• Follow Us on

Home ဒေါ်လာ ၄၆ သန်းထောက်ပံ့မှုနှင့်ပတ်သက်ပြီး USDP ပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၅ ပါတီမှ အမေရိ ကန်သံရုံးသို့ အိတ်ဖွင့်ပေးစာ ပေးပို့


Share this post

ရန်ကုန်၊ စက်တင်ဘာ – ၅





(unicode)
ဒေါ်လာ ၄၆ သန်းထောက်ပံ့မှုနှင့်ပတ်သက်ပြီး USDP ပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၅ ပါတီမှ အမေရိ ကန်သံရုံးသို့ အိတ်ဖွင့်ပေးစာ ပေးပို့
…………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၅

အမေရိကန်သံရုံးမှ ရွေးကောက်ပွဲကော်မရှင် အရပ်ဘက်အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများ ၂၀၂၀ ရွေးကောက်စီမံခန့်ခွဲရန်နှင့် ပါဝင်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၄၆ သန်းကျော် ကူညီပံ့ပိုးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ USDP ပါတီအပါအဝင် နိုင်ငံရေးပါတီများမှ အမေရိကန်သံရုံးသို့ အိတ်ဖွင့်ပေးစာတစ်စောင်ကို စက်တင်ဘာ ၄ ရက်နေ့က ပေးပို့ခဲ့ရာ ရုံးချိန်ကျော်လွန်၍ ရုံးဖွင့်ချိန်မှသာ လာရောက်ပေးပို့ရန် ပြော ကြားသဖြင့် ရုံးဖွင့်ရက်တွင် ဆက်လက်ပေးပို့သွားမည်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်မှ အမေရိကန်အစိုးရထောက်ပံ့ထားသည့် ဒေါ်လာ ၄၆ သန်းတွင် ကော်မရှင်အနေဖြင့် တစ်ဒေါ်လာမှမရကြောင်းကိုလည်း မီဒီယာများကိုပြောကြားခဲ့သည်။

#PeopleMedia #USDP #2020elelction


Share this post