• Follow Us on

Home နေတိုးတပ်များပြန်လည်ဆုတ်ခွာရေးတောင်းဆိုချက် စွန့်လွှတ်မည်မဟုတ်သည့်အပြင် ဥရောပတွင် စစ်ပွဲကြီး တစ်ပွဲဖြစ်ပွားလာနိုင်ကြောင်း ရုရှားသတိပေးပြောကြား

နေတိုးတပ်များပြန်လည်ဆုတ်ခွာရေးတောင်းဆိုချက် စွန့်လွှတ်မည်မဟုတ်သည့်အပြင် ဥရောပတွင် စစ်ပွဲကြီး တစ်ပွဲဖြစ်ပွားလာနိုင်ကြောင်း ရုရှားသတိပေးပြောကြား

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၈ (People Media)

 

နေတိုးတပ်ဖွဲ့များ ၁၉၉၇ ခုနှစ်က တပ်ဖြန့်ချထားမှုအတိုင်း ပြန်လည်ဆုတ်ခွာတပ်ဖြန့်ချထားရန် တောင်းဆိုချက် ကို ရုရှားနိုင်ငံက စွန့်လွှတ်သွားမည်မဟုတ်ကြောင်းနှင့် ပမာဏကြီးမားသောစစ်ပွဲကြီးတစ်ခု ယူကရိန်းနိုင်ငံပြင်ပ ဥရောပဒေသတွင် ဖြစ်ပွားလာနိုင်ကြောင်း ရုရှားထိပ်တန်းသံတမန်တစ်ဦးကပြောကြားလိုက်သည်။

 

“ကျွန်တော်တို့ ဖြီးဖြန်းခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ အမှန်တကယ်တောင်းဆိုထားတဲ့ အဆိုပြုချက်တွေပါ။ ဒီတောင်းဆိုချက်နဲ့ပတ်သက်ပြီး အနောက်အုပ်စုအနေနဲ့ ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်ဖို့ လိုပါတယ်။ ဒီတောင်းဆိုချက်တွေ အကောင်အထည်ပေါ်လာဖို့အတွက် ကျွန်တော်တို့လုပ်နိုင်သမျှ အလုပ်တိုင်းကို ကြိုးပမ်းဆောင်ရွက်သွားမှာပါ” ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရက်ဘ်ကော့ဗ်က ဒီဇင်ဘာလ ၂၇ ရက်နေ့က ပြောသည်။

 

အနာဂတ်ကာလတွင် ယူကရိန်းနိုင်ငံက အနောက်အုပ်စုနေတိုးနှင့်ပူးပေါင်းပြီး အန္တရာယ်ပေးလာနိုင်သောအခြေ အနေကြောင့် ရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းနယ်စပ်တစ်လျှောက်တွင် ရုရှားတပ်ဖွဲ့ဝင်များအား အင်  အားအလုံးအရင်း စုဖွဲ့ထားခဲ့သည်။

 

၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်ပြီး ယူကရိန်းအရှေ့ဘက်ဒေသကို ကျူးကျော်ခဲ့သည့် ပူတင်၏အဖွဲ့က၂၅ နှစ်အတွင်း နေတိုးအဖွဲ့၏နယ်ချဲ့မှုနောက်ဆက်တွဲအကျိုးအဖြစ် နောက်ဆုံးမြင့်တက်လာ သည့် တင်းမာမှုများနှင့်အတူ ဥရောပတွင် စစ်ပွဲကြီးတစ်ပွဲဖြစ်ပေါ်လာနိုင်သည့်အလားအလာ မြင့်တက်လာ ကြောင်း သရုပ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။

 

“ကျွန်တော်တို့မိတ်ဆွေကြီးအမေရိကန်က လက်သပ်မွေးထားတဲ့သူတို့ရဲ့တပည့် ယူကရိန်းကို သူတို့ကြည့်ရှု စောင့်ရှောက်နေတဲ့နည်းလမ်းကနေ ဖြစ်ပေါ်လာစေမယ့် ထိပ်တိုက်တွေ့ဆုံမှု ဒီဂရီပမာဏကို လျှော့ချနိုင်ဖို့ အရေးကြီးပါတယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗော့ဗ်က ဒီဇင်ဘာလ ၂၇ ရက်နေ့ကထုတ်လွှင့် ခဲ့သော အင်တာဗျူးတစ်ခုတွင်ပြောသည်။

 

“ကျွန်တော်တို့နယ်စပ်နားမှာ တိုက်ခိုက်ရေးဒုံးကျည်တွေ တပ်ဖြန့်ချထားနိုင်တဲ့အလားအလာတွေရှိနေပြီး ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ထဲဆွဲသွင်းနေတာဟာ ရုရှားလုံခြုံရေးကိုထိပါးတဲ့ လက်မခံနိုင်တဲ့ခြိမ်းခြောက်မှု တွေကို ဖန်တီးနေတာပါပဲ။ ဒါ့ကြောင့် အင်အားကြီးမားတဲ့တပ်မတော်ကြီးတစ်ရပ်ကို လာပြီး ရန်စနေတာဟာ သက်ဆိုင်ရာနိုင်ငံအားလုံးအတွက် အန္တရာယ်ရှိပါတယ်။ ဥရောပဒေသမှာ စစ်ပွဲကြီးတစ်ပွဲဖြစ်တဲ့အထိ အခြေ အနေဆိုးသွားနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

 

Ref: Russia ‘not bluffing’ on NATO rollback, warns of ‘large-scale conflict in Europe’

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 

Ref: Russia ‘not bluffing’ on NATO rollback, warns of ‘large-scale conflict in Europe’

 

#PeopleMedia


Share this post