• Follow Us on

Home နေတိုးအဖွဲ့အပေါ်ထောက်ပံံ့မှုကို ပြသသည့်အနေဖြင့် အမေရိကန်တပ်ဖွဲ့ဝင်ထောင်နှင့်ချီ၍ ဥရောပသို့စေလွှတ် ရန် အမေရိကန်သမ္မတအမိန့်ပေး

နေတိုးအဖွဲ့အပေါ်ထောက်ပံံ့မှုကို ပြသသည့်အနေဖြင့် အမေရိကန်တပ်ဖွဲ့ဝင်ထောင်နှင့်ချီ၍ ဥရောပသို့စေလွှတ် ရန် အမေရိကန်သမ္မတအမိန့်ပေး

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၃ (People Media)

 

ရုရှားနိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် အမေရိကန်နိုင်ငံ၏ နောက်ဆုံးစစ်ရေးလှုပ်ရှားမှုအနေဖြင့် အမေရိကန်  စစ်သည်အင်အား ၂၀၀၀ ကို ပိုလန်နိုင်ငံနှင့် ဂျာမနီနိုင်ငံသို့ စေလွှတ်ပြီး ဂျာမနီတွင်တပ်စွဲထားသည့် အင်အား ၁၀၀၀ ကို ရိုမေးနီးယားနိုင်ငံသို့စေလွှတ်ရန် အမေရိန်သမ္မတဂျိုးဘိုင်ဒန်က အမိန့်ပေးလိုက်သည်။

 

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြလိုက်သော ယင်းအမိန့်မှာ ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်မည့်အရေးစိုးရိမ်နေသည့်ကြားမှ နေတိုးမဟာမိတ်တပ်ဖွဲ့၏ အရှေ့ဘက်ဒေ သ စစ်တောင်ပံကို အမေရိကန်နိုင်ငံက အားဖြည့်လိုက်ကြောင်း အမေရိကန်၏ မဟာမိတ်နိုင်ငံများရော ရန်သူ နိုင်ငံများကိုပါ လက်တွေ့ဆောင်ရွက်ပြသလိုက်ခြင်းဖြစ်သည်။

 

ယင်းတပ်ဖြန့်ချထားမှုမှာ အခြေအမြစ်မရှိသော အဖျက်သဘောဆောင်သည့်လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုရင်း ရုရှားနိုင်ငံက ပြင်းထန်သောစကားလုံးများဖြင့် ကန့်ကွက်ခဲ့သည်။ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဗြိတိန်ဝန်ကြီး   ချုပ်ဘောရစ်ဂျွန်ဆင်တို့ တယ်လီဖုန်းလိုင်းမှတစ်ဆင့် ဆွေးနွေး ပြောဆိုခဲ့သော်လည်း တိုးတက်မှုမရရှိခဲ့ပေ။

 

နေတိုးစစ်နယ်ဝန်း၏ အရှေ့ဘက်စစ်တောင်ပံံဖြစ်သော ဘော်လတစ်သုံးနိုင်ငံဖြစ်သည့် ယခင်ဆိုဗီယက်ပြည် ထောင်စုအဖွဲ့ဝင်ဟောင်း အက်စ်တိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားနိုင်ငံများသို့ သမ္မတဂျိုးဘိုင် ဒန်က အင်အားဖြည့်တပ်များ စေလွှတ်ခြင်းမရှိခဲ့ပေ။ အလားတူ ယူကရိန်းနိုင်ငံသို့လည်း အမေရိကန်တပ်ဖွဲ့ဝင် များကို စေလွှတ်ခြင်းမရှိပေ။

 

ပိုလန်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ထောင်နှင့်ချီ ရှိနေပြီး ရိုမေးနီးယားနိုင်ငံတွင် နေတိုးဒုံးကျည်တပ်ဖွဲ့ တစ်ဖွဲ့ ထားရှိပြီးသားဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ရုရှားနိုင်ငံက ခရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်လိုက်က တည်းက ဒေသတွင်းအမေရိကန်တပ်ဖြန့်ချထားမှုမှာ တိုးမြင့်လာခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်တပ်များတပ်ဖြန့်ချထားမှုမှာ အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏ ကာကွယ်ရေးအင်အားကို ယာ ယီတိုးမြှင့်ခြင်းသာဖြစ်ပြီး အမြဲတမ်းအခြေချတပ်စွဲထားမည်မဟုတ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဂျွန်ကာဘီက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ အမေရိကန်က ရုရှားကို စစ်အင်အားတပ်ဖြန့် ချထားမှုများလျှော့ချရန် တိုက်တွန်းသော်လည်း လွန်ခဲ့သည့် ၂၄ နာရီအတွင်းမှာပင် ရုရှားနိုင်ငံက စစ်အင်အား တိုးမြှင့်ချထားကြောင်း ကာဘီက ပြောသည်။

 

ပင်တဂွန်စစ်ဌာနချုပ်က အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၈၅၀၀ ကို အမြင့်ဆုံးတပ်လှန့်ထားပြီးဖြစ်သလို ဥရောပ ဒေသတွင် အမေရိကန်တပ်ဖွဲ့ဝင်များ အင်အား ၇၅,၀၀၀ နှင့် ၈၀,၀၀၀ ကြားမှာ အမြဲတမ်းအခြေစိုက်တပ်များအ ဖြစ် တပ်ဖြန့်ချထားပြီးသားဖြစ်သည်။

 

ရုရှားနိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် ဂျော်ဂျီယာနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ယူကရိန်းနိုင်ငံ ပိုင်နက်ဖြစ်သော ခရိုင်းမီးယားဒေသကို ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ရုရှား လိုလားသော ခွဲထွက်ရေးဝါဒီများကို စစ်ရေးအထောက်အပံ့များ ပေးပို့ကူညီခဲ့သည်။ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒေသတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် လူဦးရေ ၁၄,၀၀၀ ဝန်းကျင်သေဆုံးခဲ့သည်။

 

Ref: Thousands of US troops being sent to Europe in show of support to Nato

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Thousands of US troops being sent to Europe in show of support to Nato

 

#PeopleMedia


Share this post