• Follow Us on

Home ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ပြီးနောက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကမ္ဘော ဒီးယား ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် သွားရောက်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ပြီးနောက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကမ္ဘော ဒီးယား ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် သွားရောက်တွေ့ဆုံ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၇ (People Media)

 

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ COVID-19 စည်းကမ်းချိုး ဖောက်မှုတို့ဖြင့် ထောင်ဒဏ်အပြစ်ပေးလိုက်ပြီးနောက်တစ်ရက်အကြာတွင် မြန်မာစစ်အစိုးရကခန့်အပ်ထား သော နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်သည် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ သွား ရောက်ခဲ့သည်။

 

ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နှင့် ဖနွမ်ပင်ရှိငြိမ်းချမ်းရေးနန်းတော်တွင်တွေ့ဆုံခဲ့ သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သော အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို လာမည့်နှစ်တွင် ထမ်းဆောင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

 

မြန်မာစစ်အစိုးရက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်အစိုးရကို ဖြုတ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်းမှာ အကြပ် အတည်းများကို ဖြေရှင်းရန် သံတမန်နည်းလမ်းများဖြင့် ကြိုးပမ်းအားထုတ်ရာတွင် အာဆီယံအဖွဲ့အတွင်း သ ဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့သည်။

 

အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း သဘောတူညီမှုမရရှိခဲ့သဖြင့် ဘရူနိုင်းနိုင်ငံက အောက်တိုဘာလအတွင်း အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော အာဆီယံခေါင်းဆောင်များ နှစ်ပတ်လည်အစည်းအဝေးသို့ မြန်မာစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုခဲ့ပေ။ သို့သော် မြန်မာအရာရှိများကို အာဆီယံ အ စည်းအဝေးများသို့ ဖိတ်ကြားသင့်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ဒီဇင်ဘာလ ၆ ရက်နေ့ကပြော ကြားလိုက်သည်။

 

မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းလိုက်သည့်နေ့မှစ၍ ယိုယွင်းပျက်စီးလျက်ရှိပြီး စစ်အာဏာသိမ်းမှုကို ဆန့် ကျင်သည့်ဆန္ဒပြပွဲများ နေရာအနှံ့ဖြစ်ပွားလျက်ရှိကာ ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးနှင့် အုပ်ချုပ်ခဲ့ပြီး နောက် ပွင့်သစ်စဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ အဆုံးသတ်သွားမည့်အရေးကို နိုင်ငံတကာက စိုးရိမ်ပူပန် လျက်ရှိသည်။

 

ဒေါ်အောင်ဆန်းစုကြည်သည်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစည်းကမ်း များချိုးဖောက်မှုတို့ဖြင့် မြန်မာနိုင်ငံတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်လေးနှစ်ချမှတ်ခဲ့ရာ မြန်မာစစ်ခေါင်းဆောင်၏ မေတ္တာရပ်ခံချက်အရ ပြစ်ဒဏ်နှစ်နှစ်လျှော့ပေါ့ပေးခဲ့ သဖြင့် အမည်ဖော်ပြမထားသောနေရာတွင် ပြစ်ဒဏ်နှစ်နှစ်သာကျခံရမည်ဖြစ်သည်။

 

Ref: Myanmar foreign minister visits Cambodia after Suu Kyi sentencing

 

#PeopleMedia

 

(unicode)


………………………………………………………….

 

 


 

 


 

 


 

 


 

 


 

 


 

 


 

 

Ref: Myanmar foreign minister visits Cambodia after Suu Kyi sentencing

 

 

#PeopleMedia


Share this post