• Follow Us on

Home ဒေါ်အောင်ဆန်းစုကြည်ထိန်းသိမ်းခံထားရခြင်းအပေါ် ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန် အမေရိကန်ခြိမ်းခြောက်

ဒေါ်အောင်ဆန်းစုကြည်ထိန်းသိမ်းခံထားရခြင်းအပေါ် ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန် အမေရိကန်ခြိမ်းခြောက်

Share this post

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တနင်္လာနေ့တွင် တပ်မတော်က အာဏာရယူပြီးနောက် မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုများပြန်လည်ပြု လုပ်ရန် အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်ကခြိမ်းခြောက်သည်။

ကုလသမဂ္ဂနှင့် ဗြိတိန်တို့ကလည်း အာဏာသိမ်းမှုကို ရှုတ်ချထားသည်။ မြန်မာနိုင်ငံက ဒီမိုကရေစီလမ်း ကြောင်းပေါ်တွင် တိုးတက်မှုများရှိလာချိန်တွင် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ အရေးယူမှုများကို အမေရိကန်ကဖယ်ရှားခဲ့သည်။

ဖယ်ရှားထားမှုအပေါ် ချက်ချင်းပြန်လည်သုံးသပ်မည်ဖြစ်ပြီး မည်သည့်နေရာတွင် ဒီမိုကရေစီကို တိုက်ခိုက်မှုများ ရှိနေသည်ဖြစ်စေ၊ အမေရိကန်ပြည်ထောင်စုက ဒီမိုကရေစီအတွက် ရပ်တည်ပေးမည်ဟုလည်း မစ္စတာ ဘိုင်ဒန်ကပြောသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကလည်း တပ်မတော်၏လုပ်ရပ်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ပြင်းပြင်းထန်ထန်ထိုးနှက်လိုက်ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂလုံခြုံရေး ကောင်စီအရေးပေါ်အစည်းအဝေးတွင်ပြောသည်။

ထိန်းသိမ်းခံထားရသောလူအနည်းဆုံး ၄၅ ယောက်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂကတောင်းဆိုသည်။

ဥရောပသမဂ္ဂခေါင်းဆောင်များက အလားတူရှုတ်ချမှုများထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအပေါ် နိုင်ငံ တကာကြားဝင်စွက်ဖက်မှုများကို ယခင်ကကန့်ကွက်ခဲ့သည့်တရုတ်နိုင်ငံကလည်း နိုင်ငံအတွင်းမှဘက်ပေါင်းစုံအနေဖြင့် မတူကွဲပြားမှုများကို ဖြေရှင်းကြရန် တိုက်တွန်းထားသည်။

Ref : Myanmar coup: US threatens sanctions over Aung San Suu Kyi detention

#PeopleMedia

(unicode)
………………………………………………….









Ref : Myanmar coup: US threatens sanctions over Aung San Suu Kyi detention

#PeopleMedia


Share this post