• Follow Us on

Home နေတိုးတပ်များတိုးချဲ့ချထားမှုရပ်ဆိုင်းရန် ရုရှားတောင်းဆိုချက် အမေရိကန်နှင့် နေတိုးသဘောမတူ

နေတိုးတပ်များတိုးချဲ့ချထားမှုရပ်ဆိုင်းရန် ရုရှားတောင်းဆိုချက် အမေရိကန်နှင့် နေတိုးသဘောမတူ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၈ (People Media)

 

နေတိုးတပ်ဖွဲ့ဝင်များ တိုးချဲ့ချထားမှုကို ရပ်ဆိုင်းရန် ရုရှားနိုင်ငံ၏တောင်းဆိုချက်ကို ၎င်းတို့အနေဖြင့် မလိုက် လျောနိုင်ကြောင်း အမေရိကန်ပြည်ထောင်စုနှင့် မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (နေတိုး) မှ အရာရှိများက ဇန်နဝါရီလ ၇ ရက်နေ့က ပြောကြားလိုက်သည်။

 

“ရုရှားရဲ့ နောက်ထပ်ရန်လိုကျူးကျော်မှုတွေကို ရင်ဆိုင်တုံ့ပြန်ဖို့ ကျွန်တော်တို့ အသင့်ပြင်ဆင်ထားပြီးပါပြီ။ ဒါပေ မဲ့ ရုရှားဘက်ကရွေးချယ်မယ်ဆိုရင်လည်း သံတမန်ရေးအရဖြေရှင်းမှုတွေကို ရွေးချယ်လို့ရပါသေးတယ်။ နေတိုး အဖွဲ့ဝင်အသစ်တွေ လက်မခံပါဘူးလို့ နေတိုးအဖွဲ့က ဘယ်တော့မှ ကတိပေးမှာမဟုတ်သလို ဖြစ်လည်းမဖြစ်နိုင် ပါဘူး၊ အဲဒီလို လုပ်မှာလည်း မဟုတ်ပါဘူး။” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဝါရှင် တန်တွင် သတင်းထောက်များကို ပြောသည်။

 

နေတိုးအဖွဲ့အနေဖြင့် ယခင်ကဆိုဗီယက်ပြည်ထောင်စုဟောင်းအဖွဲ့ဝင်များဖြစ်သော နိုင်ငံများတွင် စစ်ရေးအင် အားတိုးချဲ့ခြင်းမပြုရန်နှင့် ယင်းနိုင်ငံများတွင် စစ်အခြေစိုက်စခန်းများတည်ဆောက်ခြင်းမပြုရန် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရုရှားသံတမန်များက နေတိုးအဖွဲ့ကို တောင်းဆိုခဲ့ပြီး သဘောတူစာချုပ်မူကြမ်းကို ဒီဇင်ဘာ လအတွင်းက အဆိုပြုခဲ့သည်။

 

အဆိုပါအဆိုပြုထားသောစာချုပ်မှာ ယူကရိန်းနယ်စပ်အနီး ရုရှားတပ်များ အင်အားအလုံးအရင်းစုစည်းနေခြင်း ကို အာရုံလွှဲပြောင်းမှုထက် ဘာမှမပိုကြောင်း ဘလင်ကန်ကပြောသည်။ ရုရှားတပ်ဖွဲ့များ ယူကရိန်းနယ်စပ်အနီး အင်အားစုစည်းနေခြင်းမှာ ၂၀၁၄ ခုနှစ်က ရုရှားတပ်များ ခရိုင်းမီးယားကိုကျူးကျော်ခဲ့သလို ကျူးကျော်ရန်ပြင် ဆင်နေခြင်းဖြစ်ကြောင်း ဆန်းစစ်လေ့လာသူအချို့ကပြောသည်။

 

