• Follow Us on
Latest News

Home ေဒၚေအာင္ဆန္းစုၾကည္၏ မဲဆႏၵနယ္ျဖစ္သည့္ ေကာ့မွဴးၿမိဳ႕ ျပည္သူ႔ လႊတ္ေတာ္ေနရာ၌ သ႐ုပ္ေဆာင္ ေန႐ိႈန္း ဝင္ေရာက္ေရြးခ်ယ္ခံမည္

ေဒၚေအာင္ဆန္းစုၾကည္၏ မဲဆႏၵနယ္ျဖစ္သည့္ ေကာ့မွဴးၿမိဳ႕ ျပည္သူ႔ လႊတ္ေတာ္ေနရာ၌ သ႐ုပ္ေဆာင္ ေန႐ိႈန္း ဝင္ေရာက္ေရြးခ်ယ္ခံမည္

Share this post

ရန္ကုန္၊ ဇူလုိင္ – ၇

NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္၏ မဲဆႏၵနယ္ျဖစ္သည့္ ေကာ့မွဴးၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ေနရာ၌ သ႐ုပ္ ေဆာင္ေန႐ိႈန္း ဝင္ေရာက္ေရြးခ်ယ္ခံသြားမည္ျဖစ္သည္။

သ႐ုပ္ေဆာင္ေန႐ိႈန္းသည္ သူရဦးေရႊမန္းဦးစီးတည္ေထာင္သည့္ ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီ(UBP) ကုိယ္စားျပဳအျဖစ္ ဝင္ေရာက္ေရြးခ်ယ္ခံသြားမည္ျဖစ္သည္။

UBP ပါတီသည္ ေဒၚေအာင္ဆန္းစုၾကည္၏ မဲဆႏၵနယ္ျဖစ္သည့္ ေကာ့မွဴးၿမိဳ႕နယ္တြင္ ျပည္သူ႔လႊတ္ေတာ္၌ သ႐ုပ္ေဆာင္ေန႐ိႈန္း၊ တုိင္းလႊတ္ေတာ္၌ ဘာသာေရးအဖြဲ႕အစည္းမွ ေခါင္းေဆာင္တစ္ဦးႏွင့္ ေကာ့မွဴးေဒသခံ ပညာေရးဝန္ထမ္းေဟာင္းတစ္ဦးတုိ႔ ဝင္ေရာက္ေရြးခ်ယ္ခံရန္ ျပင္ဆင္ထားလ်က္ရွိသည္။

ေကာ့မွဴးမဲဆႏၵနယ္သည္ ၿပီးခဲ့သည့္ ၾကားျဖတ္ေရြးေကာက္ပြဲႏွင့္ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲ၌ NLD ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ အႏုိင္ရရွိခဲ့သည့္ မဲဆႏၵနယ္တစ္ခုျဖစ္သည္။

လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲ၌ ေဒၚေအာင္ဆန္းစုၾကည္သည္ မည္သည့္ေဒသ၌ ဝင္ေရာက္အေရြးခ်ယ္ခံျခင္း ရွိ-မရွိကုိ NLD ပါတီမွ ယေန႔အခ်ိန္ထိ တရားဝင္ထုတ္ျပန္ျခင္းမရွိပါ။

Photo – ေန႐ိႈန္း(FB)

#PeopleMedia #UBP #NLD

(unicode)
ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့ ပြည်သူ့ လွှတ်တော်နေရာ၌ သရုပ်ဆောင် နေရှိုန်း ဝင်ရောက်ရွေးချယ်ခံ မည်
…………………………………………………

ရန်ကုန်၊ ဇူလိုင် – ၇

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့ ပြည်သူ့လွှတ်တော်နေရာ၌ သရုပ် ဆောင်နေရှိုန်း ဝင်ရောက်ရွေးချယ်ခံသွားမည်ဖြစ်သည်။

သရုပ်ဆောင်နေရှိုန်းသည် သူရဦးရွှေမန်းဦးစီးတည်ထောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ကိုယ်စားပြုအဖြစ် ဝင်ရောက်ရွေးချယ်ခံသွားမည်ဖြစ်သည်။

UBP ပါတီသည် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့နယ်တွင် ပြည်သူ့လွှတ်တော်၌ သရုပ်ဆောင်နေရှိုန်း၊ တိုင်းလွှတ်တော်၌ ဘာသာရေးအဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးနှင့် ကော့မှူးဒေသခံ ပညာရေးဝန်ထမ်းဟောင်းတစ်ဦးတို့ ဝင်ရောက်ရွေးချယ်ခံရန် ပြင်ဆင်ထားလျက်ရှိသည်။

ကော့မှူးမဲဆန္ဒနယ်သည် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်တစ်ခုဖြစ်သည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်ဒေသ၌ ဝင်ရောက်အရွေးချယ်ခံခြင်း ရှိ-မရှိကို NLD ပါတီမှ ယနေ့အချိန်ထိ တရားဝင်ထုတ်ပြန်ခြင်းမရှိပါ။

Photo – နေရှိုန်း(FB)

#PeopleMedia #UBP #NLD


Share this post