• Follow Us on

Home ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် စီးပွားရေးအကြံပေး သြစတေးလျနိုင်ငံသား ရှောင်တာနယ်ကို ပြန် လည်လွှတ်ပေးရန် ဇနီးဖြစ်သူ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် စီးပွားရေးအကြံပေး သြစတေးလျနိုင်ငံသား ရှောင်တာနယ်ကို ပြန် လည်လွှတ်ပေးရန် ဇနီးဖြစ်သူ တောင်းဆို

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၃ (People Media)

 

ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရလက်ထက်က စီးပွားရေးအကြံပေးဖြစ်သူ သြစတေးလျနိုင်ငံသား ရှောင် တာနယ်ကို အကျဉ်းထောင်မှပြန်လည်လွှတ်ပေးရန် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဇနီးဖြစ်သူက ထပ်မံတောင်း ဆိုလိုက်သည်။

 

ယခုသီတင်းပတ်တွင် ရှောင်တာနယ်အဖမ်းခံထားရသည်မှာ တစ်နှစ်ပြည့်သွားပြီဖြစ်ပြီး ရှောင်တာနယ်သည် မြန် မာစစ်တပ်က လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းလိုက်ပြီးနောက် ရက်ပိုင်းအတွင်း ဖမ်းဆီးထိန်း သိမ်းခံခဲ့ရခြင်းဖြစ်သည်။

 

ABC သတင်းဌာနက ထုတ်လွှင့်ခဲ့သည့် ကြေညာချက်တွင် မစ္စတာရှောင်တာနယ်၏ ဇနီးဖြစ်သူ ဟာဗူးက ၎င်း၏ ခင်ပွန်းဖြစ်သူ ရှောင်တာနယ်ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

 

၎င်း၏ ခင်ပွန်းအနေဖြင့် နောက်ဆုံးတွင် အပြစ်ကင်းစင်ကြောင်း သက်သက်ပြနိုင်ရန် အခွင့်အလမ်းရရှိမည်ဟု မျှော်လင့်ပြီး တတ်နိုင်သမျှ မကြာမီပြန်လည်လွတ်မြောက်လာမည်ဟု မျှော်လင့်ကြောင်း ဟာဗူးကပြောသည်။

 

“ထောင်ကျနေတာ တစ်နှစ်ရှိပြီ။ အိပ်မက်ဆိုးကြီးထဲမှာ ဒါမှမဟုတ် အတွေးထဲမှာ ကျွန်မတို့ အခုလိုစိန်ခေါ်မှုမျိုး နဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ဘယ်တုန်းမှ မတွေးမိခဲ့ပါဘူးရှင်။” ဟု ၎င်းကပြောသည်။

 

ပါမောက္ခရှောင်တာနယ်သည် မြန်မာနိုင်ငံအစိုးရ၏ လျှို့ဝှှက်ချက်အက်ဥပဒေကို ချိုးဖောက်မှုဖြင့် ဖမ်းဆီးထိန်း သိမ်းခံခဲ့ရခြင်းဖြစ်သည်။

 

ရှောင်တာနယ်နှင့်ပတ်သက်သည့် တရားရုံးကြားနာစစ်ဆေးမှုများမှာ ရှက်ဖွယ်ကောင်းကြောင်း လူ့အခွင့်အရေး အုပ်စုများကပြောသည်။ ရှေ့နေများ၏ ပြောဆိုခွင့်ကိုလည်း ပိတ်ပင်ထားပြီး တရားရုံးစစ်ဆေးကြားနာမှုများကို လည်း သြစတေးလျသံတမန်များတက်ရောက်နားထောင်ခွင့်မရပေ။

 

တရားရုံးစစ်ဆေးမှုများ အမြန်ပြီးဆုံးပြီး ၎င်း၏ခင်ပွန်း ဆစ်ဒနီသို့ပြန်နိုင်ရန်အတွက် အမြန်ဆုံးလွတ်မြောက်လိမ့် မည်ဟု မျှော်လင့်ကြောင်း ဒေါက်တာဟာဗူးက ပြောသည်။

 

ပါမောက္ခရှောင်တာနယ်၏ အလုပ်မှာ မြန်မာနိုင်ငံကိုကူညီရန်အတွက် စီးပွားရေးစီမံချက်တစ်စောင် ရေးဆွဲပေး ရန် အဓိကအာရုံစိုက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

 

Ref: Calls for Myanmar military to release Australian man one year after jailing

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Calls for Myanmar military to release Australian man one year after jailing

 

#PeopleMedia


Share this post