• Follow Us on

Home နေတိုးအဖွဲ့က အာဖဂန်တပ်ဖွဲ့များကို တူရကီနိုင်ငံ၌ လေ့ကျင့်ပေးမည်

နေတိုးအဖွဲ့က အာဖဂန်တပ်ဖွဲ့များကို တူရကီနိုင်ငံ၌ လေ့ကျင့်ပေးမည်

Share this post

No description available.

No description available.

နိုင်ငံတကာ၊ ဩဂုတ် ၁ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံပြင်ပတွင် ပထမဆုံးသော လေ့ကျင့်ရေးအစီအစဉ်အဖြစ် နေတိုးအဖွဲ့က အာဖဂန် တပ်ဖွဲ့ဝင်များကို တူရကီနိုင်ငံ၌ လေ့ကျင့်ပေးမည်ဖြစ်သည်။

 

နေတိုးတပ်ဖွဲ့များ အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာပြီးနောက် စတင်မည့် အာဖဂန်တပ်ဖွဲ့များကို လေ့ကျင့် ပေးမည့်နေရာကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

 

တူရကီနိုင်ငံက ကိုယ့်ကိုကိုယ့်ကာကွယ်ရန်မှလွဲ၍ အာဖဂန်နစ္စတန်နိုင်ငံရှိ တိုက်ခိုက်ရေးမစ်ရှင်များတွင် ပါဝင်ခြင်းမရှိပေ။

 

သို့သော်လည်း အမေရိကန်တပ်ဖွဲ့များ ရုတ်သိမ်းပြီးနောက် ကဘူးလ်မြို့ရှိ ဟာမစ်ကာဇိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် ကာကွယ်ပေးရေးနှင့်ပတ်သက်၍ တူရကီနိုင်ငံက အာဖဂန်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်နေ သည်။

 

ရုရှားနိုင်ငံမှ အက်စ်-၄၀ လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူမှုကြောင့် အနောက်နိုင်ငံများနှင့် ဆက်ဆံ ရေးတင်းမာနေသည့် တူရကီနိုင်ငံက အဆိုပါနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်လိုကြောင်း ထုတ်ဖော်ပြသလိုက် ခြင်းပင်ဖြစ်သည်။

 

မကြာသေးမီ သီတင်းပတ်များအတွင်း အာဖဂန်ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုက တူရကီ နိုင်ငံ၌ ပြည်သူလူထု၏ ဝေဖန်ပြစ်တင်မှု ဖြစ်ပေါ်စေခဲ့သည်။

 

အာဖဂန်နစ္စတန်နိုင်ငံ၌ တပ်ဖွဲ့များထားရှိမှုနှင့်ပတ်သက်၍ ဇူလိုင်လယ်အတွင်း တာလီဘန်အဖွဲ့က တူရ ကီနိုင်ငံအား သတိပေးခဲ့သည်။

 

လိုအပ်ပါက ရက်အနည်းငယ်အတွင်း တပ်ဖြန့်နိုင်ရန် အသင့်ထားရှိသည့် နေတိုးတပ်ဖွဲ့၏ ပူးတွဲတပ်ဖွဲ့ ဦး ဆောင်အခန်းကဏ္ဍကို တူရကီတပ်မတော်က ယခုနှစ် ဇန်နဝါရီလကတည်းက တာဝန်ယူခဲ့သည်။

 

Ref; Afghan troops to be trained in Turkey under first NATO program abroad

 

#PeopleMedia #EPN #international #နေတိုးတပ်ဖွဲ့

 

(unicode)


…………………………………………

 


 


 


 


 


 


 


 


 


 

Ref; Afghan troops to be trained in Turkey under first NATO program abroad

 



Share this post