• Follow Us on

Home နေတိုးအဖွဲ့နှင့် ယူကရိန်း ဆိုက်ဘာပူးပေါင်းဆောင်ရွက်မှုစာချုပ် လက်မှတ်ရေးထိုး

နေတိုးအဖွဲ့နှင့် ယူကရိန်း ဆိုက်ဘာပူးပေါင်းဆောင်ရွက်မှုစာချုပ် လက်မှတ်ရေးထိုး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၈ (People Media)

 

ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်မည့်အရေးကို စိုးရွံ့နေသည့်ကြားမှ ယူကရိန်းနိုင်ငံကို ဆိုက်ဘာတိုက်ခိုက်မှု များပြုလုပ်ခဲ့သည်ကို ဖယ်ရှားရှင်းလင်းခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးအဆင့်မြှင့်တင်ရန်အ တွက် နေတိုးအဖွဲ့က ယူကရိန်းနှင့် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စာချုပ်ချုပ်လက်မှတ်ရေးထိုးလိုက်သည်။

 

လွန်ခဲ့သည့်သီတင်းပတ်က အစိုးရဝက်ဘ်ဆိုက်များကို ဝင်ရောက်နှောင့်ယှက်ခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှု၏ နောက်ကွယ်တွင် ရုရှားအစိုးရပါဝင်ပတ်သက်နေသည့်အထောက်အထားများကို တွေ့ရှိထားကြောင်း ယူကရိန်း နိုင်ငံက ပြောဆိုသော်လည်း ရုရှားအစိုးရကမူ မည်သည့်ပါဝင်ပတ်သက်မှုမှမရှိကြောင်း ငြင်းဆိုထားသည်။

 

နေတိုးအဖွဲ့နှင့် အဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင်သူပညာရှင်များမှာ ယူကရိန်းနိုင်ငံသို့ရောက်ရှိနေပြီဖြစ်ပြီး ယူကရိန်း ဆိုက်ဘာတိုက်ခိုက်ခံရမှုကို ကိုင်တွယ်ဖြေရှင်းနေကြောင်း နေတိုးအဖွဲ့အတွင်းရေးမှူး ဂျန်းဆော့လ်တန်းဘာ့ဂျ် က ဇန်နဝါရီလ ၁၄ ရက်နေ့က ပြောသည်။

 

သဘောတူစာချုပ်အသစ်သည် နေတိုးအဖွဲ့၏ ကွန်ပျူတာဗိုင်းရပ်ပါသောဆော့ဖ်ဝဲလ်သတင်းအချက်အလက်များ မျှဝေရေးအစီအစဉ်တွင် ယူကရိန်းနိုင်ငံက ဝင်ရောက်ခွင့်ရရှိရေးအပါအဝင် အဆင့်မြင့်ဆိုက်ဘာပူးပေါင်းဆောင် ရွက်မှုများ ပါဝင်မည်ဖြစ်ကြောင်း ဂျန်းဆော့လ်တန်းဘာ့ဂျ်က ပြောသည်။

 

“အဓိကလက်နက်တွေပို့ဆောင်ပေးရင်း၊ အသိဥဏ်ဗဟုသုတတွေဖလှယ်ရင်း ကျွန်တော်တို့ ယူကရိန်းနိုင်ငံနဲ့ လက်တွဲအလုပ်လုပ်နေတာ နှစ်အတန်ကြာပါပြီ။ အခု အသစ်ချုပ်ဆိုလိုက်တဲ့စာချုပ်အရ လိုအပ်တဲ့နေရာတွေ မှာ သင်တန်းတွေပေးရင်း သတင်းနည်းပညာနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ပိုမို ခေတ်မီ တိုး တက်အောင်ဆောင်ရွက်ရာမှာ လိုအပ်သလိုထောက်ပံ့ကူညီနိုင်ဖို့အတွက် ယူကရိန်းနိုင်ငံနဲ့ ပိုပြီး ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု နေတိုးအဖွဲ့၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်အေ ဂျင်စီအကြီးအကဲ လတ်ဝတ်ချ်ဒီကမ့်စ်က ပြောသည်။

 

“ယူကရိန်းတပ်မတော်ရဲ့ ကွပ်ကဲမှုနဲ့ ကြီးကြပ်မှုစနစ်မှာ ခေတ်မီသတင်းနည်းပညာနဲ့ ဝန်ဆောင်မှုတွေကို ထပ်မံ မိတ်ဆက်ပေးဖို့ နေတိုးအဖွဲ့ရဲ့ ကူညီထောက်ပံ့မှုနဲ့ ကျွန်တော်တို့ အစီအစဉ်တွေရေးဆွဲနေပါတယ်။” ဟု ယူက ရိန်းနိုင်ငံဆိုင်ရာ နေတိုးအဖွဲ့သံအမတ်ကြီး နာတာလီယာဂလီဘာရန်ကိုက ပြောသည်။

 

ယူကရိန်းနယ်စပ်တစ်လျှောက် ရုရှာတပ်အင်အား ၁၀၀၀၀၀ ခန့် စုစည်းထားပြီးနောက် ရုရှားအစိုးရအနေဖြင့် ယူ ကရိန်းနိုင်ငံကိုကျူးကျော်တိုက်ခိုက်ရန်ပြင်ဆင်နေသည်ဟုစွပ်စွဲမှုများထွက်ပေါ်လာပြီး ရုရှားအစိုးရနှင့် အနောက် နိုင်ငံများကြား ဆက်ဆံရေးတင်းမာမှုများဖြစ်ပေါ်နေစဉ် လွန်ခဲ့သည့်သီတင်းပတ်က ဆိုက်ဘာတိုက်ခိုက်မှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

Ref: NATO, Ukraine Sign Deal to ‘Deepen’ Cyber Cooperation

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 

Ref: NATO, Ukraine Sign Deal to ‘Deepen’ Cyber Cooperation

 

#PeopleMedia


Share this post