“သူတို့ (ရုရှားတွေ) က ယူကရိန်းကို ရန်လိုကျူးကျော်ဖို့ဆောင်ရွက်နေတဲ့ လက်ရှိပြဿနာကို အာရုံစိုက်ဖြေရှင်း ဖို့ထက် နေတိုးအဖွဲ့အကြောင်းကို အငြင်းပွားဖို့ ကျွန်တော်တို့ကို ဆွဲထည့်ချင်နေတာပါ။ ကျွန်တော်တို့ ဒီလက်ရှိ ပြဿနာကနေ အာရုံပြောင်းသွားမှာ မဟုတ်ပါဘူး။” ဟု ဘလင်ကန်ကပြောသည်။

 

နေတိုးအဖွဲ့ထဲသို့ အဖွဲ့ဝင်နိုင်ငံသစ်များ ထပ်မံလက်ခံခြင်းမပြုရန် တောင်းဆိုခဲ့သည့် ရုရှားနိုင်ငံကို ပြစ်တင်ပြော ဆိုရင်း နေတိုးအဖွဲ့အတွင်းရေး ဂျန်းစ်ဆော့လ်တန်းဘာ့ဂျ်က ရုရှားနိုင်ငံကို သတိပေးလိုက်သည်။

 

“ဘယ်လိုလုံခြုံရေးအစီအစဉ်တွေထဲမှာပါဝင်ချင်တယ်ဆိုတာအပါအဝင်၊ ဘယ်လိုအပိုင်းကဏ္ဍကနေ ပါဝင်မယ်  ဆိုတာ ဆုံးဖြတ်နိုင်တဲ့ နိုင်ငံတိုင်းရဲ့လွတ်လပ်ခွင့် အပါအဝင် အဓိကမူဝါဒတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အ ပေးအယူ အလျှော့အတင်းလုပ်သွားမှာ မဟုတ်ပါဘူး။ ယူကရိန်းနယ်စပ်မှာ သံချပ်ကာတပ်ဖွဲ့တွေ၊ အမြောက် တပ်ဖွဲ့တွေ၊ တိုက်ပွဲဝင်အသင့်အနေအထားဖြစ်နေတဲ့တပ်ဖွဲ့ဝင်တွေ၊ အီလက်ထရောနစ်စစ်ဆင်ရေးလက်နက် ပစ္စည်းတွေနဲ့ တခြားလက်နက်အမျိုးမျိုးတွေကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်။” ဟု ၎င်းကပြောသည်။

 

နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို အခြားနိုင်ငံတစ်နိုင်ငံကတိုက်ခိုက်လာပါက နေတိုးအဖွဲ့ဝင်မဟာမိတ်နိုင်ငံအား လုံးကိုတိုက်ခိုက်ခြင်းဖြစ်သည်ဟု ယူဆထားသောကြောင့် ယူကရိန်းနိုင်ငံနေတိုးအဖွဲ့ထဲဝင်ခြင်းသည် ခရိုင်းမီး ယားစစ်ပွဲထဲကို ဝင်ခြင်းဖြစ်သဖြင့် ယူကရိန်းနိုင်ငံအနေဖြင့် နေတိုးအဖွဲ့ထဲဝင်၍မရနိုင်ကြောင်း AP သတင်းဌာန ၏ ဆောင်းပါးတစ်ပုဒ်တွင်ဖော်ပြထားသည်။

 

“ယူကရိန်းနိုင်ငံဟာ အလွန်ရင်းနှီးတဲ့မိတ်ဖက်နိုင်ငံပါ။ ကျွန်တော်တို့ ယူကရိန်းနိုင်ငံကို အကူအညီအထောက်အ ပံ့တွေပေးနေပါတယ်။ ဒါပေမဲ့ ယူကရိန်းနိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် နေတိုးအဖွဲ့ရဲ့ စုပေါင်း ကာကွယ်ရေးအစီအစဉ်ထဲမှာ ယူကရိန်းနိုင်ငံက ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး။” ဟု ဆော့လ်တန်းဘာ့ဂျ်က ပြောသည်။

 

Ref: US, NATO Reject Russian Demand to Stop Expansion

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: US, NATO Reject Russian Demand to Stop Expansion

 

#PeopleMedia


Share this post