• Follow Us on
Latest News

Home ေဒၚေအာင္ဆန္းစုၾကည္၏က်န္းမာေရးႏွင့္ပတ္သက္၍ထြက္ေပၚေနေသာ သတင္းမ်ားသည္သတင္းတုမ်ားသာျဖစ္ဟုNLDဆို

ေဒၚေအာင္ဆန္းစုၾကည္၏က်န္းမာေရးႏွင့္ပတ္သက္၍ထြက္ေပၚေနေသာ သတင္းမ်ားသည္သတင္းတုမ်ားသာျဖစ္ဟုNLDဆို

Share this post

ရန္ကုန္၊ စက္တင္ဘာ-၂၃

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ေဒၚေအာင္ဆန္းစုၾကည္၏ က်န္းမာေရးႏွင့္ ပတ္သက္ၿပီး ထြက္ေပၚေနေသာ သတင္းမ်ားသည္ သတင္းတုမ်ားသာျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုျပန္ၾကားေရး ဦးၾကည္တိုးက သူ၏ လူမႈကြန္ယက္တြင္ ယေန႕ ေရးသားခဲ့သည္။

ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း လူမႈကြန္ယက္စာမ်က္ႏွာတစ္ခ်ိဳ႕တြင္ ေဒၚေအာင္ဆန္းစုၾကည္ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း သတင္းမွားမ်ား ေရးသား ေဖာ္ျပမႈမ်ား ရွိေနျခင္းေၾကာင့္ အထက္ပါအတိုင္း တုန့္ျပန္ ေရးသားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“မေန႕ညေနကလည္း ေဒၚေအာင္ဆန္းစုၾကည္ ကြၽန္ေတာ္တို႔နဲ႕ လူကိုယ္တိုင္ ရွိပါတယ္၊ ဒီေန႕မနက္လည္း ဖုန္းရပါတယ္။ ဒါေၾကာင့္ သူက်န္းမာေရး ေကာင္းမြန္စြာ ရွိပါတယ္”ဟု ဦးၾကည္တိုး ဆိုသည္။

ေဒၚေအာင္ဆန္းစုၾကည္ ကြယ္လြန္ၿပီ ဆိုသည့္ သတင္းတုမ်ား ဆိုရွယ္မီဒီယာေပၚတြင္ ေဖာ္ျပျခင္းႏွင့္ ပတ္သက္ၿပီး သူကိုခ်စ္သည့္ သူမ်ားက ဖုန္းဆက္ကာ ေမးျမန္းမႈမ်ားလည္း ရွိေနသည့္အတြက္ ဆိုရွယ္မီဒီယာမွ ျပန္လည္ ရွင္းလင္းခဲ့ျခင္း ျဖစ္ေၾကာင္း ၎ေျပာသည္။

လက္ရွိ ေဒၚေအာင္ဆန္းစုၾကည္မွာ က်န္းမာစြာျဖင့္ အစိုးရတာဝန္မ်ား၊ ပါတီတာဝန္မ်ားကို ပုံမွန္ထမ္းေဆာင္ ေနလွ်က္ရွိသည့္အတြက္ ျပည္သူမ်ားအေနျဖင့္ မစိုးရိမ္ၾကရန္ ေျပာၾကားလိုေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုျပန္ၾကားေရး ဦးၾကည္တိုး၏ လူမႈကြန္ယက္၌ ေရးသားထားသည္။

#PeopleMedia #ဦးၾကည္တိုး #သတင္းမွား

[Unicode]
ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးနှင့်ပတ်သက်၍ထွက်ပေါ်နေသော သတင်းများသည်သတင်းတုများသာဖြစ်ဟုNLDဆို

ရန်ကုန်၊ စက်တင်ဘာ-၂၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ထွက်ပေါ်နေသော သတင်းများသည် သတင်းတုများသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ဦးကြည်တိုးက သူ၏ လူမှုကွန်ယက်တွင် ယနေ့ ရေးသားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာတစ်ချို့တွင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းမှားများ ရေးသား ဖော်ပြမှုများ ရှိနေခြင်းကြောင့် အထက်ပါအတိုင်း တုန့်ပြန် ရေးသားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မနေ့ညနေကလည်း ဒေါ်အောင်ဆန်းစုကြည် ကျွန်တော်တို့နဲ့ လူကိုယ်တိုင် ရှိပါတယ်၊ ဒီနေ့မနက်လည်း ဖုန်းရပါတယ်။ ဒါကြောင့် သူကျန်းမာရေး ကောင်းမွန်စွာ ရှိပါတယ်”ဟု ဦးကြည်တိုး ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီ ဆိုသည့် သတင်းတုများ ဆိုရှယ်မီဒီယာပေါ်တွင် ဖော်ပြခြင်းနှင့် ပတ်သက်ပြီး သူကိုချစ်သည့် သူများက ဖုန်းဆက်ကာ မေးမြန်းမှုများလည်း ရှိနေသည့်အတွက် ဆိုရှယ်မီဒီယာမှ ပြန်လည် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းပြောသည်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာစွာဖြင့် အစိုးရတာဝန်များ၊ ပါတီတာဝန်များကို ပုံမှန်ထမ်းဆောင် နေလျှက်ရှိသည့်အတွက် ပြည်သူများအနေဖြင့် မစိုးရိမ်ကြရန် ပြောကြားလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ဦးကြည်တိုး၏ လူမှုကွန်ယက်၌ ရေးသားထားသည်။

#PeopleMedia #ဦးကြည်တိုး #သတင်းမှား


Share this post