• Follow Us on

Home နေတိုးမဟာမိတ် တူရကီနိုင်ငံက တိုက်လေယာဉ်များ၊ လေယာဉ်အင်ဂျင်များနှင့် ရေငုပ်သင်္ဘောများထုတ် လုပ်ရေး ရုရှားနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်

နေတိုးမဟာမိတ် တူရကီနိုင်ငံက တိုက်လေယာဉ်များ၊ လေယာဉ်အင်ဂျင်များနှင့် ရေငုပ်သင်္ဘောများထုတ် လုပ်ရေး ရုရှားနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၈ (People Media)

 

အနောက်နိုင်ငံများ၏အရေးယူဒဏ်ခတ်ပိတ်ဆို့မှုကိုစိန်ခေါ်သောအားဖြင့် နေတိုးမဟာမိတ်အဖွဲ့ဝင် တူရကီနိုင်ငံ သည် တိုက်လေယာဉ်များ၊ လေယာဉ်အင်ဂျင်နည်းပညာများ၊ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် ဒုတိယ အသုတ်နှင့် ရေငုတ်သင်္ဘောများထုတ်လုပ်ခြင်းအပါအဝင် ရုရှားနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကတိပြုလိုက်သည်။

 

တူရကီသမ္မတရီဆက်တေရစ်အာဒိုဂန်သည် ဘိုင်ဒန်အစိုးရနှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်ရမည့်အစား စက်တင်ဘာလအကုန်တွင် အရှေ့မျှော်ဝါဒကျင့်သုံးပြီး ရုရှားနှင့် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး ပူးပေါင်းဆောင် ရွက်မှုကို တိုးမြှင့်ဆောင်ရွက်လာခဲ့သည်။

 

အမေရိကန်အစိုးရအနေဖြင့် တူရကီနိုင်ငံနှင့် သဘောတူထားသည့် F-35 ရောင်းချရေးအစီအစဉ်ကိုပယ်ဖျက်ခဲ့ သည့်အပြင် ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များရောင်းချရေးအစီအစဉ်ကိုလည်းပယ်ဖျက် ခဲ့ကြောင်း၊ ယင်းသို့ပယ်ဖျက်ခဲ့သည့်အတွက် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုဝယ် ယူခဲ့ရခြင်းဖြစ်ကြောင်း အာဒိုဂန်က CBS သတင်းဌာနနှင့် အင်တာဗျူးတွင်ပြောသည်။

 

“အနာဂတ်ကာလမှာ ကျွန်တော်တို့နိုင်ငံကပိုင်ဆိုင်မယ့် စစ်လက်နက်ပစ္စည်းအမျိုးမျိုးတွေကို ဘယ်သူကမှ ကြား ဖြတ်ဝင်ရောက်စွက်ဖက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဘယ်သူကမှ ဝင်ရှုပ်လို့ရမှာမဟုတ်တော့ဘူး။ အဲဒီလို ဆုံး ဖြတ်ချက်မျိုးကို ကျွန်တော်တို့ကိုယ်တိုင်ပဲ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။” ဟု အာဒိုဂန်ကပြောသည်။

 

အမေရိကန်ဦးဆောင်သော F-35 ဂျက်တိုက်လေယာဉ်များတည်ဆောက်မည့် နိုင်ငံတကာအဖွဲ့အစည်းကြီးက တူရကီနိုင်ငံကို ဖယ်ထုတ်ခဲ့ပြီး အမေရိကန်အစိုးရက ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် တူရကီနိုင်ငံအား စီးပွား ရေးပိတ်ဆို့ဒဏ်ခတ်မှုကို ချမှတ်ခဲ့သည်။ အမေရိကန်မဟာမိတ်နိုင်ငံတစ်နိုင်ငံကို ယခုကဲ့သို့ ပိတ်ဆို့အရေးယူမှု ပြဋ္ဌာန်းလိုက်သည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

ရုရှားနိုင်ငံ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ သို့မဟုတ် ထောက်လှမ်းရေးအဖွဲ့အစည်းများနှင့် လုပ်ငန်းများဆက် စပ်လုပ်ကိုင်ကြောင်း ထင်ရှားပါက ဥပဒေအရ အရေးယူဒဏ်ခတ်ပိတ်ဆို့ခွင့်ရှိကြောင်း အထက်လွှတ်တော်နိုင်ငံ ခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ လွှတ်တော်အမတ် ရောဘတ်မီနန်းဒက်ဇ် ဒီ.အင်န်.ဂျေက ထောက်ပြခဲ့သည်။

 

“တူရကီနိုင်ငံက စစ်လက်နက်ပစ္စည်းအသစ်ဝယ်ယူမှုမှန်သမျှ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေနဲ့ တိုးမှာပဲ ဖြစ်တယ်။” ဟု မီနန်းဒက်ဇ်ကပြောသည်။

 

Ref: Turkey eyes jets, engine and subs as it moves further into Russia’s orbit

 

#PeopleMedia

 

(unicode)


……………………………………………………………………………………..

 


 


 


 


 


 



 


 

Ref: Turkey eyes jets, engine and subs as it moves further into Russia’s orbit

 

#PeopleMedia


Share this post