• Follow Us on

Home ေနတိုးအဖြဲ႕၀င္မဟာမိတ္ တူရကီကို အေမရိကန္က ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္

ေနတိုးအဖြဲ႕၀င္မဟာမိတ္ တူရကီကို အေမရိကန္က ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

၂၀၁၉ ခုႏွစ္တြင္ ႐ု႐ွားထုတ္ဒံုးက်ည္ကာကြယ္ေရးစနစ္၀ယ္ယူျဖန္႔က်က္ေနရာခ်ခဲ့ျခင္းေၾကာင့္ ေနတိုးအဖြဲ႕ ၀င္မိတ္ဖက္ႏိုင္ငံတူရကီကို အေမရိကန္ျပည္ေထာင္စုက ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္ခဲ့သည္။

႐ု႐ွားႏိုင္ငံ၏ S-400 ေျမျပင္မွေ၀ဟင္ပစ္ဒံုးက်ည္စနစ္သည္ ေနတိုးနည္းပညာမ်ားႏွင့္ကိုက္ညီမႈမ႐ွိေၾကာင္းႏွင့္ ဥေရာပ-အတၱလႏၲိတ္မဟာမိတ္အဖြဲ႔အတြက္ ၿခိမ္းေျခာက္မႈတခုျဖစ္သည္ဟု အေမရိကန္ကေျပာသည္။

တူရကီႏိုင္ငံ၏လက္နက္၀ယ္ယူစုေဆာင္းေရးက႑ကိုပစ္မွတ္ထားသည့္ပိတ္ဆို႔အေရးယူမႈကို တနလၤာေန႔တြင္ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနကေၾကညာခဲ့သည္။

မမွ်တေသာဆံုးျဖတ္ခ်က္ကိုျပန္လည္သံုးသပ္ရန္ တူရကီႏိုင္ငံျခားေရး၀န္ႀကီးက အေမရိကန္ကို တိုက္တြန္းခဲ့ၿပီး အေမရိကန္ပိတ္ဆို႔အေရးယူမႈမ်ားသည္ ၂ ႏိုင္ငံဆက္ဆံေရးကိုထိခိုက္ႏိုင္ၿပီး သင့္ေလ်ာ္သည့္အခ်ိန္ႏွင့္ လုပ္ရပ္မ်ားျဖင့္ တူရကီက တံု႔ျပန္သြားမည္ဟုလည္းေျပာသည္။

႐ု႐ွားႏိုင္ငံျခားေရး၀န္ႀကီး ဆာေဂး လာေရာ့ဗ္ကလည္း အေမရိကန္ဆံုးျဖတ္ခ်က္သည္ ႏိုင္ငံတကာဥပေဒမ်ားကို အထက္စီးကဆက္ဆံေလ့႐ွိသည့္သေဘာထားကို ျပသလိုက္ျခင္းျဖစ္ေၾကာင္း ႐ွဳတ္ခ်သည္။

ထိုလက္နက္စနစ္၀ယ္ယူခဲ့သျဖင့္ တူရကီႏိုင္ငံကို အေမရိကန္ထုတ္ F-35 ဂ်က္တိုက္ေလယာဥ္အစီအစဥ္မွ အေမရိကန္က ဖယ္ထုတ္ထားသည္။

Ref : US imposes sanctions on Turkey over Russia weapons

#PeopleMedia #International

(unicode)
နေတိုးအဖွဲ့ဝင်မဟာမိတ် တူရကီကို အမေရိကန်က ပိတ်ဆို့အရေးယူမှုများပြုလုပ်
…………………………………………….

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

၂၀၁၉ ခုနှစ်တွင် ရုရှားထုတ်ဒုံးကျည်ကာကွယ်ရေးစနစ်ဝယ်ယူဖြန့်ကျက်နေရာချခဲ့ခြင်းကြောင့် နေတိုးအဖွဲ့ ဝင်မိတ်ဖက်နိုင်ငံတူရကီကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။

ရုရှားနိုင်ငံ၏ S-400 မြေပြင်မှဝေဟင်ပစ်ဒုံးကျည်စနစ်သည် နေတိုးနည်းပညာများနှင့်ကိုက်ညီမှုမရှိကြောင်းနှင့် ဥရောပ-အတ္တလန္တိတ်မဟာမိတ်အဖွဲ့အတွက် ခြိမ်းခြောက်မှုတခုဖြစ်သည်ဟု အမေရိကန်ကပြောသည်။

တူရကီနိုင်ငံ၏လက်နက်ဝယ်ယူစုဆောင်းရေးကဏ္ဍကိုပစ်မှတ်ထားသည့်ပိတ်ဆို့အရေးယူမှုကို တနင်္လာနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာခဲ့သည်။

မမျှတသောဆုံးဖြတ်ချက်ကိုပြန်လည်သုံးသပ်ရန် တူရကီနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ကို တိုက်တွန်းခဲ့ပြီး အမေရိကန်ပိတ်ဆို့အရေးယူမှုများသည် ၂ နိုင်ငံဆက်ဆံရေးကိုထိခိုက်နိုင်ပြီး သင့်လျော်သည့်အချိန်နှင့် လုပ်ရပ်များဖြင့် တူရကီက တုံ့ပြန်သွားမည်ဟုလည်းပြောသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဗ်ကလည်း အမေရိကန်ဆုံးဖြတ်ချက်သည် နိုင်ငံတကာဥပဒေများကို အထက်စီးကဆက်ဆံလေ့ရှိသည့်သဘောထားကို ပြသလိုက်ခြင်းဖြစ်ကြောင်း ရှုတ်ချသည်။

ထိုလက်နက်စနစ်ဝယ်ယူခဲ့သဖြင့် တူရကီနိုင်ငံကို အမေရိကန်ထုတ် F-35 ဂျက်တိုက်လေယာဉ်အစီအစဉ်မှ အမေရိကန်က ဖယ်ထုတ်ထားသည်။

Ref : US imposes sanctions on Turkey over Russia weapons

#PeopleMedia #International


Share this post