• Follow Us on

Home ဒေါ်အောင်ဆန်းစုကြည်ရဲ့ဂုဏ်ပြုဆု လန်ဒန်မြို့တော်ရုတ်သိမ်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဂုဏ်ပြုဆု လန်ဒန်မြို့တော်ရုတ်သိမ်း

Share this post

လန်ဒန်၊ မတ် ၆

လူနည်းစုမွတ်ဆလင်ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုသုံးနှုန်း)တွေကို ဆက်ဆံမှုကြောင့် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုပေးထားတဲ့ဂုဏ်ပြုဆုကို လန်ဒန်မြို့တော်ကော်ပိုရေးရှင်း(CLC)က ကြာသပ တေးနေ့မှာ ရုတ်သိမ်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်က ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်ခဲ့တဲ့ Honorary Freedoms ဆုကို ပြန်ရုတ်သိမ်းဖို့ လန်ဒန် ရဲ့သမိုင်းဗဟိုချက်နဲ့ အဓိကစီးပွားရေးခရိုင်ကို စီမံလည်ပတ်တဲ့ CLC က ရွေးကောက်ခံကိုယ်စားလှယ်တွေက ဆုံးဖြတ်ခဲ့တာပါ။

“မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အနိုင်ကျင့်မှုတွေကို မြို့တော်ကော်ပိုရေးရှင်း က ရှုတ်ချတယ်ဆိုတဲ့သဘောထင်ဟပ်နေပါတယ်” လို့ Honorary Freedoms ဆုနဲ့ပတ်သက်တဲ့ CLC ဥက္ကဋ္ဌ ဒေးဗစ်ဝုတွန်ကပြောပါတယ်။

နှစ်ပေါင်းများစွာအကြမ်းမဖက်ဘဲ ဒီမိုကရေစီအရေးရုန်းကန်ခဲ့တာနဲ့ ငြိမ်းချမ်းလုံခြုံလွတ်လပ်စွာ လူတွေနေနိုင်တဲ့ လူမှုအသိုက်အဝန်းတစ်ခုဖန်တီးဖို့ မဆုတ်မနစ်ဆုံးဖြတ်ထားမှုတွေကြောင့် ၂၀၁၇ ခုနှစ်၊ မေမှာ ဒေါ်အောင်ဆန်း စုကြည်ကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့တာပါ။

အရင်က ဒီဆုရခဲ့သူတွေထဲမှာ ဒုတိယကမ္ဘာစစ်ကာလဗြိတိန်ဝန်ကြီးချုပ်ဝင်စတန် ချာချီ၊ တောင်အာဖရိက လူမျိုးရေးခွဲခြားမှုကိုဆန့်ကျင်ခဲ့တဲ့ခေါင်းဆောင်နယ်လ်ဆင် မန်ဒဲလားနဲ့ သိပ္ပံပညာရှင်စတီဖင်ဟော့ကင်း တို့ပါဝင်ပါတယ်။
Ref: City of London revokes honour granted to Myanmar’s Suu Kyi

#PeopleMedia #DASSK #StateCounsellor

(Unicode)
………………………………………………






Ref: City of London revokes honour granted to Myanmar’s Suu Kyi

#PeopleMedia #DASSK #StateCounsello


Share this post