• Follow Us on

Home ဒေါ်လာဈေးနှုန်းတည်ငြိမ်မှုပျက်ပြားစေသောကိစ္စရပ်များအပေါ် စစ်ဆေးဆောင်ရွက်သွားရန်ရှိကြောင်း ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား

ဒေါ်လာဈေးနှုန်းတည်ငြိမ်မှုပျက်ပြားစေသောကိစ္စရပ်များအပေါ် စစ်ဆေးဆောင်ရွက်သွားရန်ရှိကြောင်း ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ မတ် ၁၀

 

ဒေါ်လာဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေသောကိစ္စရပ်များအပေါ် စစ်ဆေးဆောင်ရွက်သွားရန်ရှိကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌသည် ယမန်နေ့မွန်းလွဲပိုင်းတွင် (UMFCCI) နှင့် ပို့ကုန်၊ သွင်းကုန်လုပ် ငန်းရှင်များ၊ နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေး စဉ် ပြောကြားခဲ့သည်။

 

“ယခုအပတ်မှာ ရုတ်ချည်း ဈေးတက်လာတာကို တွေ့ရပါတယ်။ ပို့ကုန် တင်ပို့သူတွေက ဈေးနှုန်းမြှင့်တင် ရောင်းချတာသဘောမျိုး သက်ရောက်နေပါတယ်။ နိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်မှု ရရှိစေဖို့အတွက် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအနေနဲ့ လိုအပ်ချက်ပေါ်မူတည်ကာ ဈေးနှုန်းမြင့်တက်လာတာ မဖြစ်စေဖို့ ပူးပေါင်း ဆောင်ရွက်စေလိုပါတယ်။ ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီ ကိုလည်း ဖွဲ့စည်းထားရှိပြီး ဒေါ်လာဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေတဲ့ ကိစ္စရပ်များအပေါ် စစ်ဆေးဆောင်ရွက် သွားဖို့ ရှိပါတယ်။ ပုဂ္ဂလိကဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ အခုလို အခြေအနေမျိုးမှာ ဈေးနှုန်းတည်ငြိမ်မှု ရှိစေရေး ပူးပေါင်းဆောင်ရွက် ကြရမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက လက်ရှိကာလ၌ ကုန်သွယ်မှုကဏ္ဍ၏ ဝင်ငွေ၊ ထွက်ငွေအခြေအ နေမှာ ဇန်နဝါရီလထက် ဖေဖော်ဝါရီလတွင် တိုးတက်ကောင်းမွန်လာကြောင်း၊ ယခုကာလတွင် ပဲနှင့်ပြောင်း ပို့ကုန်တင်ပို့ရမှု ကောင်းမွန်တိုးတက်လာကြောင်း၊ သို့ဖြစ်၍ USD ဈေးနှုန်း အတက်အကျမှာ ကြီးမားသော ပြောင်းလဲမှုမရှိသည်ကို တွေ့ရကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ပို့ကုန်တင်ပို့သူများ၏ ပို့ကုန်ရငွေများကို ကိုယ်တိုင်သုံးစွဲခြင်း၊ အခြားသူသို့ ရောင်းချခြင်း၊ ဘဏ်သို့ရောင်းချခြင်းတို့ကို ရက်ပေါင်း ၃၀ အတွင်း ဆောင် ရွက်စာရင်းရှင်းလင်းစေခဲ့ကြောင်း၊ ယင်းသည် ပို့ကုန်ဝင်ငွေရရှိသူများအနေဖြင့် လက်ဝယ်ကိုင်ဆောင်၍ ဈေးကစားခြင်း မပြုနိုင်စေရန်နှင့် လိုအပ်သူများသာ အမှန်အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်မှုကြောင့် ပို့ကုန်ရငွေများ ယခင်ကထက် ပိုမိုဝင်ရောက်လာပြီး ကုန်သွယ်မှုပိုငွေ၊ လိုငွေ အပိုင်းတွင်လည်း လိုငွေ လျော့နည်းလာကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………….

 


 


 


 


 


 

#PeopleMedia


Share this post