေ ယာဉ်များမှ ခရုဇ်ဒုံးကျည်များ၊ နည်းပရိယာယ်ဒုံးကျည်များ၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးသည်။

ကိုးကား ။ ။ ဒီဖန့်ဘလော့

Ref; Pentagon approves Patriot missile sale to Kuwait worth $800 million

#PeopleMedia


Share this post