• Follow Us on

Home ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စနှင့်ပတ်သက်၍ ပြင်ပတွင် မည်သူနှင့်မျှ ပြန်လည်ပြောဆိုခြင်းမပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ တားမြစ်ခံရ

ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စနှင့်ပတ်သက်၍ ပြင်ပတွင် မည်သူနှင့်မျှ ပြန်လည်ပြောဆိုခြင်းမပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ တားမြစ်ခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၅ (People Media)

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦး ခင်မောင်ဇော်သည် ပြင်ပတွင် ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စနှင့်ပတ်သက်၍ မည်သူနဲ့မှ ဆက်သွယ်ပြော ဆိုခြင်းမပြုလုပ်ရန် တားမြစ်ခံရကြောင်း သိရသည်။

 

အဆိုပါကဲ့သို့ တားမြစ်ရာတွင် ရာဇဝတ်ကျင့်သုံးဥပဒေ ပုဒ်မ – ၁၄၄ အရ အောက်တိုဘာ ၁၄ ရက်နေ့မှစ၍ ပြည်တွင်းပြည်ပ မီဒီယာများ၊ နိုင်ငံခြားသံသမန်များနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်း များမှ လူပုဂ္ဂိုလ်များ၊ နိုင်ငံခြားအစိုးရတာဝန်ရှိသူများ မည်သည့်ပြင်ပ အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့်မျှ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ တနည်းနည်းဖြင့် ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း၊ ပြောဆိုခြင်း၊ မပြုလုပ်ရန် တားမြစ်ကြောင်း ဖော်ပြပါရှိသည်။

 

ထိုအပြင် ပြည်တွင်းပြည်ပ သတင်းဌာနများ၊ တရားမဝင် ထုတ်လွှင့်လျက်ရှိသော သတင်းဌာနများနှင့် သတင်း မီဒီယာများမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေမည့်သတင်းအမှားများကို ပြုလုပ်လျက်ရှိရာ တရား လွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်သည် ယင်းသတင်းဌာနများနှင့် ဆက်သွယ်၍ သက်သေများ၏ ရုံးထွက်ဆို ချက်များ၊ စွပ်စွဲခံရသူများ၏ ထုတ်ဖော်ပြောဆိုနေခြင်းကိုတွေ့ရှိရကြောင်း တားမြစ်စာ၌ ဖော်ပြထားသည်။

 

ယင်းကဲ့သို့ အခြေအနေများအပြင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်၏ ဆက်သွယ်ပြောဆိုချက်များ သည် တရားဥပဒေနှင့်အညီ ဆက်သွယ်ဆောင်ရွက်ရသော လူပုဂ္ဂိုလ်တစ်ဦးဦးအား နှောက်ယှက်မှု သို့မဟုတ် ထိခိုက်နာကျင်ဆုံးရှုံးမှု၊ အများပြည်သူတို့၏ ငြိမ်ဝပ်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုတို့ကို ဖြစ်စေခြင်းကြောင့် ရာဇ ဝတ်ကျင့်သုံးဥပဒေ ပုဒ်မ – ၁၄၄ အရ တားမြစ်ခြင်းဖြစ်ကြောင်း တားမြစ်စာ၏ ဖော်ပြထားချက်အရ  သိရသည်။

 

Photo – ဦးခင်မောင်ဇော်

 

#PeopleMedia

(unicode)


…………………………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post