• Follow Us on

Home ဒေါ်အောင်ဆန်းစုကြည်အား အမိန့်ချမည့်ရက် ထပ်မံရွှေ့ဆိုင်း

ဒေါ်အောင်ဆန်းစုကြည်အား အမိန့်ချမည့်ရက် ထပ်မံရွှေ့ဆိုင်း

Share this post

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၀ (People Media)

 

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် ပုဒ်မနှစ်ခုအတွက် ယနေ့ ဒီဇင်ဘာ ၂၀ ရက် တွင် အမိန့်ချမည်ဖြစ်သော်လည်း အမိန့်မချဘဲ ဒီဇင်ဘာ ၂၇ ရက်သို့ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း တရားရေး ဝန်ထမ်းအသိုင်းအဝိုင်းမှ သိရသည်။

 

ပြီးခဲ့သည့် ရုံးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် အမှုများထဲမှ အမိန့်ချရန်ကျန်ရှိနေသည့် ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မနှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ နှစ်ခုအတွက် ယနေ့ အမိန့်ချရမည်ဖြစ်သော်လည်း တရားသူကြီးက ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်ရှိ နေအိမ်ဝင်းအတွင်းမှ ဆက်သွယ်ရေးစကားပြောစက်များနှင့် Jam mer တစ်စုံတို့ တွေ့ရှိခဲ့သဖြင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မဖြင့် ပထမအမှုဖွင့်လှစ်ခဲ့ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မဖြင့် စွဲဆိုထားသည့်အမှုမှာ ပူးတွဲပုဒ်မအနေဖြင့် ထပ်တိုးစွဲဆိုခဲ့ခြင်းဖြစ်သည်။

 

နေအိမ်ဝင်းအတွင်းမှ သိမ်းဆည်းရမိသည့်စက်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ထံမှမဟုတ်ဘဲ လုံခြုံရေးအဖွဲ့ဝင်များထံက တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က တင်ပြခဲ့ ကြောင်းသိရသည်။

 

ဝလုံး(EPN)

 

#PeopleMedia #EPN

 

(unicode)


……………………………………………………….

 


 


 


 


 


 


 

#PeopleMedia #EPN


Share this post