• Follow Us on

Home ဒေါ်အောင်ဆန်းစုကြည်နှင့် သံတမန်တွေ့ဆုံခွင့်ကို ပယ်ချလိုက်ပြီး မြန်မာအစိုးရ နိုင်ငံတကာဖိအားကို ဆန့်ကျင်အာခံ 

ဒေါ်အောင်ဆန်းစုကြည်နှင့် သံတမန်တွေ့ဆုံခွင့်ကို ပယ်ချလိုက်ပြီး မြန်မာအစိုးရ နိုင်ငံတကာဖိအားကို ဆန့်ကျင်အာခံ 

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၃ (People Media)

 

မြန်မာစစ်အစိုးရသည် ဖမ်းဆီးထိန်းသိမ်းထားသည့် ခေါင်းဆောင်ဟောင်းဒေါ်အောင်ဆန်းစုကြည်နှင့် အရှေ့ တောင်အာရှသံတမန်ကို တွေ့ဆုံခွင့်ပြုရန်ငြင်းဆန်ခဲ့သည့် ဆုံးဖြတ်ချက်အတိုင်း ခိုင်မာစွာရပ်တည်ကြောင်း နို ဝင်ဘာလ ၃ ရက်နေ့ကပြောကြားလိုက်သည်။

 

မြန်မာစစ်အစိုးရ၏ ဧပြီလအတွင်းကသဘောတူညီထားသော ဒေသတွင်းငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာ ဆောင်ရွက်ရန်ပျက်ကွက်မှုအပေါ် နိုင်ငံတကာက ဖိအားပေးလျက်ရှိရာ ယင်းဖိအားပေးမှုများကို မြန်မာစစ်အစိုး ရက ကြံ့ကြံ့ခံလျက်ရှိသည်။

 

ရာဇဝတ်မှုနှင့် တရားစွဲဆိုခံထားရသူတစ်ဦးနှင့် နိုင်ငံခြားသားတစ်ဦးကို တွေ့ဆုံခွင့်ပေးခြင်းမှာ ပြည်တွင်းဥပဒေ နှင့် ဆန့်ကျင်ကြောင်း စစ်အစိုးရအဖွဲ့မှ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။

 

“အခုလိုမျိုး တည်ဆဲဥပဒေနဲ့ ကျော်လွန်ပြီး ဘယ်သူ့ကိုမှ ဘယ်နိုင်ငံကမှ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံ ကြည်ပါတယ်။” ဟု အစိုးရမီဒီယာမှထုတ်လွှင့်ခဲ့သည့် မိန့်ခွန်းတွင် ၎င်းကထည့်သွင်းပြောဆိုသွားသည်။

 

လွန်ခဲ့သည့် သီတင်းပတ်က အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က အိမ်ရှင်အဖြစ်ကျင်းပသည့် အာရှခေါင်းဆောင်များအစည်းအဝေးအပြီးတွင် နောက်ဆက်တွဲအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ပြော စကားထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ငြိမ်းချမ်းရေးအစီအစဉ်လိုက်နာဆောင်ရွက်ရန် ပျက် ကွက်မှုအတွက် အာဆီယံအစည်းအဝေးသို့ ဖိတ်ကြားခြင်းမပြုတော့သည်ကို ဆန္ဒပြသည့်အနေဖြင့် မြန်မာနိုင်ငံ က အဆိုပါအာဆီယံအစည်းအဝေးသို့ တက်ရောက်ခြင်းမပြုခဲ့ပေ။

 

မြန်မာစစ်အစိုးရက အာဆီယံ၏လုပ်ရပ်သည် အာဆီယံက ချမှတ်ထားသည့် အများသဘောတူဆုံးဖြတ်ရမည့် စည်းကမ်းသတ်မှတ်ချက်နှင့် ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်းမပြုရန် စည်းကမ်းသတ်မှတ်ချက်တို့ကို ချိုး ဖောက်ခြင်းဖြစ်ကြောင်းပြောဆိုပြီး အဆင့်နိမ့်ကိုယ်စားလှယ်စေလွှတ်ရန်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။

 

အာဆီယံဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိဆိုသည့် စွပ်စွဲချက်ကို ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ငြင်းပယ် လိုက်ပြီး အာဆီယံအဖွဲ့နှင့် ဧပြီလအတွင်းကရရှိထားသော သဘောတူညီချက်သည် မြန်မာနိုင်ငံ၏ လက်ရှိ အ ခြေအနေများပေါ်တွင် မူတည်နေကြောင်း၊ အာဆီယံသံတမန်ဝင်ရောက်ခွင့်မှာလည်း ပြည်တွင်းတည်ငြိမ်မှုအ ပေါ်တွင် မူတည်နေကြောင်း ပြောဆိုလိုက်သည်။

 

လွန်ခဲ့သည့် သီတင်းပတ်ကပြုလုပ်ခဲ့သော အာရှအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်သောတောင်းဆို ချက်များမှာ အာဆီယံအဖွဲ့၏စည်းလုံးညီညွတ်မှုကိုချိုးဖောက်မှုအဖြစ် သံသယဖြစ်ဖွယ်ရာကောင်းကြောင်း  ဒုတိ ယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

 

မြန်မာစစ်အစိုးရသည် တိုင်းပြည်ကိုအုပ်ချုပ်ရန်နှင့် အကြမ်းဖက်အဖွဲ့ဟုခေါ်ဆိုသော အတိုက်အခံအစိုးရနှင့် မဟာမိတ်ဖွဲ့ထားသည့် လက်နက်ကိုင်အုပ်စုများ၊ တိုင်းရင်းသားလက်နက်ကိုင်သူပုန်များ၏ လက်နက်ကိုင်ခုခံ တော်လှန်မှုကို ရင်ဆိုင်ရန် ကြိုးပမ်းအားထုတ်နေရသလို  မြန်မာနိုင်ငံမှာလည်း စစ်အာဏာသိမ်းပြီးကတည်းက ဆန္ဒပြမှုများ၊ တိုက်ခိုက်မှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် လူဦးရေ ၁၂၀၀ ကျော်သေဆုံးခဲ့ရကြောင်း ဒေသတွင်းစောင့်ကြည့် လေ့လာသည့်အဖွဲ့ကို ကိုးကား၍ ကုလသမဂ္ဂအဖွဲ့ကပြောသည်။ မြန်မာစစ်အစိုးရက ယင်းပြောကြားချက်သည် ဘက်လိုက်ပြောကြားခြင်းဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

 

Ref: Myanmar defies international pressure, rejects Suu Kyi visit

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Myanmar defies international pressure, rejects Suu Kyi visit

 

#PeopleMedia


Share this post